သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈအေပၚ ႏိုင္ငံတကာ ရႈတ္ခ်မႈ ပိုမိုက်ယ္ျပန္႔


ဘီဘီစီ ရုပ္ျမင္သံၾကားအစီအစဥ္ထဲက ျဗိတိသွ်၀န္ၾကီးခ်ဳပ္ Boris Johnson (ဓာတ္ပံု-Reuters)

(Zawgyi/Unicode)
ၿဗိတိသွ်၀န္ႀကီးခ်ဳပ္ Boris Johnson က ျမန္မာစစ္အာဏာသိမ္းမႈအေပၚ ရႈတ္ခ်လိုက္ျပီး ဒီမိုကေရစီကုိေလးစားဖို ့ေတာင္းဆိုလိုက္ပါတယ္။ ထို ့အတူပဲ အျခားေသာ ကမၻာ့ေခါင္းေဆာင္ေတြကလည္း ျမန္မာနိုင္ငံမွာ နိုင္ငံေရးသမားေတြကို ဖမ္းဆီးေနတာေတြကို လႊတ္ေပးဖို ့ေတာင္းဆိုေနၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပါတီဟာ အမတ္ေနရာ ၄၇၆ ခုမွာ ၃၉၆ ေနရာ အနိုင္ရရွိခဲ့ေပမယ့္လည္း စစ္တပ္က ေရြးေကာက္ပြဲရလဒ္ေတြဟာ မသမာမႈေတြရွိတယ္လို ့စြပ္စြဲျပီး ေရြးေကာက္ပြဲေကာ္မရွင္ကိုလည္း ျငင္းဆိုထားတာပါ။

ဒီအာဏာသိမ္းယူမႈနဲ ့ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ အရပ္သားေတြကို မတရာဖမ္းဆီးတာေတြကို ရႈတ္ခ်ျပီး လူထုေပးတဲ့မဲကို ေလးစားရမွာျဖစ္သလို ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း လႊတ္ေပးရမယ္လို ့ ၀န္ၾကီးခ်ဳပ္ ဂ်ြန္ဆင္က သူ ့ရဲ့ တြစ္တာမွာ ေရးသားထားပါတယ္။

အလားတူပဲ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး Anthony Blinken ကလည္း ျမန္မာျပည္မွာျဖစ္ပ်က္ေနတဲ့ ျဖစ္ရပ္ေတြအတြက္ အထူးစိုးရိမ္ျပီး သတိရွိၾကဖို ့ေျပာဆိုထားပါတယ္။ သူက ျမန္မာစစ္ေခါင္းေဆာင္ေတြအေနနဲ ့ျမန္မာအစိုးရ အရာရွိေတြအားလံုးနဲ ့ အရပ္ဘက္အဖြဲ့ ့အစည္းေခါင္းေဆာင္ေတြအားလံုးကို လႊတ္ေပးဖို ့နဲ ့ ေရြးေကာက္ပြဲေတြမွာ ေဖာ္ျပထားျပီးျဖစ္တဲ့ ျမန္မာလူထုရဲ့ဆႏၵကို ေလးစားဖို ့ ေျပာဆိုထားပါတယ္။

ဥေရာပ ေကာ္မရွင္ဥကၠဌ Ursula Von Der Leyen ကလည္း အျပင္းအထန္ ရႈတ္ခ်ထားျပီး ထိန္းသိမ္းထားသူေတြကို ခ်က္ခ်င္း ျခြင္းခ်က္မရွိျပန္လႊတ္ေပးဖို ့ေတာင္းဆိုထားပါတယ္။

ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ရံုးမွာလည္း ဒီအာဏာသိမ္းမွုဟာ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးအတြက္ ဆိုးရြားတဲ့ ရိုက္ခ်က္ပဲလို ့ ေၾကညာခ်က္ထဲမွာ ရႈတ္ခ်ထားပါတယ္။

အိႏိၵယနိုင္ငံျခားေရး၀န္ၾကီးဌာနကေတာ့ အလြန္အမင္းစိုးရိမ္ေၾကာင္းေျပာဆိုထားျပီး အနီးကပ္ေစာင့္ၾကည့္ေနတယ္လို ့လည္းဆိုပါတယ္။

ဒါနဲ ့ပတ္သက္ျပီး တရုတ္နိုင္ငံကေတာ့ တိတ္ဆိတ္လ်က္ရွိေနတယ္လို ့ဆိုပါတယ္။ ျမန္မာနိုင္ငံရဲ့ ျဖစ္ပ်က္ေနတဲ့ အေျခအေနကို သတိျပဳမိၿပီး အေျခအေနကို ေနာက္ထပ္နားလည္နိုင္ေအာင္ လုပ္ေဆာင္ေနဆဲပဲလို ့ တရုတ္နုိင္ငံျခားေရးေျပာခြင့္ရွိသူ Wang Wenbin က ေဘက်င္းသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အခုေနာက္ဆံုးရရွိတဲ့ သတင္းအရ ျဗိတိသ်ွ နို္င္ငံျခားေရး၀န္ႀကီး Dominic Raab က ျမန္မာျပည္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန ့ၾကားနာစစ္ေဆးတဲ့ အမွုအတြက္ ျဗိတိသွ်အစိုးရက ရႈတ္ခ်ျပီး ခ်က္ခ်င္း သူမကို ျပန္လႊတ္ေပးဖို ့ေတာင္းဆိုထားပါတယ္။ ဒါဟာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ နိုင္ငံေရးအရ တရားစြဲဆိုတာျဖစ္ျပီး သူမနဲ ့အျခားမတရားဖမ္းဆီးထားတဲ့ ေရြးေကာက္ခံနိုင္ငံေရးသမားေတြကို ခ်က္ခ်င္းလႊတ္ေပးရမယ္လို ့ေျပာဆိုသြားပါတယ္။
............................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာစစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာ ရှုတ်ချမှု ပိုမိုကျယ်ပြန့်

(Unicode)

ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က မြန်မာစစ်အာဏာသိမ်းမှုအပေါ် ရှုတ်ချလိုက်ပြီး ဒီမိုကရေစီကိုလေးစားဖို့တောင်းဆိုလိုက်ပါတယ်။ ထို့အတူပဲ အခြားသော ကမ္ဘာ့ခေါင်းဆောင်တွေကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးနေတာတွေကို လွှတ်ပေးဖို့တောင်းဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဟာ အမတ်နေရာ ၄၇၆ ခုမှာ ၃၉၆ နေရာ အနိုင်ရရှိခဲ့ပေမယ့်လည်း စစ်တပ်က ရွေးကောက်ပွဲရလဒ်တွေဟာ မသမာမှုတွေရှိတယ်လို့စွပ်စွဲပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း ငြင်းဆိုထားတာပါ။

ဒီအာဏာသိမ်းယူမှုနဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားတွေကို မတရာဖမ်းဆီးတာတွေကို ရှုတ်ချပြီး လူထုပေးတဲ့မဲကို လေးစားရမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးရမယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

အလားတူပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း မြန်မာပြည်မှာဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေအတွက် အထူးစိုးရိမ်ပြီး သတိရှိကြဖို့ပြောဆိုထားပါတယ်။ သူက မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့မြန်မာအစိုးရ အရာရှိတွေအားလုံးနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေအားလုံးကို လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲတွေမှာ ဖော်ပြထားပြီးဖြစ်တဲ့ မြန်မာလူထုရဲ့ဆန္ဒကို လေးစားဖို့ ပြောဆိုထားပါတယ်။

ဥရောပ ကော်မရှင်ဥက္ကဌ Ursula Von Der Leyen ကလည်း အပြင်းအထန် ရှုတ်ချထားပြီး ထိန်းသိမ်းထားသူတွေကို ချက်ချင်း ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာလည်း ဒီအာဏာသိမ်းမှုဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆိုးရွားတဲ့ ရိုက်ချက်ပဲလို့ ကြေညာချက်ထဲမှာ ရှုတ်ချထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အလွန်အမင်းစိုးရိမ်ကြောင်းပြောဆိုထားပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့လည်းဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကတော့ တိတ်ဆိတ်လျက်ရှိနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေကို သတိပြုမိပြီး အခြေအနေကို နောက်ထပ်နားလည်နိုင်အောင် လုပ်ဆောင်နေဆဲပဲလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရှိသူ Wang Wenbin က ဘေကျင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ကြားနာစစ်ဆေးတဲ့ အမှုအတွက် ဗြိတိသျှအစိုးရက ရှုတ်ချပြီး ချက်ချင်း သူမကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ တရားစွဲဆိုတာဖြစ်ပြီး သူမနဲ့အခြားမတရားဖမ်းဆီးထားတဲ့ ရွေးကောက်ခံနိုင်ငံရေးသမားတွေကို ချက်ချင်းလွှတ်ပေးရမယ်လို့ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG