သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပဝန္ထမ္းနဲ႔တက္ျကြသူေတြကို ၿခိမ္းေျခာက္ဖမ္းဆီးမႈမ်ားရွိေန


Myanmar

{{Zawgyi/Unicode}}

အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး၊ ဖမ္းဆီးမႈေတြ၊ ၿခိမ္းေျခာက္ခံရမႈေတြ ရွိေနတယ္လုိ႔ မိသားစုေတြနဲ႔ လႈပ္ရွားသူေတြက ေျပာပါတယ္။ လူထုဆႏၵျပပဲြေတြ ေနရာအႏွံ႔ ဆက္လက္ျဖစ္ပြားေနခ်ိန္မွာပဲ ဒီေန႔မွာလည္း ဖမ္းဆီးမႈေတြနဲ႔ ဖိအားေပးမႈေတြ ရွိခဲ့တဲ့အေၾကာင္း ဆက္သြယ္ စုံစမ္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးထားပါမယ္။

အၾကမ္းမဖက္ပဲ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈေတြနဲ႔ လမ္းေပၚထြက္ ဆႏၵျပပဲြေတြ သီတင္း ၂ ပတ္ေလာက္ ရွိလာေနခ်ိန္မွာပဲ ၀န္ထမ္းေတြ၊ အလုပ္သမားေတြ ဖမ္းဆီးခံရ၊ ဖိအားေပး ခံရတာေတြနဲ႔ ရင္ဆုိင္ေနရတာပါ။ ဆႏၵျပပဲြေတြ ေပၚေပါက္ေနတဲ့ ရခုိင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕မွာဆုိရင္လည္း ဒီကေန႔ အနည္းဆုံး ၃ ဦး ဖမ္းဆီးခံခဲ့ရတယ္လုိ႔ ကုိယ္တုိင္ေတြ႔ခဲ့ရတဲ့ ဆႏၵျပသူတေယာက္က ဗြီအုိေအကုိ ေျပာပါတယ္။

“ခ်စ္ေမာင္ေမာင္၊ သူ႔ကို အရင္ဖမ္းတာ ေနာက္ၿပီးေတာ့ သူေနာက္က လိုက္သြားတဲ့ ႏွစ္ေယာက္ကိုပါ ထပ္ဖမ္းတယ္။ အားလံုးဆိုရင္ေတာ့ သံုးေယာက္ပါ။ ေလာေလာဆယ္မွာ ေတာ့ သူတို႔နဲ႔ အဆက္အသြယ္မရဘူး မရဘူးဆိုတာက ဖုန္းမပါတဲ့ အခါကေတာ့ မရဘူး။”

မေန႔တုန္းကလည္း ရခိုင္ျပည္နယ္ ေတာင္ပိုင္းက သံတြဲၿမိဳ႕မွာ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ေက်ာင္းသားလူငယ္ ၁ ဦး အပါအဝင္ ၄ ေယာက္ ဖမ္းဆီးခံရၿပီး အခုအခ်ိန္ထိ အဆက္အသြယ္ မရေသးဘူးလို႔လည္း ဆႏၵျပသူတစ္ဦးကေျပာပါတယ္။

သံတြဲဆႏၵထုတ္ေဖာ္ရာမွာပါဝင္သူ တစ္ဦးအသံ။

“ အားလံုးေလးေယာက္ပါ မိန္းကေလးတေယာက္ ေယာက္်ားေလး သံုးေယာက္ေပါ့ ေက်ာင္းသားတစ္ေယာက္ပါတယ္။ က်န္တာကေတာ့ အျပင္သူေတြပါ။ လက္ရွိမွာေတာ့ သူတို႔ကို ဆက္သြယ္လို႔မရပါဘူး။ အစကေတာ့ ျပန္လြတ္ေပးမယ္လို႔ ေျပာတယ္။ အခုကေတာ့ မလြတ္ဘဲနဲ႔ တရားစြဲတယ္လို႔ ေျပာသံၾကားတယ္။”

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိ္မ္းယူထားမႈအေပၚ ကန္႔ကြက္ဆႏၵျပမႈေတြအေပၚ မႏၲေလး၊ ေနျပည္ေတာ္ စတဲ့ၿမိဳ႕ေတြမွာ အၾကမ္းဖက္ ၿဖိဳခြင္းဖမ္းဆီးမႈေတြ ရွိခဲ့ပါတယ္။ မေန႔တုန္းက ဆိုရင္လည္း ဧရာ၀တီတိုင္း ေျမာင္းျမၿမိဳ႕မွာ ဆႏၵျပသူေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြက ပစ္ခတ္ႏိုင္ႏွင္းရာမွာ ထိခိုက္ဒဏ္ရာရသူေတြရွိတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦး ကေျပာပါတယ္။ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ၁ ေယာက္ကုိ ဖမ္းဆီးသြားတယ္လုိ႔လည္း ေျပာပါတယ္။

“မေန႔ကေတာ့ ေက်ာင္းဆရာတဦး အဖမ္းခံရတယ္။ ဒဏ္ရာရတာကေတာ့ ၆ဦးနဲ႔ ဆယ္ဦး ၾကားေလာက္ရွိတယ္။ ဒဏ္ရာအေျခအေနကေတာ့ မစိုးရိမ္ရပါဘူးခင္မ်ာ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာကို ကန္႔ကြက္တဲ့အေနနဲ႔ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္တာေတြရွိသလို အစိုးရဝန္ထမ္းေတြ အမ်ားအျပားဟာလည္း ရံုးမတက္ပဲ လႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္လာၾကတာပါ။ CDM လုိ႔ေခၚတဲ့ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈမွာ ပါ၀င္ၾကတဲ့ ၀န္ထမ္းေတြကုိ အာဏာပုိင္ေတြက ဖိအားေပးတာ ၿခိမ္းေျခာက္တာေတြနဲ႔လည္း ရင္ဆုိင္ေနရတယ္လုိ႔ အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္က ျမန္မာ့မီးရထားလုပ္ငန္းက ၀န္ထမ္းတဦးကေျပာပါတယ္။

“ဝန္ထမ္းေတြ အခ်င္းခ်င္းကိုပဲ သူတို႔က ျဖန္႔ၿပီးေတာ့ ေျပာခို္င္းတာေပါ့ လူႀကီးေတြကေတာ့ တိုက္ရိုက္မေျပာဘူး။ မ်ားေသာအားျဖင့္ အဲလို ျဖန္႔တဲ့သူေတြက ရံုးတက္ေနတဲ့သူေတြ CDM မလုပ္တဲ့သူေတြ လုပ္တဲ့သူေတြက ဝန္ထမ္းအိမ္ရာေတြမွာ ဥပမာ ေနျပည္ေတာ္မွာဆိုရင္ CDMလုပ္ေနတဲ့ သူေတြရဲ႕ အိမ္ေတြကို မလုပ္တဲ့သူေတြက လာၿပီးေတာ့ လူႀကီးေတြကေတာ့ ဘယ္လိုဘယ္လိုမွာလိုက္တယ္။ ရံုးျပန္တက္ဖို႔ မွာတယ္။ မတက္လို႔ရွိရင္ ေနာက္ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို တာဝန္မယူဘူးေပါ့ေနာ္။”

ဒီကေန႔မွာပဲ မႏၱေလးၿမိဳ႕မွာ မီးရထား၀န္ထမ္းေတြကုိ အလုပ္ျပန္ဆင္းဖုိ႔ အာဏာပုိင္ေတြ အတင္းအက်ပ္ေစခုိင္းတာေတြ ရွိခဲ့ေၾကာင္းလည္း နီးစပ္သူေတြက ေျပာပါတယ္။ အၾကမ္းမဖက္တဲ့ လႈပ္ရွားမႈေတြနဲ႔ လမ္းေပၚထြက္ဆႏၵျပပဲြေတြ ေပၚေပါက္ခ်ိန္ကစလုိ႔ မီးရထားလုပ္ငန္းေတြ အပါအ၀င္ အစုိးရရဲ႕ လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း ရပ္ဆုိင္းေနတာပါ။


လုပ္ငန္းေတြ ျပန္လည္စတင္ႏုိင္ေအာင္ ဖိအားေပးမႈေတြ၊ အေရးယူအျပစ္ေပးဖုိ႔ ၿခိမ္းေျခာက္မႈေတြ ရွိေနေပမဲ့ ေနျပည္ေတာ္က မီးရထား၀န္ထမ္းကေတာ့ အေလွ်ာ့မေပးဖုိ႔ ဆုံးျဖတ္ထားတယ္လုိ႔ ေျပာပါတယ္။

“ က်မတို႔ကေတာ့ မတက္ဘူး လံုးဝမတက္ဘူး ေျပာရမယ္ဆိုရင္ေပါ့ေနာ္ က်မတို႔က အေကာင္းဆံုးလုပ္တယ္။ အဆိုးဆံုး အေျခအေနကိုလည္း ႀကိဳတြက္ထားတယ္။ ဘယ္လိုအေနအထားနဲ႔ လာေခၚေခၚ တက္မွာမဟုတ္ဘူး က်မတို႔က ထြက္ဖို႔အထိ ျပင္ဆင္ထားတယ္။”

ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပလႈပ္ရွားသူေတြကုိ ဖမ္းဆီးအေရးယူတာေတြ မလုပ္ဖုိ႔ တုိက္တြန္းထားပါတယ္။ ဆႏၵျပပဲြေတြနဲ႔ အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြ အရွိန္ျမင့္ဖုိ႔နဲ႔ ၀န္ထမ္းေတြပါ ပူးေပါင္းပါ၀င္ၾကဖုိ႔ ဒီကေန႔ တုိက္တြန္းထားခ်ိန္မွာပဲ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြကုိ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔နဲ႔ အေရးယူတာေတြ မလုပ္ဖုိ႔လည္း ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ကလည္း သတိေပးေျပာဆုိထားပါတယ္ခင္ဗ်ာ။

..................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး၊ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတယ်လို့ မိသားစုတွေနဲ့ လှုပ်ရှားသူတွေက ပြောပါတယ်။ လူထုဆန္ဒပြပွဲတွေ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ ဒီနေ့မှာလည်း ဖမ်းဆီးမှုတွေနဲ့ ဖိအားပေးမှုတွေ ရှိခဲ့တဲ့အကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးထားပါမယ်။

အကြမ်းမဖက်ပဲ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ သီတင်း ၂ ပတ်လောက် ရှိလာနေချိန်မှာပဲ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ဖမ်းဆီးခံရ၊ ဖိအားပေး ခံရတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာဆိုရင်လည်း ဒီကနေ့ အနည်းဆုံး ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ဆန္ဒပြသူတယောက်က ဗွီအိုအေကို ပြောပါတယ်။

“ချစ်မောင်မောင်၊ သူ့ကို အရင်ဖမ်းတာ နောက်ပြီးတော့ သူနောက်က လိုက်သွားတဲ့ နှစ်ယောက်ကိုပါ ထပ်ဖမ်းတယ်။ အားလုံးဆိုရင်တော့ သုံးယောက်ပါ။ လောလောဆယ်မှာ တော့ သူတို့နဲ့ အဆက်အသွယ်မရဘူး မရဘူးဆိုတာက ဖုန်းမပါတဲ့ အခါကတော့ မရဘူး။”

မနေ့တုန်းကလည်း ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲမြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ကျောင်းသားလူငယ် ၁ ဦး အပါအဝင် ၄ ယောက် ဖမ်းဆီးခံရပြီး အခုအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့လည်း ဆန္ဒပြသူတစ်ဦးကပြောပါတယ်။

သံတွဲဆန္ဒထုတ်ဖော်ရာမှာပါဝင်သူ တစ်ဦးအသံ။

“ အားလုံးလေးယောက်ပါ မိန်းကလေးတယောက် ယောက်ျားလေး သုံးယောက်ပေါ့ ကျောင်းသားတစ်ယောက်ပါတယ်။ ကျန်တာကတော့ အပြင်သူတွေပါ။ လက်ရှိမှာတော့ သူတို့ကို ဆက်သွယ်လို့မရပါဘူး။ အစကတော့ ပြန်လွတ်ပေးမယ်လို့ ပြောတယ်။ အခုကတော့ မလွတ်ဘဲနဲ့ တရားစွဲတယ်လို့ ပြောသံကြားတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေမှာ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ မနေ့တုန်းက ဆိုရင်လည်း ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နိုင်နှင်းရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦး ကပြောပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့လည်း ပြောပါတယ်။

“မနေ့ကတော့ ကျောင်းဆရာတဦး အဖမ်းခံရတယ်။ ဒဏ်ရာရတာကတော့ ၆ဦးနဲ့ ဆယ်ဦး ကြားလောက်ရှိတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရပါဘူးခင်မျာ။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာတွေရှိသလို အစိုးရဝန်ထမ်းတွေ အများအပြားဟာလည်း ရုံးမတက်ပဲ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြတာပါ။ CDM လို့ခေါ်တဲ့ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဖိအားပေးတာ ခြိမ်းခြောက်တာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ အစိုးရရုံးစိုက်ရာ နေပြည်တော်က မြန်မာ့မီးရထားလုပ်ငန်းက ဝန်ထမ်းတဦးကပြောပါတယ်။

“ဝန်ထမ်းတွေ အချင်းချင်းကိုပဲ သူတို့က ဖြန့်ပြီးတော့ ပြောခိုင်းတာပေါ့ လူကြီးတွေကတော့ တိုက်ရိုက်မပြောဘူး။ များသောအားဖြင့် အဲလို ဖြန့်တဲ့သူတွေက ရုံးတက်နေတဲ့သူတွေ CDM မလုပ်တဲ့သူတွေ လုပ်တဲ့သူတွေက ဝန်ထမ်းအိမ်ရာတွေမှာ ဥပမာ နေပြည်တော်မှာဆိုရင် CDMလုပ်နေတဲ့ သူတွေရဲ့ အိမ်တွေကို မလုပ်တဲ့သူတွေက လာပြီးတော့ လူကြီးတွေကတော့ ဘယ်လိုဘယ်လိုမှာလိုက်တယ်။ ရုံးပြန်တက်ဖို့ မှာတယ်။ မတက်လို့ရှိရင် နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်မယူဘူးပေါ့နော်။”

ဒီကနေ့မှာပဲ မန္တလေးမြို့မှာ မီးရထားဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ အာဏာပိုင်တွေ အတင်းအကျပ်စေခိုင်းတာတွေ ရှိခဲ့ကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ချိန်ကစလို့ မီးရထားလုပ်ငန်းတွေ အပါအဝင် အစိုးရရဲ့ လုပ်ငန်းတွေ တော်တော်များများလည်း ရပ်ဆိုင်းနေတာပါ။

လုပ်ငန်းတွေ ပြန်လည်စတင်နိုင်အောင် ဖိအားပေးမှုတွေ၊ အရေးယူအပြစ်ပေးဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ နေပြည်တော်က မီးရထားဝန်ထမ်းကတော့ အလျှော့မပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

“ ကျမတို့ကတော့ မတက်ဘူး လုံးဝမတက်ဘူး ပြောရမယ်ဆိုရင်ပေါ့နော် ကျမတို့က အကောင်းဆုံးလုပ်တယ်။ အဆိုးဆုံး အခြေအနေကိုလည်း ကြိုတွက်ထားတယ်။ ဘယ်လိုအနေအထားနဲ့ လာခေါ်ခေါ် တက်မှာမဟုတ်ဘူး ကျမတို့က ထွက်ဖို့အထိ ပြင်ဆင်ထားတယ်။”

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဆန္ဒပြပွဲတွေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်ဖို့နဲ့ ဝန်ထမ်းတွေပါ ပူးပေါင်းပါဝင်ကြဖို့ ဒီကနေ့ တိုက်တွန်းထားချိန်မှာပဲ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့နဲ့ အရေးယူတာတွေ မလုပ်ဖို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း သတိပေးပြောဆိုထားပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG