သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအများထိခိုက်ဒဏ်ရာရမူမှ ကယ်တင်ရေး


Police officers (background) take position along a road as protesters take cover behind makeshift barricades during a crackdown on demonstrations by protesters against the military coup in Yangon on March 16, 2021. (Photo by STR / AFP)
Police officers (background) take position along a road as protesters take cover behind makeshift barricades during a crackdown on demonstrations by protesters against the military coup in Yangon on March 16, 2021. (Photo by STR / AFP)
တိုက်ရိုက် လင့်ခ်

ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းနေတာကြောင့်၊ လူအများ အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာကြုံလာရချိန်မှာ၊ ဦးစားပေး အသက်ကယ်ရမယ့်လူနာ၊ ခွဲခြား၊ ရွေးထုတ်နိုင်ရေး အရေးကြီးနေပြီလို့၊ အရေးပေါ် ကုသမူဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ပစ်ခံရတဲ့နေရာမှာ အခုလို ထိခိုက်သူအများကြီးထဲကနေ၊ အရေးကြီးမူအဆင့်လိုက် ကြိုတင် ခွဲခြားပေးရခြင်း (Triarch Sieve) က၊ လုံခြုံတဲ့နေရာရောက်လျှင် အမြန်ဆုံး ကုသမူလိုတဲ့ လူနာကို၊ အရင်ဆုံး ချက်ချင်း အသက်ကယ်ကုသမူ စပေးနိုင်ဖို့ပါ။

သိထားသင့်တာတွေထဲမှာ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘဲ၊ လူတိုင်းနားလည်လွယ်တာတွေဖြစ်တဲ့၊ လူနာ လမ်းလျှောက်နိုင်မနိုင်၊ အသက်ရှုမရှု (Airway)၊ အသက်ရှုနှုန်း (Breathing) နဲ့၊ သွေးခုန်နှုန်း (Circulation) တွေ မှန်၊ မမှန်အပေါ်ကြည့်ရူစမ်းသပ်ပြီး၊ အနီ၊ အဝါ၊ အစိမ်း၊ အမဲရောင်တွေနဲ့ ခွဲပေးတာပါ။ ဒါ့အပြင် ကြည့်ရူစမ်းသပ်ရာမှာလည်း ဆေးကရိယာတွေလည်း သုံးစရာမလိုဘဲ၊ ကျန်းမာရေးဝန်ထမ်းလည်း ဖြစ်စရာမလိုကာ၊ သာမန်သူတွေကပဲ၊ အလွယ်တကူ တိုင်းတာနိုင်တာမျိုးတွေပါ။

ချက်ချင်းကုသမူပေးဖို့လိုတဲ့သူကို အရေးကြီးဆုံးလူနာအဖြစ် အနီရောင်၊ အနည်းငယ် စောင့်ကုပေးနိုင်သူကို ဒုတိယအရေးကြီးသူအဖြစ် အဝါရောင်၊ နောက် အချိန်တော်တော်ကြာ စောင့်ဆိုင်းပြီးမှ ကုသပေးနိုင်သူကိုတော့ သိပ်အရေးမကြီးသူအဖြစ် အစိမ်းရောင်၊ သေဆုံးသွားပြီးသူကိုတော့ အမဲရောင်အဖြစ် ခွဲခြားသတ်မှတ်ထားပါတယ်။ လူအများထိခိုက်မူတွေမှာ ဖြစ်လေ့ရှိတဲ့ ရာခိုင်နှုန်း အချိုးအစားကတော့၊ ပုံမှန်သိပ်အရေးမကြီးတဲ့ အစိမ်းရောင်အဆင့် က အများဆုံး (၇၅%-၈၀%)၊ ဒုတိယအရေးကြီးတဲ့ အဝါရောင်အဆင့် က ဒုတိယ (၁၅%-၂၀%) နဲ့၊ အရေးကြီးဆုံး အနီရောင်အဆင့်က အနည်းဆုံး (၅%) ဖြစ်လေ့ရှိပြီး၊ အမဲရောင် သေဆုံးမူအဆင့်ကိုတော့ ဒီရာခိုင်နှုန်းထဲကနေ ဖယ်ထားပါတယ်။

လက်တွေ့ခွဲရာမှာတော့၊ လမ်းလျှောက်နိုင်သူအားလုံးကို အစိမ်းရောင်အဖြစ် အမြန်သတ်မှတ်ပြီး၊ တနေရာမှာ သွားစုကြဖို့ မှာနိုင်ပါတယ်။ ဒီနေရာမှာ ဒဏ်ရာအနည်းနဲ့အများ ရထားသူအားလုံး လမ်းလျှောက်နိုင်လျှင်၊ ယျေဘူယျအားဖြင့် ဆရာဝန်၊ သူနာပြုမရှိချိန်မှာ အကြုံးဝင်ပါတယ်။ ပြီးလျှင် လမ်းမလျှောက်နိုင်ဘဲ လဲနေတဲ့ လူနာတွေထဲကမှ၊ အသက်ရှု၊ မရှု စကြည့်ရာမှာ၊ အသက်မရှုလျှင် မေးစေ့ကို ဆွဲမပြီး အသက်ရှုလမ်းကြောင်း ဖွင့်ပေးကာ၊ ကူပေးနိုင်ပါတယ် (ဒါ့အပြင် အရင်ပြောခဲ့သလို၊ ပါးစပ်ထဲမှာ သွေးတွေ၊ ကွမ်းဖတ်တွေနဲ့ အချွဲတွေ ပိတ်နေနိုင်တာတွေကိုလည်း ဖယ်ထုတ်၊ ပါးစပ်ဟပြီး လက်နဲ့နှိုက် ဖယ်ထုတ်ပေးနိုင်ပါသေးတယ်)။ အကယ်၍ လုံးဝမရှုလာရင်တော့၊ သေဆုံးသူကို အမဲရောင်အဖြစ် သတ်မှတ်နိုင်ပါတယ်။ အသက်ပြန်ရှုလာရင်တော့ အရေးကြီးဆုံး အနီရောင်လူနာအဖြစ် သတ်မှတ်နိုင်ပါတယ်။

နောက်တစ်ပိုင်းကတော့၊ လမ်းမလျှောက်နိုင်ဘဲ လဲကျနေသူက၊ အသက်ရှုနိုင်နေလျှင်၊ အသက်ရူနှုန်းကို ဆက်ကြည့်ရာမှာ (အရင်ပြောခဲ့သလို ရင်ဘတ်အနိမ့်အမြင့်ကိုကြည့် ရေတွက်နိုင်) ပုံမှန် (တစ်မိနစ်မှာ ၁၀-၂၉ ကြိမ်) အတွင်းမရှိဘဲ၊ ၁၀ ကြိမ်ထက်နည်းနေ (အသက်ရှုနှုန်းနှေးနေ)၊ ၂၉ ကြိမ်ထက်များနေ (အသက်ရှုနှုန်းမြန်နေ) လျှင်လည်း၊ အရေးကြီးဆုံး အနီရောင်အဖြစ် ဆက်သတ်မှတ်ပါတယ်။

နောက်တစ်ဆင့်အတွက်၊ လဲနေတဲ့လူနာက၊ အသက်ရှုပြီး အသက်ရှုနှုန်းလဲ ပုံမှန်ရှိနေလျှင်၊ သွေးလည်ပတ်မူအတွက် သွေးခုန်နှုန်းကို လက်ကောက်ဝတ် (သို့မဟုတ်) လည်ပင်းမှာ သွေးခုန်နေတာကို၊ လက်နဲ့ စမ်းကြည့်နိုင်ပါတယ် (အရင်က အသေးစိတ် ရှင်းပြခဲ့သလို၊ လက်ကောက်ဝတ် လက်မအောက်နားဖက်က သွေးခုန်တိုးနေတာနဲ့ လည်ပင်းဘေး တစ်ဖက်တစ်ချက်မှာ သွေးခုန်နေတာကို လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်အဖျားနဲ့ အနည်းငယ် ဖိပြီးစမ်းနိုင်)။ ဒီသွေးခုန်နှုန်းက တစ်မိနစ်မှာ ၁၂၀ အထက်ရောက်နေလျှင်လည်း၊ အနီရောင်အဆင့်အဖြစ် သတ်မှတ်ပြီး၊ ၁၂၀ အောက်ပုံမှန်မှာ (ဥပမာ ၆၀ ဝန်းကျင်အထိ) မှာရှိနေလျှင်တော့၊ အဝါရောင် ဒုတိယအရေးကြီးအဆင့်အဖြစ် သတ်မှတ်ပါတယ်။

အခုလိုသတ်မှတ်ပြီးတာနဲ့ ဒီ အနီ၊ အဝါ၊ အစိမ်း၊ အမဲရောင် ဖဲကြိုးဖြစ်ဖြစ်၊ ဆေးဝန်ထမ်းတွေ သတ်မှတ်ပေးထားတဲ့ အရောင်လိုက်ဆွဲပြား (Triarch Tag) ဖြစ်ဖြစ် ဆွဲပေးနိုင်သလို၊ အကျီင်္ပေါ်အရောင် ခြစ်ပေးလိုက်တာ၊ စာရေးပြီး လူနာနဲ့ ထည့်ပေးလိုက်တေတွ လုပ်ပေးဖို့လိုပါတယ်။ ဒီနေရာမှာ တစ်ခုသိထားသင့်တာက၊ အခုလို အရေးကြီးအဆင့်အလိုက် ခွဲခြားပေးမူဟာ၊ အချိန်နဲ့အမျှ ဒီအဆင့်တွေတက်တာ၊ ကျတာ အပြောင်းအလဲ အမြဲတမ်း ဖြစ်နိုင်တာပါ၊ ဒါက သဘာဝမို့ ကြိုမစိုးရိမ်သင့်ပါဘူး။ လုံခြုံစိတ်ချရတဲ့နေရာ ရောက်သွားလျှင်တော့၊ ကျန်းမာရေး ကျွမ်းကျင်သူတွေအတွက်၊ အဆင့်တွေ အခြေအနေအလိုက်၊ လိုသလို ဆက်လုပ်ပေးသွားနိုင်ဖို့၊ အထောက်အကူအများကြီး ဖြစ်စေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က လက်ရှိ အရေးပေါ်လူနာတွေကို မနားတမ်း ကုသပေးနေရတဲ့၊ အမည်မဖော်လိုသူ အရေးပေါ် အထူးကုဆရာဝန်ကြီးကို ဆက်သွယ်မေးထားပါတယ်။

==Unicode==










XS
SM
MD
LG