သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအထူးကိုယ္စားလွယ္ ျမန္မာျပည္လာေရာက္ေရး စစ္ေကာင္စီနဲ႔ညႇိႏိႈင္း


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner-Burgener

(Zawgyi/Unicode)

စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေနတဲ႔ ျမန္မာႏိုင္ငံကို လာေရာက္ခြင့္ရေရး အတြက္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ ျမန္မာ စစ္တပ္ရဲ႕ ဒုတိယ အႀကီးအကဲ ျဖစ္တဲ႔ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း တို႔ တနလာၤေန႔မွာ ေဆြးေႏြးခဲ႔ၾကပါတယ္။ ျမန္မာ လူထုရဲ႕ ဆႏၵနဲ႔ အညီ ျဖစ္ေစေရးနဲ႔ လက္ရွိ အေျခအေနေတြကို ျပန္လည္ ရုပ္သိမ္းႏိုင္ေရး အတြက္ အေထာက္အကူ ျဖစ္ေစမယ္လို႔ လက္ခံႏိုင္ဖြယ္ ကာလ အထိ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္က အခုလို ပြင့္ပြင့္လင္းလင္း ညွိႏိႈင္း ေဆြးေႏြးေရးကို ဆက္လက္ ေဆာင္ရြက္မယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ တဦး ျဖစ္သူ Farhan Haq က သတင္းစာ ရွင္းလင္းခဲ႔ပါတယ္။

“ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တနဂၤေႏြေန႔ ညက ျမန္မာ့ အေရး ထုတ္ျပန္ခ်က္ကို ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းကို ထပ္ေလာင္း ေျပာဆိုခဲ႔ၿပီး သေဘာတူႏုိင္ဖြယ္ အေျခအေနမ်ိဳးနဲ႔ ျမန္မာႏုိင္ငံကို လာေရာက္ႏုိင္ေရးလည္း မစၥ Schraner Burgener က ထပ္မံ တြန္းအားေပး ေဆြးေႏြးခဲ႔ပါတယ္” လို႔ ေျပာခြင့္ရက ေျပာခဲ႔တာပါ။

အၾကမ္းမဖက္ဖို႔၊ ေနာက္ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္၊ တရားဥပေဒ စိုးမိုးေရးတို႔ကို ျမန္မာ စစ္တပ္ဘက္က အျပည့္အ၀ ေလးစားဖို႔ အထူးကိုယ္စားလွယ္က ထပ္ေလာင္း တိုက္တြန္းပါတယ္။ ဒီမိုကေရစီ နည္းက် လုပ္ငန္းစဥ္ေတြ၊ အဖြဲ႔အစည္းေတြကို ထိန္းသိမ္းထားရမယ္လို႔လည္း ေျပာဆိုခဲ႔ပါတယ္။ ေနာက္ ႏုိင္ငံတြင္းမွာ အင္တာနက္ ျဖတ္ေတာက္မႈေတြကိုလည္း ရႈတ္ခ်ပါတယ္။

ျမန္မာ့ အေရးကို ကမၻာက အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ အင္အား အလြန္အကြ်ံသံုးတဲ႔ လုပ္ရပ္ေတြ ရွိခဲ႔ရင္ ျပင္းထန္တဲ႔ အက်ိဳးဆက္ေတြ ရွိလာႏိုင္ေၾကာင္းလည္း မစၥ Schraner Burgener က ျမန္မာ စစ္တပ္ကို ေျပာဆိုခဲ႔ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ အေျခအေနကို မ်က္ျမင္ကိုယ္ေတြ႔ သံုးသပ္ႏုိင္ေရးနဲ႔ လက္သင့္ခံႏုိင္ဖြယ္ အေျခအေနမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ကို ျမန္မာႏုိင္ငံကို အေရးေပၚ လာေရာက္ခြင့္ျပဳဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေတာင္းဆိုထားတာပါ။

ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကတဲ႔ ျမန္မာ လူထု အေပၚ အၾကမ္းဖက္၊ ၿခိမ္းေျခာက္၊ ထိပါး ေစာ္ကားမႈဆိုင္ရာ သတင္းေတြဟာ လက္ခံႏုိင္စရာ မရွိဘူးလို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres က အေမရိကန္ စံေတာ္ခ်ိန္ တနဂၤေႏြေန႔ ညပိုင္းက ေၾကညာခ်က္ထုတ္ ေျပာဆိုခဲ႔ၿပီး စစ္တပ္နဲ႔ ရဲဘက္က ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကို အျပည့္အ၀ ေလးစားဖို႔၊ ဆႏၵျပသူေတြကို ရန္ၿငိဳးဖြဲ႔ လက္တုံ႔ျပန္စရာ မဟုတ္ဘူးလို႔လည္း ေျပာဆိုထားတာပါ။

ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရး၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရး အတြက္ ျမန္မာလူထုရဲ႕ အားထုတ္ ႀကိဳးပမ္းမႈကို ကုလသမဂၢက အခိုင္အမာ ေထာက္ခံေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ထပ္ေလာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္



...............

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်ရေး စစ်ကောင်စီနဲ့ညှိနှိုင်း

(Unicode)

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာ စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ တနလာၤနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ လူထုရဲ့ ဆန္ဒနဲ့ အညီ ဖြစ်စေရေးနဲ့ လက်ရှိ အခြေအနေတွေကို ပြန်လည် ရုပ်သိမ်းနိုင်ရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့ လက်ခံနိုင်ဖွယ် ကာလ အထိ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က အခုလို ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်မယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်သူ Farhan Haq က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တနင်္ဂနွေနေ့ ညက မြန်မာ့ အရေး ထုတ်ပြန်ချက်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ထပ်လောင်း ပြောဆိုခဲ့ပြီး သဘောတူနိုင်ဖွယ် အခြေအနေမျိုးနဲ့ မြန်မာနိုင်ငံကို လာရောက်နိုင်ရေးလည်း မစ္စ Schraner Burgener က ထပ်မံ တွန်းအားပေး ဆွေးနွေးခဲ့ပါတယ်” လို့ ပြောခွင့်ရက ပြောခဲ့တာပါ။

အကြမ်းမဖက်ဖို့၊ နောက် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေးတို့ကို မြန်မာ စစ်တပ်ဘက်က အပြည့်အ၀ လေးစားဖို့ အထူးကိုယ်စားလှယ်က ထပ်လောင်း တိုက်တွန်းပါတယ်။ ဒီမိုကရေစီ နည်းကျ လုပ်ငန်းစဉ်တွေ၊ အဖွဲ့အစည်းတွေကို ထိန်းသိမ်းထားရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ နောက် နိုင်ငံတွင်းမှာ အင်တာနက် ဖြတ်တောက်မှုတွေကိုလည်း ရှုတ်ချပါတယ်။

မြန်မာ့ အရေးကို ကမ္ဘာက အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ အင်အား အလွန်အကျွံသုံးတဲ့ လုပ်ရပ်တွေ ရှိခဲ့ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်ကြောင်းလည်း မစ္စ Schraner Burgener က မြန်မာ စစ်တပ်ကို ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို မျက်မြင်ကိုယ်တွေ့ သုံးသပ်နိုင်ရေးနဲ့ လက်သင့်ခံနိုင်ဖွယ် အခြေအနေမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို အရေးပေါ် လာရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားတာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ မြန်မာ လူထု အပေါ် အကြမ်းဖက်၊ ခြိမ်းခြောက်၊ ထိပါး စော်ကားမှုဆိုင်ရာ သတင်းတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က အမေရိကန် စံတော်ချိန် တနင်္ဂနွေနေ့ ညပိုင်းက ကြေညာချက်ထုတ် ပြောဆိုခဲ့ပြီး စစ်တပ်နဲ့ ရဲဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ လေးစားဖို့၊ ဆန္ဒပြသူတွေကို ရန်ငြိုးဖွဲ့ လက်တုံ့ပြန်စရာ မဟုတ်ဘူးလို့လည်း ပြောဆိုထားတာပါ။

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာလူထုရဲ့ အားထုတ် ကြိုးပမ်းမှုကို ကုလသမဂ္ဂက အခိုင်အမာ ထောက်ခံကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောပါတယ်။

XS
SM
MD
LG