သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲအၾကမ္းဖက္ၿဖိဳခြင္းမူေၾကာင့္ စိတ္ဖိစီးဒဏ္


Myanmar soldiers from the 77th light infantry division walk along a street during a protest against the military coup in Yangon, Myanmar, February 28, 2021. Picture taken February 28, 2021. REUTERS/Stringer
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံတဝွမ္း စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပမူေတြကို၊ စစ္တပ္က ေသေက်ေစတဲ့အထိ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းတာေၾကာင့္၊ အမ်ားသူငွာ ယူႀကဳံးမရ၊ စိတ္ဖိစီးမူဒဏ္ေတြခံစားေနရၿပီလို႔ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

စစ္တပ္အေနနဲ႔ ၿမိဳ ႔ေတြေပၚက ဆႏၵျပသူေတြကို စစ္ေျမျပင္မွာလို ပစ္ခတ္ၿဖိဳခြင္းေနတဲ့ ျမင္ကြင္းေတြ၊ လူေတြအသတ္ခံ၊ ႐ိုက္ႏွက္ဖမ္းဆီးခံေနရတာေတြကို၊ အမ်ားသူငွာ ကိုယ္ေတြ႕ (သို႔မဟုတ္)၊ သူငယ္ခ်င္းမိတ္ေတြဆီက တစ္ဆင့္နဲ႔၊ သတင္းမီဒီယာ ဖန္သားျပင္ေတြမွာ ေတြ႕ေနရကာ၊ စိတ္ဖိစီးမူဒဏ္ရာေတြကို ႏိုင္ငံတဝွမ္းျပည္သူအမ်ား ခံစားေနရပါတယ္။ ဒီ့အေပၚ ျပည္သူအမ်ားအေနနဲ႔ ခံယူထားခ်က္အရ လက္မခံႏိုင္တာ၊ ခံစားခ်က္ေတြအရ မေက်နပ္တာေတြ မ်ိဳးစုံခံစားရၿပီး၊ စိတ္ဖိစီးမူေတြ ႀကဳံလာေနရပါတယ္။ စိတ္ဖိစီးမူရဲ႕ လကၡဏာေတြျဖစ္တဲ့ အိပ္မေပ်ာ္တာ၊ ဝမ္းနည္းတာ၊ မခံမရပ္ႏိုင္ျဖစ္တာ၊ တခါတရံမွာ စိတ္တိုတာေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ခံစားေနၾကရပါတယ္။ ဒါ့အျပင္ ခႏၲာကိုယ္မွာ ျဖစ္လာတဲ့ မစားခ်င္၊ မေသာက္ခ်င္တာ၊ အလုပ္မလုပ္ခ်င္ မကိုင္ခ်င္တာစတဲ့ စိတ္ဖိစီးမူလကၡဏာေတြပါ ႀကဳံလာရႏိုင္ပါတယ္။

အခုလို ျပင္းထန္တဲ့ အၾကမ္းဖက္မူေတြအေပၚ ယူႀကဳံးမရျဖစ္ရခ်ိန္မွာ စိတ္ဖိစီးမူလကၡဏာေတြ ႀကဳံရတာက ပုံမွန္တုံ႔ျပန္မူေတြ ျဖစ္ေပမယ့္၊ ေရွ ႔မွာ အခ်ိန္ကာလတစ္ခု ဆက္ႀကဳံရမွာ စိုးရိမ္ရခ်ိန္မွာ၊ စိတ္နဲ႔ကိုယ္ က်န္းမာေရးပါ မထိခိုက္ေအာင္ေတာ့ သတိျပဳကာကြယ္ႏိုင္တာေတြ ရွိပါတယ္။ အဓိကကေတာ့ တစ္ဦးခ်င္း ကိုယ့္ကိုကိုယ္ မတူညီတဲ့ ခံႏိုင္ရည္ရွိမူအေပၚ သိရွိနားလည္ထားၿပီး၊ ဒီခံႏိုင္ရည္ရွိမူ အတိုင္းအတာထက္ မေက်ာ္လြန္သြားေစဖို႔ သတိျပဳ ဂ႐ုစိုက္သင့္ပါတယ္။ အဓိကကေတာ့ အိပ္ေရးအပ်က္မခံဖို႔ ပထမဆုံး အေရးႀကီးပါတယ္၊ အေၾကာင္းက အိပ္ေရးပ်က္တာမ်ားလာ ၾကာလာလွ်င္၊ စိတ္ပိုင္း၊ ကိုယ္ပိုင္စြမ္းအားေတြ က်လာၿပီး အာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ၊ စိတ္ဖိစီးမူဒဏ္ကို ဆက္မခံႏိုင္ေတာ့လို႔ပါ။ ဒါေၾကာင့္ အခုလိုအခ်ိန္မွာ ခံႏိုင္ရည္ရွိတဲ့အဆင့္ အိပ္ေရးဝေအာင္ အိပ္ဖို႔ ပိုအေရးႀကီးလာပါတယ္။ ေနာက္အေရးႀကီးတာကေတာ့ ခႏၲာကိုယ္ က်န္းမာေရးအတြက္လည္း၊ ပုံမွန္အစားအေသာက္ မပ်က္ေစဖို႔နဲ႔ ပုံမွန္အားကစား လူပ္ရွားတာေတြ မထိခိုက္ေစဖို႔ပါ၊ အေၾကာင္းက ကိုယ္က်န္းမာေရး ထိခိုက္လာလွ်င္ ဆက္ႀကဳံရလာႏိုင္တဲ့၊ စိတ္ဖိစီးမူဒဏ္ ပိုခံရလြယ္ၿပီး၊ စိတ္ေရာကိုယ္ပါ လုံးျခာလည္ ထိခိုက္သြားႏိုင္လို႔ပါ။

ဒါ့အျပင္ အၾကမ္းဖက္မူေၾကာင့္ ေသေက်ထိခိုက္ခံစားၾကရတဲ့ သတင္းေတြကို၊ လိုသေလာက္သာ အခ်ိန္ကာလတစ္ခုၾကည့္ၿပီး၊ တစ္ေန႔လုံး တစ္ခ်ိန္လုံး ဖန္သားျပင္ေပၚ အၿမဲၾကည့္မေနဖို႔ လိုပါတယ္။ အေၾကာင္းက အခုလိုအခ်ိန္မ်ိဳးမွာ မွန္တာေရာ၊ မွားႏိုင္တာပါေရာေနတဲ့ Psy-War စိတ္ပိုင္းဆိုင္ရာ စစ္ဆင္ေရး ေတြရွိလာႏိုင္တာေၾကာင့္၊ ခံစားခ်က္ေတြ ပိုျပင္းထန္လာၿပီး ခံႏိုင္ရည္ေဘာင္ ေက်ာ္သြားကာ၊ စိတ္ဖိစီးမူပိုမ်ားလာမွာ စိုးရိမ္ရလို႔ပါ။ ဒီေနရာမွာ မိမိတစ္ဦးတည္း သီးသန႔္ေနၿပီး ႀကိတ္ခံစားေနမဲ့အစား၊ နီးစပ္ရာ သူငယ္ခ်င္း မိတ္ေတြေတြနဲ႔အတူ အခ်င္းခ်င္း ေျပာျပမွ်ေဝခံစားျခင္းျဖင့္လည္း စိတ္သက္သာမူ ရေစႏိုင္ပါတယ္။ ေနာက္တစ္ခုက အနားယူဖို႔လည္း လိုပါတယ္၊ အထူးသျဖင့္ အလုပ္မလုပ္ခ်င္ေလာက္ေအာင္ ခံႏိုင္ရည္ကို ေက်ာ္လာပါကလည္း၊ ေခတၱနားၿပီးမွသာ၊ မိမိလုပ္စရာရွိတာေတြ ျပန္ဆက္လုပ္သင့္ပါတယ္။ ဒါ့အျပင္ ဘာသာေရးနဲ႔ အျခားေျဖေလ်ာ့ေစႏိုင္တဲ့ နည္းေတြနဲ႔လည္း အခ်ိန္ေပး ေျဖေလ်ာ့ယူသင့္ပါတယ္။

ဒါေပမဲ့ မလုပ္သင့္တာေတြလည္း ရွိပါတယ္။ ပထမဆုံးကေတာ့၊ အရက္နဲ႔ မူးယစ္ေဆးေတြနဲ႔ ေျဖေဖ်ာက္တာမ်ိဳး မလုပ္ဖို႔ပါ၊ အေၾကာင္းက ေခတၱေမ့ေလ်ာ့ၿပီး ခဏတာသက္သာႏိုင္ေပမယ့္၊ ေနာက္ပိုင္းမွာ ခံစားခ်က္ေတြ ပိုဆိုးေစၿပီး၊ ေရရွည္အတြက္ မေကာင္းႏိုင္လို႔ပါ။ ဒါ့အျပင္ ခံစားခ်က္ေတြ ျပင္းထန္လာလွ်င္လည္း အႏၲရာယ္မရွိႏိုင္ပါက အတင္းထိန္းမထားသင့္ပါဘူး။ ဥပမာ ငိုခ်င္လွ်င္ အတင္းမထိန္းထားဘဲ ငိုခ်တာမ်ိဳး လုပ္ႏိုင္ပါတယ္။ ေနာက္ ေဒါသထြက္ႏိုင္တာအတြက္လည္း၊ အတင္းမထိန္းခ်ဳပ္ထားဘဲ သတိနဲ႔ယွဥ္ၿပီး၊ ထြက္သင့္တာနဲ႔ မထြက္သင့္တာခြဲျခားကာ၊ အေရးႀကီးတာက အၾကမ္းနည္းနဲ႔ ေဖာက္ခြဲပစ္မိတာမ်ိဳး မျဖစ္မိေအာင္ အထူးသတိျပဳ ကာကြယ္သင့္တာပါ။ လက္ရွိ လူထုဆႏၵျပ လူပ္ရွားမူေတြထဲမွာ၊ ဒီလိုေဒါသမ်ိဳးေတြနဲ႔ ၾကမ္းၾကမ္းတမ္းတမ္း အရင္တုံးကလို မျဖစ္ေအာင္၊ အခ်င္းခ်င္းဝိုင္းထိန္းေပးၾကတဲ့ အေလ့အက်င့္ေကာင္းကို ဆက္ထိန္းသြားသင့္ပါတယ္။

ဒါ့အျပင္ ျဖစ္လာႏိုင္ေျခရွိတဲ့ အေကာင္းဖက္ကို ေမွ်ာ္လင့္ခ်က္ထားၿပီး၊ ဆက္ေဆာင္႐ြက္သြားႏိုင္လွ်င္ေတာ့၊ လက္ရွိ အခက္အခဲ အခိုက္အတန႔္ကို ေက်ာ္လႊားသြားႏိုင္ဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။ ေနာက္ၿပီး၊ အခုအၾကမ္းဖက္မူေတြ ခံေနရခ်ိန္၊ အခ်င္းခ်င္း အျပန္အလွန္ စိတ္ပိုင္း၊ ကိုယ္ပိုင္း၊ လုံၿခဳံမူအပိုင္း အေျခခံလိုအပ္ခ်က္ေတြကို ဝိုင္းကူပံ့ပိုးေပးတာ၊ အခုလို ကူဖို႔ႀကိဳေျပာထားတာမ်ိဳးနဲ႔ အားလုံးအတြက္ စိတ္လုံၿခဳံမူေစႏိုင္ၿပီး၊ ဒီ ယူႀကဳံးမရျဖစ္ရတဲ့ စိတ္ဖိစီးမူေတြကို အတူတူဝိုင္းေလ်ာ့ခ်၊ ေက်ာ္လႊားသြားႏိုင္မွာ ျဖစ္ပါတယ္။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္း က ေဆးတကၠသိုလ္ (၁) စိတ္က်န္းမာ၊ပညာဌာန ပါေမာကၡ၊ ဌာနမႈး ေဒါက္တာတင္ဦး ကို ဆက္သြယ္ေမးထားပါတယ္။

==Unicode ==

မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမူတွေကို၊ စစ်တပ်က သေကျေစေတဲ့အထိ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့်၊ အများသူငှာ ယူကြုံးမရ၊ စိတ်ဖိစီးမူဒဏ်တွေခံစားနေရပြီလို့ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

စစ်တပ်အနေနဲ့ မြို့တွေပေါ်က ဆန္ဒပြသူတွေကို စစ်မြေပြင်မှာလို ပစ်ခတ်ဖြိုခွင်းနေတဲ့ မြင်ကွင်းတွေ၊ လူတွေအသတ်ခံ၊ ရိုက်နှက်ဖမ်းဆီးခံနေရတာတွေကို၊ အများသူငှာ ကိုယ်တွေ့ (သို့မဟုတ်)၊ သူငယ်ချင်းမိတ်တွေဆီက တစ်ဆင့်နဲ့၊ သတင်းမီဒီယာ ဖန်သားပြင်တွေမှာ တွေ့နေရကာ၊ စိတ်ဖိစီးမူဒဏ်ရာတွေကို နိုင်ငံတဝှမ်းပြည်သူအများ ခံစားနေရပါတယ်။ ဒီ့အပေါ် ပြည်သူအများအနေနဲ့ ခံယူထားချက်အရ လက်မခံနိုင်တာ၊ ခံစားချက်တွေအရ မကျေနပ်တာတွေ မျိုးစုံခံစားရပြီး၊ စိတ်ဖိစီးမူတွေ ကြုံလာနေရပါတယ်။ ဒီစိတ်ဖိစီးမူရဲ့ လက္ခဏာတွေဖြစ်တဲ့ အိပ်မပျော်တာ၊ ဝမ်းနည်းတာ၊ မခံမရပ်နိုင်ဖြစ်တာ၊ တခါတရံမှာ စိတ်တိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြရပါတယ်။ ဒါ့အပြင် ခန္တာကိုယ်မှာ ဖြစ်လာတဲ့ မစားချင်၊ မသောက်ချင်တာ၊ အလုပ်မလုပ်ချင် မကိုင်ချင်တာစတဲ့ စိတ်ဖိစီးမူလက္ခဏာတွေပါ ကြုံလာရနိုင်ပါတယ်။

အခုလို ပြင်းထန်တဲ့ အကြမ်းဖက်မူတွေအပေါ် ယူကြုံးမရဖြစ်ရချိန်မှာ စိတ်ဖိစီးမူလက္ခဏာတွေ ကြုံရတာက ပုံမှန်တုံ့ပြန်မူတွေ ဖြစ်ပေမယ့်၊ ရှေ့မှာ အချိန်ကာလတစ်ခု ဆက်ကြုံရမှာ စိုးရိမ်ရချိန်မှာ၊ စိတ်နဲ့ကိုယ် ကျန်းမာရေးပါ မထိခိုက်အောင်တော့ သတိပြုကာကွယ်နိုင်တာတွေ ရှိပါတယ်။ အဓိကကတော့ တစ်ဦးချင်း ကိုယ့်ကိုကိုယ် မတူညီတဲ့ ခံနိုင်ရည်ရှိမူအပေါ် သိရှိနားလည်ထားပြီး၊ ဒီခံနိုင်ရည်ရှိမူ အတိုင်းအတာထက် မကျော်လွန်သွားစေဖို့ သတိပြု ဂရုစိုက်သင့်ပါတယ်။ အဓိကကတော့ အိပ်ရေးအပျက်မခံဖို့ ပထမဆုံး အရေးကြီးပါတယ်၊ အကြောင်းက အိပ်ရေးပျက်တာများလာ ကြာလာလျှင်၊ စိတ်ပိုင်း၊ ကိုယ်ပိုင်စွမ်းအားတွေ ကျလာပြီး အာရုံမစိုက်နိုင်တော့ဘဲ၊ စိတ်ဖိစီးမူဒဏ်ကို ဆက်မခံနိုင်တော့လို့ပါ။ ဒါကြောင့် အခုလိုအချိန်မှာ ခံနိုင်ရည်ရှိတဲ့အဆင့် အိပ်ရေးဝအောင် အိပ်ဖို့ ပိုအရေးကြီးလာပါတယ်။ နောက်အရေးကြီးတာကတော့ ခန္တာကိုယ် ကျန်းမာရေးအတွက်လည်း၊ ပုံမှန်အစားအသောက် မပျက်စေဖို့နဲ့ ပုံမှန်အားကစား လူပ်ရှားတာတွေ မထိခိုက်စေဖို့ပါ၊ အကြောင်းက ကိုယ်ကျန်းမာရေး ထိခိုက်လာလျှင် ဆက်ကြုံရလာနိုင်တဲ့၊ စိတ်ဖိစီးမူဒဏ် ပိုခံရလွယ်ပြီး၊ စိတ်ရောကိုယ်ပါ လုံးခြာလည် ထိခိုက်သွားနိုင်လို့ပါ။

ဒါ့အပြင် အကြမ်းဖက်မူကြောင့် သေကျေထိခိုက်ခံစားကြရတဲ့ သတင်းတွေကို၊ လိုသလောက်သာ အချိန်ကာလတစ်ခုကြည့်ပြီး၊ တစ်နေ့လုံး တစ်ချိန်လုံး ဖန်သားပြင်ပေါ် အမြဲကြည့်မနေဖို့ လိုပါတယ်။ အကြောင်းက အခုလိုအချိန်မျိုးမှာ မှန်တာရော၊ မှားနိုင်တာပါရောနေတဲ့ Psy-War စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး တွေရှိလာနိုင်တာကြောင့်၊ ခံစားချက်တွေ ပိုပြင်းထန်လာပြီး ခံနိုင်ရည်ဘောင် ကျော်သွားကာ၊ စိတ်ဖိစီးမူပိုများလာမှာ စိုးရိမ်ရလို့ပါ။ ဒီနေရာမှာ မိမိတစ်ဦးတည်း သီးသန့်နေပြီး ကြိတ်ခံစားနေမဲ့အစား၊ နီးစပ်ရာ သူငယ်ချင်း မိတ်တွေတွေနဲ့အတူ အချင်းချင်း ပြောပြမျှဝေခံစားခြင်းဖြင့်လည်း စိတ်သက်သာမူ ရစေနိုင်ပါတယ်။ နောက်တစ်ခုက အနားယူဖို့လည်း လိုပါတယ်၊ အထူးသဖြင့် အလုပ်မလုပ်ချင်လောက်အောင် ခံနိုင်ရည်ကို ကျော်လာပါကလည်း၊ ခေတ္တနားပြီးမှသာ၊ မိမိလုပ်စရာရှိတာတွေ ပြန်ဆက်လုပ်သင့်ပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့ အခြားဖြေလျော့စေနိုင်တဲ့ နည်းတွေနဲ့လည်း အချိန်ပေး ဖြေလျော့ယူသင့်ပါတယ်။

ဒါပေမဲ့ မလုပ်သင့်တာတွေလည်း ရှိပါတယ်။ ပထမဆုံးကတော့၊ အရက်နဲ့ မူးယစ်ဆေးတွေနဲ့ ဖြေဖျောက်တာမျိုး မလုပ်ဖို့ပါ၊ အကြောင်းက ခေတ္တမေ့လျော့ပြီး ခဏတာသက်သာနိုင်ပေမယ့်၊ နောက်ပိုင်းမှာ ခံစားချက်တွေ ပိုဆိုးစေပြီး၊ ရေရှည်အတွက် မကောင်းနိုင်လို့ပါ။ ဒါ့အပြင် ခံစားချက်တွေ ပြင်းထန်လာလျှင်လည်း အန္တရာယ်မရှိနိုင်ပါက အတင်းထိန်းမထားသင့်ပါဘူး။ ဥပမာ ငိုချင်လျှင် အတင်းမထိန်းထားဘဲ ငိုချတာမျိုး လုပ်နိုင်ပါတယ်။ နောက် ဒေါသထွက်နိုင်တာအတွက်လည်း၊ အတင်းမထိန်းချုပ်ထားဘဲ သတိနဲ့ယှဉ်ပြီး၊ ထွက်သင့်တာနဲ့ မထွက်သင့်တာခွဲခြားကာ၊ အရေးကြီးတာက အကြမ်းနည်းနဲ့ ဖောက်ခွဲပစ်မိတာမျိုး မဖြစ်မိအောင် အထူးသတိပြု ကာကွယ်သင့်တာပါ။ လက်ရှိ လူထုဆန္ဒပြ လူပ်ရှားမူတွေထဲမှာ၊ ဒီလိုဒေါသမျိုးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အရင်တုံးကလို မဖြစ်အောင်၊ အချင်းချင်းဝိုင်းထိန်းပေးကြတဲ့ အလေ့အကျင့်ကောင်းကို ဆက်ထိန်းသွားသင့်ပါတယ်။

ဒါ့အပြင် ဖြစ်လာနိုင်ခြေရှိတဲ့ အကောင်းဖက်ကို မျှော်လင့်ချက်ထားပြီး၊ ဆက်ဆောင်ရွက်သွားနိုင်လျှင်တော့၊ လက်ရှိ အခက်အခဲ အခိုက်အတန့်ကို ကျော်လွှားသွားနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး၊ အခုအကြမ်းဖက်မူတွေ ခံနေရချိန်၊ အချင်းချင်း အပြန်အလှန် စိတ်ပိုင်း၊ ကိုယ်ပိုင်း၊ လုံခြုံမူအပိုင်း အခြေခံလိုအပ်ချက်တွေကို ဝိုင်းကူပံ့ပိုးပေးတာ၊ အခုလို ကူဖို့ကြိုပြောထားတာမျိုးနဲ့ အားလုံးအတွက် စိတ်လုံခြုံမူစေနိုင်ပြီး၊ ဒီ ယူကြုံးမရဖြစ်ရတဲ့ စိတ်ဖိစီးမူတွေကို အတူတူဝိုင်းလျော့ချ၊ ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ၊ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာတင်ဦး ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG