သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆႏၵျပမူတြင္း ထိခိုက္ဒဏ္ရာ ကာကြယ္ေရး


MYANMAR-POLITICS-MILITARY
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံတဝွမ္း စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပမူေတြ ႀကီးမားလာခ်ိန္မွာ၊ အာဏာပိုင္ေတြရဲ ႔ တုံ႔ျပန္ၿဖိဳခြဲမူေၾကာင့္ ထိခိုက္ဒဏ္ရာေတြ မ်ားလာမွာကို က်န္းမာေရးပညာရွင္ေတြ စိုးရိမ္ေနပါတယ္။

CDM (ေခၚ) အၾကမ္းမဖက္ စစ္ေကာင္စီနဲ ႔မပူးေပါင္း၊ မေဆာင္႐ြက္ေရး ဆႏၵျပသူေတြအေနနဲ႔၊ လြတ္လပ္စြာ စုေဝးခြင့္ကို အသုံးျပဳၿပီး ဆႏၵျပေနတဲ့အေပၚ၊ စစ္အာဏာပိုင္ေတြဘက္က ေရအေျမႇာက္နဲ႔ပစ္တာ၊ ႐ိုက္ႏွက္တာ၊ ေလးခြနဲ႔ပစ္တာ၊ မ်က္ရည္ယိုဗုံး၊ ေသနတ္ေတြနဲ႔ ပစ္ခတ္တာေတြအထိ အၾကမ္းဖက္ၿဖိဳခြင္းမူေတြ ရွိလာတာေၾကာင့္ ထိခိုက္ဒဏ္ရာရ ေသဆုံးမူေတြလည္း ရွိလာေနပါတယ္။ ဒီေနရာမွာ ေရအေျမႇာက္ဒဏ္ရာမ်ိဳးက ျပင္းထန္ၿပီး မ်က္လုံးထိခိုက္တာ၊ ဦးေခါင္းဒဏ္ရာရတာ၊ လဲက်ၿပီး ပြန္းပဲ့ အ႐ိုးက်ိဳးတာ၊ အေရျပား စုတ္ၿပဲသြားတာ၊ ေရစိုစြတ္ၿပီး အေအးပတ္ မူးေမ့လဲတာပါ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီလို ျဖစ္လာလွ်င္ ခ်က္ခ်င္း ထိုင္ခ်၊ လွဲခ်လိုက္သင့္ပါတယ္။ အရမ္းထြက္ေျပးလွ်င္ ဒဏ္ရာပိုရႏိုင္ၿပီး ေမာဟိုက္ၾကပ္ဆို႔တာပါ ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ ေခါင္းမထိခိုက္ေအာင္ ဆိုင္ကယ္ဦးထုပ္ (Helmet) ေဆာင္ထားသင့္ပါတယ္။ မ်က္လုံး၊ ႏွာေခါင္းနဲ႔ ပါးစပ္ထဲ ီေရဝင္လာမွာကိုလည္း သတိထားကာကြယ္ဖို႔ အေရးႀကီးပါတယ္။ မ်က္ကပ္မွန္တပ္သူ ျဖစ္ပါက ႀကိဳခြာထားသင့္ပါတယ္၊ ေရဒဏ္ေၾကာင့္ မ်က္ကပ္မွန္ ကြၽတ္ထြက္ၿပီး မ်က္လုံးအတြင္းပိုင္း သြားေရာက္ထိခိုက္ေစႏိုင္လို႔ပါ။

ေသနတ္ေတြနဲ႔ ပစ္ခတ္မႈၾကာင့္၊ ဦးေခါင္းဒဏ္ရာနဲ႔ အမ်ိဳးသမီးငယ္တစ္ဦး ေသဆုံးခဲ့ရၿပီးပါၿပီ။ ဒါ့အျပင္ ေဘးနားက တိုက္ခန္းေတြ အိမ္ေတြထဲလည္း၊ ပစ္ခတ္တာေတြလည္း ေတြ႔လာရတာေၾကာင့္ ဒီအၾကမ္းဖက္မူေတြကို ပိုသတိထားဖို႔ အေရးႀကီးလာပါၿပီ။ အခုလို ပစ္ခတ္မူေတြျဖစ္လာလွ်င္ (ေလးခြအပါအဝင္) အေကာင္းဆုံးက အျမန္ဆုံး လုပ္ႏိုင္တာက ဝမ္းယားေမွာက္ ဝပ္ခ်လိုက္ပါ၊ ၿပီးမွ အႏၲရာယ္ကင္းႏိုင္တဲ့ေနရာကို တျဖည္းျဖည္းေ႐ႊ ႔သြားပါ။ ဒီေနရာမွာ ထိခိုက္ဒဏ္ရာရလာလွ်င္ (အ႐ိုက္ခံရတာအပါအဝင္) အသုံးျပဳဖို႔ ပတ္တီး၊ ဂြမ္းလိပ္၊ အရက္ပ်ံ၊ တင္ခ်ာနဲ႔ မိမိေသာက္ေနက်ေဆး စတာေတြကို ေက်ာပိုးအိပ္ထဲ ႀကိဳထည့္လာသင့္ပါတယ္။ ေသြးထြက္မ်ားလာပါက၊ ဒီ ဂြမ္း၊ ပိတ္တီးအထပ္ထပ္နဲ႔ တင္းၾကပ္ေအာင္ဖိၿပီး ပတ္စည္းထားလွ်င္ ေသြးထြက္သက္သာေစႏိုင္ၿပီး၊ အနီးမွာ က်န္းမာေရးကြၽမ္းက်င္သူနဲ႔ ေဆး႐ုံအေရးေပၚတင္ကား ရွိႏိုင္တာမို႔ အျမန္အကူအညီ ေတာင္းသင့္ပါတယ္။ တခ်ိဳ ႔ဆရာဝန္ေတြကလည္း အနားမွာ ကိုယ္ပိုင္ေဆးခန္းဖြင့္ထားတာေတြ ရွိႏိုင္ပါတယ္။ ေဆး႐ုံအေရးေပၚဌာနေတြလည္း အခုလို ဒဏ္ရာေတြျပင္းလာလွ်င္ ကူညီဖြင့္ေပးဖို႔ အသင့္ျပင္ထားပါတယ္။

မ်က္ရည္ယိုဗုံးေတြနဲ ႔ပစ္ခတ္တာေၾကာင့္လည္း မီးခိုးအေငြ႕က အေရျပားကို ေလာင္ေစၿပီး ေခြၽးေတြနဲ႔ စိုစြတ္ေနရာတေလွ်ာက္ ထိခိုက္ေစႏိုင္ပါတယ္။ အထူးသျဖင့္ မ်က္လုံးတဝိုက္ကို မ်က္ရည္ယိုဗုံးအေငြ႕ေတြ ေရာက္လာလွ်င္ နီရဲၿပီး ပူစပ္ေစႏိုင္ပါတယ္။ ဒီေနရာမွာ မ်က္လုံးကို လက္နဲ႔ ခဏခဏ သြားပြတ္မိပါကလည္း၊ မ်က္လုံးကို ပိုထိခိုက္ေစႏိုင္ပါတယ္။ ဒီအေငြ႕က ေရမွာေပွ်ာ္ဝင္တာေၾကာင့္၊ လက္နဲ႔မပြတ္ပဲ၊ ေရနဲ႔ခ်က္ခ်င္း ေဆးခ်သင့္ပါတယ္။ မိမိမွာပါလာတဲ့ ေသာက္ေရဗူးနဲ႔ မ်က္လုံးကို ျဖန္းတာ၊ ေလာင္းခ်ေပးတာေတြ လုပ္ႏိုင္ပါတယ္။ ႏွာေခါင္းနဲ႔ ပါးစပ္ထဲ ဒီအေငြ႔ဝင္လာလွ်င္လည္း အလာတူ ေရနဲ႔ေဆးၿပီး ျပန္ထုတ္ႏိုင္ပါတယ္။ ဒီေဆးတဲ့ေရကို ႐ူမသြင္းမိဖို႔၊ ၿမိဳမခ်မိဖို႔ေတာ့ အေရးႀကီးပါတယ္။ အေကာင္းဆုံးကေတာ့ ဒီအေငြ႕ရွိရာကေန အျမန္ဆုံးေရွာင္ခြာဖို႔ ျဖစ္ပါတယ္။ ေျပးသြားပါက အဆုပ္ထဲဒီအေငြ႔ေတြကို ပို႐ူသြင္းမိႏိုင္တာေၾကာင့္၊ ပုံမွန္သေဘာ လမ္းေလွ်ာက္သြားတာ ပိုေကာင္းပါတယ္။ လက္ေဆးရည္ ရႏိုင္တဲ့ေနရာ ေရာက္လွ်င္ေတာ့ လက္ေရာ၊ မ်က္ႏွာပါေဆးေၾကာသင့္ပါတယ္။ အက်ီမၤွာပါ ဒီအေငြ႕ေတြထိထားလွ်င္လည္း ခြၽတ္လိုက္သင့္ပါတယ္။ အိမ္ေရာက္လွ်င္ေတာ့ ေရခ်ိဳးလိုက္သင့္ပါတယ္။ အခုလိုေရနဲ႔ (၁၀) မိနစ္ကေန (၁၅) မိနစ္အတြင္း ေဆးေၾကာႏိုင္ပါက ျပန္သက္သာလာႏိုင္ပါတယ္။ ဒီမ်က္ရည္ယိုဗုံးဓာတ္ေငြ႔ေၾကာင့္ ဒဏ္ရာေတြ က်န္ခဲ့လွ်င္လည္း၊ နာရီဝက္ကေန တစ္နာရီခြဲအတြင္း အလိုလိုျပန္ေကာင္းသြားႏိုင္ပါတယ္။

ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ေဆာင္ရန္-ေရွာင္ရန္မ်ားကို ကိုဝင္းမင္းက ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကု ဆရာဝန္မ်ားအဖြဲ႕ ဒုဥကၠဌ ေဒါက္တာျမင့္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမူတွေ ကြီးမားလာချိန်မှာ၊ အာဏာပိုင်တွေရဲ့ တုံ့ပြန်ဖြိုခွဲမူကြောင့် ထိခိုက်ဒဏ်ရာတွေ များလာမှာကို ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေပါတယ်။

CDM (ခေါ်) အကြမ်းမဖက် စစ်ကောင်စီနဲ့မပူးပေါင်း၊ မဆောင်ရွက်ရေး ဆန္ဒပြသူတွေအနေနဲ့၊ လွတ်လပ်စွာ စုဝေးခွင့်ကို အသုံးပြုပြီး ဆန္ဒပြနေတဲ့အပေါ်၊ စစ်အာဏာပိုင်တွေဘက်က ရေအမြှောက်နဲ့ပစ်တာ၊ ရိုက်နှက်တာ၊ လေးခွနဲ့ပစ်တာ၊ မျက်ရည်ယိုဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်တာတွေအထိ အကြမ်းဖက်ဖြိုခွင်းမူတွေ ရှိလာတာကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမူတွေလည်း ရှိလာနေပါတယ်။ ဒီနေရာမှာ ရေအမြှောက်ဒဏ်ရာမျိုးက ပြင်းထန်ပြီး မျက်လုံးထိခိုက်တာ၊ ဦးခေါင်းဒဏ်ရာရတာ၊ လဲကျပြီး ပွန်းပဲ့ အရိုးကျိုးတာ၊ အရေပြား စုတ်ပြဲသွားတာ၊ ရေစိုစွတ်ပြီး အအေးပတ် မူးမေ့လဲတာပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ဖြစ်လာလျှင် ချက်ချင်း ထိုင်ချ၊ လှဲချလိုက်သင့်ပါတယ်။ အရမ်းထွက်ပြေးလျှင် ဒဏ်ရာပိုရနိုင်ပြီး မောဟိုက်ကြပ်ဆို့တာပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းမထိခိုက်အောင် ဆိုင်ကယ်ဦးထုပ် (Helmet) ဆောင်ထားသင့်ပါတယ်။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ထဲ ီရေဝင်လာမှာကိုလည်း သတိထားကာကွယ်ဖို့ အရေးကြီးပါတယ်။ မျက်ကပ်မှန်တပ်သူ ဖြစ်ပါက ကြိုခွာထားသင့်ပါတယ်၊ ရေဒဏ်ကြောင့် မျက်ကပ်မှန် ကျွတ်ထွက်ပြီး မျက်လုံးအတွင်းပိုင်း သွားရောက်ထိခိုက်စေနိုင်လို့ပါ။

သေနတ်တွေနဲ့ ပစ်ခတ်မှုကြာင့်၊ ဦးခေါင်းဒဏ်ရာနဲ့ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီးပါပြီ။ ဒါ့အပြင် ဘေးနားက တိုက်ခန်းတွေ အိမ်တွေထဲလည်း၊ ပစ်ခတ်တာတွေလည်း တွေ့လာရတာကြောင့် ဒီအကြမ်းဖက်မူတွေကို ပိုသတိထားဖို့ အရေးကြီးလာပါပြီ။ အခုလို ပစ်ခတ်မူတွေဖြစ်လာလျှင် (လေးခွအပါအဝင်) အကောင်းဆုံးက အမြန်ဆုံး လုပ်နိုင်တာက ဝမ်းယားမှောက် ဝပ်ချလိုက်ပါ၊ ပြီးမှ အန္တရာယ်ကင်းနိုင်တဲ့နေရာကို တဖြည်းဖြည်းရွှေ့သွားပါ။ ဒီနေရာမှာ ထိခိုက်ဒဏ်ရာရလာလျှင် (အရိုက်ခံရတာအပါအဝင်) အသုံးပြုဖို့ ပတ်တီး၊ ဂွမ်းလိပ်၊ အရက်ပျံ၊ တင်ချာနဲ့ မိမိသောက်နေကျဆေး စတာတွေကို ကျောပိုးအိပ်ထဲ ကြိုထည့်လာသင့်ပါတယ်။ သွေးထွက်များလာပါက၊ ဒီ ဂွမ်း၊ ပိတ်တီးအထပ်ထပ်နဲ့ တင်းကြပ်အောင်ဖိပြီး ပတ်စည်းထားလျှင် သွေးထွက်သက်သာစေနိုင်ပြီး၊ အနီးမှာ ကျန်းမာရေးကျွမ်းကျင်သူနဲ့ ဆေးရုံအရေးပေါ်တင်ကား ရှိနိုင်တာမို့ အမြန်အကူအညီ တောင်းသင့်ပါတယ်။ တချို့ဆရာဝန်တွေကလည်း အနားမှာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတာတွေ ရှိနိုင်ပါတယ်။ ဆေးရုံအရေးပေါ်ဌာနတွေလည်း အခုလို ဒဏ်ရာတွေပြင်းလာလျှင် ကူညီဖွင့်ပေးဖို့ အသင့်ပြင်ထားပါတယ်။

မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်တာကြောင့်လည်း မီးခိုးအငွေ့က အရေပြားကို လောင်စေပြီး ချွေးတွေနဲ့ စိုစွတ်နေရာတလျှောက် ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မျက်လုံးတဝိုက်ကို မျက်ရည်ယိုဗုံးအငွေ့တွေ ရောက်လာလျှင် နီရဲပြီး ပူစပ်စေနိုင်ပါတယ်။ ဒီနေရာမှာ မျက်လုံးကို လက်နဲ့ ခဏခဏ သွားပွတ်မိပါကလည်း၊ မျက်လုံးကို ပိုထိခိုက်စေနိုင်ပါတယ်။ ဒီအငွေ့က ရေမှာပျှော်ဝင်တာကြောင့်၊ လက်နဲ့မပွတ်ပဲ၊ ရေနဲ့ချက်ချင်း ဆေးချသင့်ပါတယ်။ မိမိမှာပါလာတဲ့ သောက်ရေဗူးနဲ့ မျက်လုံးကို ဖြန်းတာ၊ လောင်းချပေးတာတွေ လုပ်နိုင်ပါတယ်။ နှာခေါင်းနဲ့ ပါးစပ်ထဲ ဒီအငွေ့ဝင်လာလျှင်လည်း အလာတူ ရေနဲ့ဆေးပြီး ပြန်ထုတ်နိုင်ပါတယ်။ ဒီဆေးတဲ့ရေကို ရူမသွင်းမိဖို့၊ မြိုမချမိဖို့တော့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ ဒီအငွေ့ရှိရာကနေ အမြန်ဆုံးရှောင်ခွာဖို့ ဖြစ်ပါတယ်။ ပြေးသွားပါက အဆုပ်ထဲဒီအငွေ့တွေကို ပိုရူသွင်းမိနိုင်တာကြောင့်၊ ပုံမှန်သဘော လမ်းလျှောက်သွားတာ ပိုကောင်းပါတယ်။ လက်ဆေးရည် ရနိုင်တဲ့နေရာ ရောက်လျှင်တော့ လက်ရော၊ မျက်နှာပါဆေးကြောသင့်ပါတယ်။ အကျီင်္မှာပါ ဒီအငွေ့တွေထိထားလျှင်လည်း ချွတ်လိုက်သင့်ပါတယ်။ အိမ်ရောက်လျှင်တော့ ရေချိုးလိုက်သင့်ပါတယ်။ အခုလိုရေနဲ့ (၁၀) မိနစ်ကနေ (၁၅) မိနစ်အတွင်း ဆေးကြောနိုင်ပါက ပြန်သက်သာလာနိုင်ပါတယ်။ ဒီမျက်ရည်ယိုဗုံးဓာတ်ငွေ့ကြောင့် ဒဏ်ရာတွေ ကျန်ခဲ့လျှင်လည်း၊ နာရီဝက်ကနေ တစ်နာရီခွဲအတွင်း အလိုလိုပြန်ကောင်းသွားနိုင်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆောင်ရန်-ရှောင်ရန်များကို ကိုဝင်းမင်းက မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ ဒုဥက္ကဌ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG