သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပမႈ ၁၀ ရက္ေျမာက္


ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူထားတာကို ကန္႔ကြက္တဲ့အေနနဲ႔ ႏိုင္ငံအႏွံ႔ဆႏၵျပမႈေတြ အရွိန္ဆက္လက္ေကာင္းေနပါတယ္။ ရံုးမတက္ဆန္႔က်င္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြလည္း ပိုမ်ားလာပါတယ္။ ရန္ကုန္ၿမိဳ႕မွာ သံခ်ပ္ကာကားေတြ၊ စစ္သားေတြ လံုျခံဳေရးယူထားတာကို ျမင္ေနရေပမဲ့ ဆႏၵျပသူေတြကေတာ့ ဦးတည္ခ်က္အတိုင္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပၾကပါတယ္။ ဒီေန႔ကို CDM ေန႔အျဖစ္ သတ္မွတ္ထားတာနဲ႔အတူ ႏိုင္ငံေတာ္ဗဟိုဘဏ္က ဝန္ထမ္းေတြ ဒီလႈပ္ရွားမႈထဲ ပါဝင္လာဖို႔ ေတာင္းဆိုသူေတြ မနက္အေစာပိုင္းထဲက ဗဟိုဘဏ္ေရွ႕မွာ လာေရာက္ေတာင္းဆိုၾကပါတယ္။

ဗဟိုဘဏ္ေရွ႕မွာ သံခ်ပ္ကာကားေတြ စစ္သားေတြ တန္းစီပိတ္ထားေပမဲ့ ဆႏၵျပသူေတြ ပိုၿပီးသာမ်ားလာခဲ့ပါတယ္။ ဗဟိုဘဏ္ေရွ႕က ဆႏၵျပသူေတြကို အားေပးေထာက္ခံတဲ့အေနနဲ႔ ျဖတ္သြားတဲ့ ကားေတြေပၚကေနလည္း လက္ ၃ ေခ်ာင္းေထာင္ျပတာ၊ ကားဟြန္းတီးတာေတြ လုပ္ၾကပါတယ္။ ဆႏၵလာျပၾကသူေတြထဲမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြလည္း ပါပါတယ္။ ဒီေန႔ ရန္ကုန္ၿမိဳ႕ထဲမွာ စစ္တပ္ေတြျဖန္႔ခ်ထားတာကို ျမင္ေနရေပမဲ့ ဆက္ၿပီး ဆႏၵျပသူလူငယ္တေယာက္က သူတို႔ဘက္က ေၾကာက္လို႔ လံုျခံဳေရးယူတယ္လို႔သာျမင္တယ္လို႔ ခုလိုေျပာပါတယ္။

"ဒါက ျပည္သူေတြ... လက္နက္မရွိတဲ့သူေတြကို သူတို႔ေတြက ေၾကာက္ေနတယ္လို႔ပဲ ညီမ ယူဆပါတယ္။"

ရန္ကုန္ၿမိဳ႕ေနရာစံုမွာ ခ်ီတက္ဆႏၵျပပြဲေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ၿပီးဆံုးခဲ့ပါတယ္။ မႏၲေလးၿမိဳ႕မွာလည္း ခ်ီတက္ဆႏၵျပမႈေတြ အေစာပိုင္းက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိခဲ့ေပမဲ့ ျမန္မာ့စီးပြားေရးဘဏ္ခြဲ ၁ ေရွ႕မွာ ဆႏၵျပသူေတြနဲ႔ လံုျခံဳေရးေတြ ထိပ္တိုက္ေတ႔ြခဲ့ၾကၿပီးေနာက္မွာ လံုျခံဳေရးေတြဘက္က ပစ္ခတ္ႏွိမ္နင္းခဲ့လို႔ ဆႏၵျပသူတခ်ဳိ႕ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

အခုလိုလူစုခဲြခ်ိန္ အနီးအနားေနအိမ္ေတြထဲ ဝင္ပုန္းၾကတဲ့ ဆႏၵျပသူေတြကို လံုျခံဳေရးေတြက အိမ္ေတြထဲအထိ လိုက္လံပစ္ ဖမ္းဆီးမႈေတြ လုပ္ခဲ့ပါတယ္။ ဘယ္ႏွေယာက္ ဖမ္းဆီးခံခဲ့ရသလဲဆိုတာ အတိအက် မသိရေသးပါဘူး။ ေတာင္ႀကီးၿမိဳ႕က စဝ္စံထြန္းေဆးရံုထဲကိုလည္း လုံျခံဳေရးေတြ အင္အားသံုးဝင္ေရာက္ ၿဖိဳခြဲပါတယ္။

ျမစ္ႀကီးနားၿမိဳ႕က စက္မႈဇုန္ဓါတ္အားေပး စက္ရံုေရွ႕မွာ ဆႏၵျပသူေတြကို ရဲနဲ႔ စစ္တပ္က တနဂၤေႏြေန႔က အၾကမ္းဖက္ႏွိမ္နင္းခဲ့တုန္းက အဖမ္းခံရတဲ့ သတင္းေထာက္ ငါး ေယာက္ကေတာ့ ဒီေန႔ျပန္လြတ္လာပါတယ္။

သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အရပ္သားအစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသိမ္းယူထားတာ သီတင္း ႏွစ္ ပတ္ေက်ာ္လာၿပီျဖစ္ၿပီး ေခါင္းေဆာင္ေတြလည္း ဆက္လက္ဖမ္းဆီးခံေနရဆဲ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔အထိ ရမန္ယူ ဖမ္းဆီးထားတယ္လို႔ တရားရံုးက ဒီကေန႔ ေျပာတယ္လို႔ သူ႔အတြက္ ဥပေဒအက်ဳိးေဆာင္လုပ္ေပးဖို႔ ႀကိဳးစားေနတဲ့ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာျပပါတယ္။ ၁၇ ရက္ေန႔က်ရင္ ဇဘူသီရိတရားရံုးမွာ အမႈကို Video conferencing နဲ႔ စစ္ေဆးၾကားနာမယ္လို႔ တရားရံုးက ေျပာတဲ့အတြက္ သူ႔အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတ႔ြႏိုင္ဖို႔အေျခအေန မရွိဘူးလို႔လည္း တရားလႊတ္​ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ခုလိုအေျခအေနမွာပဲ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္မွာရွိတဲ့ NLD ပါတီရံုးခ်ဳပ္ကို ရဲနဲ႔ စစ္တပ္က ညေနပိုင္းမွာ ဝင္ေရာက္ရွာေဖြပါတယ္။ ရံုးခ်ဳပ္ရွိတဲ့ လမ္းတဘက္ တခ်က္ကို လံုျခံဳေရးေတြပိတ္ၿပီး ရွာေဖြခဲ့တာျဖစ္ပါတယ္။ လံုျခံဳေရးတဘက္တခ်က္မွာ ဆႏၵျပသူေတြက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းထိုင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

"ျပည္သူ႔ရဲေတြ ရုန္းထြက္ၾက၊ ရုန္းထြက္ၾက။ ျပည္သူ႔ရဲေတြ ရုန္းထြက္ၾက၊ ရုန္းထြက္ၾက။ ျပည္သူ႔ရဲေတြ ရုန္းထြက္ၾက၊ ရုန္းထြက္ၾက။"

NLD ရံုးခ်ဳပ္ထဲကို ဝင္ေရာက္ရွာေဖြတဲ့ အေၾကာင္းကေတာ့ အဖမ္းမခံရဘဲ လြတ္ေျမာက္ေနတဲ့ NLD ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ေတြျဖစ္ၾကတဲ့ ေဒၚေမဝင္းျမင့္နဲ႔ ဦးေအာင္ၾကည္ၫြန္႔တို႔ကို လာေရာက္ရွာတယ္လို႔ ဝင္ေရာက္ရွာေဖြတဲ့ လံုျခံဳေရးတာဝန္ရွိသူေတြက ေျပာပါတယ္။ သူတို႔ လာရွာသူေတြ ရံုးခ်ဳပ္ထဲမွာ ရွိမေနတာေၾကာင့္ ေနာက္ပိ္ုင္းမွာ လံုျခံဳေရးေတြ ျပန္လည္ထြက္ခြာသြားခဲ့ၾကပါတယ္။

ႏိုင္ငံတကာမွာရွိၾကတဲ့ ျမန္မာေတြကလည္း စစ္အာဏာသိမ္းမႈကို ဆန္႕က်င္ဆႏၵျပမႈေတြ ျပဳလုပ္ေနၾကပါတယ္။ သက္ဆိုင္ရာ အစိုးရေတြ ႏိုင္ငံျခားေရးဌာနေတြကိုသြားၿပီး၊ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို မေထာက္ခံဖို႔ တိုက္တြန္းစည္းရံုးတာေတြ လုပ္ၾကသလို၊ သက္ဆိုင္ရာႏိုင္ငံအလိုက္ ျမန္မာသံရံုးေတြေရွ႕ ဆႏၵျပတာေတြလည္း ရွိေနပါတယ္။ VOA ရံုးစိုက္ရာ ဝါရွင္တန္ဒီစီမွာေတာ့ မေန႔တုန္းကေတာ့ ျမန္မာ့အေရးတတ္ႂကြလႈပ္ရွားသူေတြ စုေ၀းၿပီး ဝါရွင္တန္ၿမိဳ႕လယ္တေလွ်ာက္ ခ်ီတက္ဆႏၵျပၿပီး၊ သမၼတအိမ္ျဖဴေတာ္ေရွ႕မွာ ျမန္မာ့ဒီမိုကေရစီေရးကို အေမရိကန္အစိုးရအေနနဲ႔ ထိထိေရာက္ေရာက္ေဆာင္ရြက္ဖို႔ ဆႏၵျပေတာင္းဆိုၾကပါတယ္။ ဒီမတိုင္ခင္တုန္းကေတာ့ ျမန္မာသံရံုးေရွ႕မွာ စုေ၀းခဲ့ၾကတာပါ။

"ဒီစစ္ပဲြမွာ က်ေနာ္တို႔ ရံႈးလို႔မျဖစ္ဘူး။ က်ေနာ္တို႔ ႏိုင္ရမယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ က်ေနာ္တို႔ အားလံုး အတူတကြ၊ အခုအခ်ိန္မွာ တိုင္းရင္းသားရယ္၊ ဗမာရယ္ဆိုၿပီး ခဲြျခားေနရမယ့္အခ်ိန္မဟုတ္ဘူး။ က်ေနာ္တို႔ တိုက္ပဲြဝင္ရမယ့္အခ်ိန္ျဖစ္တယ္ဆိုတာကို က်ေနာ္ ေျပာၾကားခ်င္ပါတယ္။"

ျမန္မာသံရံုး၀န္ထမ္းေတြအေနနဲ႕ စစ္ေကာင္စီကို မေထာက္ခံဖို႔ စည္းရံုးေျပာဆိုခဲ့ၾကေပမဲ့ ခုခ်ိန္အထိေတာ့ ျမန္မာသံရံုးဝန္ထမ္းေတြဘက္က ဆႏၵျပလူထုနဲ႔ပူးေပါင္းေဆာင္ရြက္မယ့္အလားအလာမေတြ႕ရေသးဘူးလို႔ ဆႏၵျပေခါင္းေဆာင္တဦးက VOA ကိုေျပာပါတယ္။ ၂၀၂၀ ေရြးေကာက္ခံ NLD အမတ္ေတြ စုဖဲြ႕ထားတဲ့ CRPH ေခၚတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုုယ္စားျပဳေကာ္မတီကလည္း ႏိုင္ငံအရပ္ရပ္က ျမန္မာသံတမန္ေတြ ျမန္မာသံရံုးဝန္ထမ္းေတြအေနနဲ႔ ေရြးေကာက္ခံအစိုးရကိုသာ အသိအမွတ္ျပဳၿပီး၊ စစ္ေကာင္စီကို ကို္ုယ္စားျပဳေျပာဆိုတာမ်ိဳး မလုပ္ဖို႔ တိုက္တြန္းေတာင္းဆိုေနပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guetterus ကေတာ့ ျမန္မာႏိုင္ငံအႏွံ ဆႏၵျပမႈေတြ အရွိန္ျမင့္ေနတဲ့ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ကို အျပည့္အဝေလးစားဖို႔နဲ႔ ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းတာမ်ဳိး မလုပ္ဖို႔ ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႕တို႔ကို ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံအေျခအေနအရပ္ရပ္ကို သုံးသပ္ေလ့လာႏိုင္ဖို႔ သတ္မွတ္ထားတဲ့အေျခအေနတခုေအာက္မွာ ကုလအထူးကိုယ္စားလွယ္ Christine Burgener ကို ျမန္မာႏိုင္ငံ ဝင္ခြင့္ေပးဖို႔လည္း အာဏာသိမ္းယူထားသူေတြကို ေတာင္းဆိုပါတယ္။

ျမန္မာျပည္သူတို႔ရဲ႕ ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္ေရး၊ တရားဥပေဒစိုးမိုးေရး ရရွိဖို႔ ႀကိဳးပမ္းမႈကို ကုလသမဂၢအေနနဲ႔ မယိမ္းမယိုင္ ဆက္ၿပီး ေထာက္ခံသြားမယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္က ထပ္မံၿပီး ကတိျပဳေၾကာင္း စေနေန႔က ေၾကညာခ်က္ထုတ္ျပန္ခ့ဲတာျဖစ္ပါတယ္။ သတင္းအခ်က္လက္ ရပိုင္ခြင့္အပါအဝင္ လြတ္လပ္စြာ ဆႏၵသေဘာထား ထုတ္ေဖၚခြင့္ကို ဟန္႕တား ေႏွာက္ယွက္မႈ မလုပ္ဖို႔လည္း မစၥတာ Guetterus က တိုက္တြန္းပါတယ္။

အေမရိကန္၊ ၿဗိတိန္၊ Australia နဲ႔ EU အဖဲြ႕ဝင္ႏိုင္ငံေတြက ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးေတြကလည္း စုေပါင္းၿပီး တနဂၤေႏြေန႔က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ တရားဝင္ေရြးေကာက္ခံထားရတဲ့ အစိုးရကို ျဖဳတ္ခ်ခဲ့တဲ့ စစ္တပ္ရဲ႕ လုပ္ရပ္ကို ကန္႔ကြက္သလို ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနတဲ့ ျပည္သူေတြကို အၾကမ္းဖက္ မႏွိမ္ႏွင္းဖို႔ တိုက္တြန္းထားတာျဖစ္ပါတယ္။

စစ္တပ္က ဆက္သြယ္ေရးစနစ္ကိုၾကားျဖတ္ေႏွာင့္ယွက္တာအျပင္ ျမန္မာႏိုင္ငံသားတို႔ရဲ႕ အေျခခံရပိုင္ခြင့္ေတြကို ဥပေဒအရအကာအကြယ္ေပးထားတဲ့ အေျခခံအခြင့္အေရးေတြကို ခ်ဳပ္ခ်ယ္ကန႔္သတ္ေနတဲ့အေပၚ လူသိရွင္ၾကားကန႔္ကြက္ရႈတ္ခ်တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးေတြက ေျပာပါတယ္။ ႏိုင္ငံေခါင္းေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ သတင္းေထာက္ေတြကို ဆက္ဖမ္းဆီးေနတာကိုလည္း ရႈတ္ခ်ပါတယ္။

ဒီမိုကေရစီ၊ လြတ္လပ္မႈ၊ ၿငိမ္းခ်မ္းမႈနဲ႔ သာယာဝေျပာမႈကို လိုလားေတာင္းဆိုေနၾကတဲ့ ျမန္မာျပည္သူလူထုကို ေထာက္ခံအားေပးေနေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ ဘာျဖစ္ေနတယ္ဆိုတာ တစ္ကမာၻလုံးကလည္း ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္၊ ၿဗိတိန္၊ Australia နဲ႔ EU အဖဲြ႕ဝင္ႏိုင္ငံေတြက ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးေတြ စုေပါင္းၿပီး ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

စစ္အာဏာသိမ္းမႈဆန္႔က်င္ဆႏၵျပမႈ ၁၀ ရက္ေျမာက္
please wait

No media source currently available

0:00 0:05:44 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှု ၁၀ ရက်မြောက်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံအနှံ့ဆန္ဒပြမှုတွေ အရှိန်ဆက်လက်ကောင်းနေပါတယ်။ ရုံးမတက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေလည်း ပိုများလာပါတယ်။ ရန်ကုန်မြို့မှာ သံချပ်ကာကားတွေ၊ စစ်သားတွေ လုံခြုံရေးယူထားတာကို မြင်နေရပေမဲ့ ဆန္ဒပြသူတွေကတော့ ဦးတည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြပါတယ်။ ဒီနေ့ကို CDM နေ့အဖြစ် သတ်မှတ်ထားတာနဲ့အတူ နိုင်ငံတော်ဗဟိုဘဏ်က ဝန်ထမ်းတွေ ဒီလှုပ်ရှားမှုထဲ ပါဝင်လာဖို့ တောင်းဆိုသူတွေ မနက်အစောပိုင်းထဲက ဗဟိုဘဏ်ရှေ့မှာ လာရောက်တောင်းဆိုကြပါတယ်။

ဗဟိုဘဏ်ရှေ့မှာ သံချပ်ကာကားတွေ စစ်သားတွေ တန်းစီပိတ်ထားပေမဲ့ ဆန္ဒပြသူတွေ ပိုပြီးသာများလာခဲ့ပါတယ်။ ဗဟိုဘဏ်ရှေ့က ဆန္ဒပြသူတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ဖြတ်သွားတဲ့ ကားတွေပေါ်ကနေလည်း လက် ၃ ချောင်းထောင်ပြတာ၊ ကားဟွန်းတီးတာတွေ လုပ်ကြပါတယ်။ ဆန္ဒလာပြကြသူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်တွေလည်း ပါပါတယ်။ ဒီနေ့ ရန်ကုန်မြို့ထဲမှာ စစ်တပ်တွေဖြန့်ချထားတာကို မြင်နေရပေမဲ့ ဆက်ပြီး ဆန္ဒပြသူလူငယ်တယောက်က သူတို့ဘက်က ကြောက်လို့ လုံခြုံရေးယူတယ်လို့သာမြင်တယ်လို့ ခုလိုပြောပါတယ်။

"ဒါက ပြည်သူတွေ... လက်နက်မရှိတဲ့သူတွေကို သူတို့တွေက ကြောက်နေတယ်လို့ပဲ ညီမ ယူဆပါတယ်။"

ရန်ကုန်မြို့နေရာစုံမှာ ချီတက်ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးဆုံးခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း ချီတက်ဆန္ဒပြမှုတွေ အစောပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၁ ရှေ့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ထိပ်တိုက်တေ့ွခဲ့ကြပြီးနောက်မှာ လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နင်းခဲ့လို့ ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အခုလိုလူစုခွဲချိန် အနီးအနားနေအိမ်တွေထဲ ဝင်ပုန်းကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတွေက အိမ်တွေထဲအထိ လိုက်လံပစ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဘယ်နှယောက် ဖမ်းဆီးခံခဲ့ရသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံထဲကိုလည်း လုံခြုံရေးတွေ အင်အားသုံးဝင်ရောက် ဖြိုခွဲပါတယ်။

မြစ်ကြီးနားမြို့က စက်မှုဇုန်ဓါတ်အားပေး စက်ရုံရှေ့မှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က တနင်္ဂနွေနေ့က အကြမ်းဖက်နှိမ်နင်းခဲ့တုန်းက အဖမ်းခံရတဲ့ သတင်းထောက် ငါး ယောက်ကတော့ ဒီနေ့ပြန်လွတ်လာပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းယူထားတာ သီတင်း နှစ် ပတ်ကျော်လာပြီဖြစ်ပြီး ခေါင်းဆောင်တွေလည်း ဆက်လက်ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ရမန်ယူ ဖမ်းဆီးထားတယ်လို့ တရားရုံးက ဒီကနေ့ ပြောတယ်လို့ သူ့အတွက် ဥပဒေအကျိုးဆောင်လုပ်ပေးဖို့ ကြိုးစားနေတဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။ ၁၇ ရက်နေ့ကျရင် ဇဘူသီရိတရားရုံးမှာ အမှုကို Video conferencing နဲ့ စစ်ဆေးကြားနာမယ်လို့ တရားရုံးက ပြောတဲ့အတွက် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွနိုင်ဖို့အခြေအနေ မရှိဘူးလို့လည်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ခုလိုအခြေအနေမှာပဲ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ NLD ပါတီရုံးချုပ်ကို ရဲနဲ့ စစ်တပ်က ညနေပိုင်းမှာ ဝင်ရောက်ရှာဖွေပါတယ်။ ရုံးချုပ်ရှိတဲ့ လမ်းတဘက် တချက်ကို လုံခြုံရေးတွေပိတ်ပြီး ရှာဖွေခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးတဘက်တချက်မှာ ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်းထိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

"ပြည်သူ့ရဲတွေ ရုန်းထွက်ကြ၊ ရုန်းထွက်ကြ။ ပြည်သူ့ရဲတွေ ရုန်းထွက်ကြ၊ ရုန်းထွက်ကြ။ ပြည်သူ့ရဲတွေ ရုန်းထွက်ကြ၊ ရုန်းထွက်ကြ။"

NLD ရုံးချုပ်ထဲကို ဝင်ရောက်ရှာဖွေတဲ့ အကြောင်းကတော့ အဖမ်းမခံရဘဲ လွတ်မြောက်နေတဲ့ NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်မေဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့ကို လာရောက်ရှာတယ်လို့ ဝင်ရောက်ရှာဖွေတဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ လာရှာသူတွေ ရုံးချုပ်ထဲမှာ ရှိမနေတာကြောင့် နောက်ပိုင်းမှာ လုံခြုံရေးတွေ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

နိုင်ငံတကာမှာရှိကြတဲ့ မြန်မာတွေကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။ သက်ဆိုင်ရာ အစိုးရတွေ နိုင်ငံခြားရေးဌာနတွေကိုသွားပြီး၊ စစ်အုပ်ချုပ်ရေးကောင်စီကို မထောက်ခံဖို့ တိုက်တွန်းစည်းရုံးတာတွေ လုပ်ကြသလို၊ သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံးတွေရှေ့ ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။ VOA ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမှာတော့ မနေ့တုန်းကတော့ မြန်မာ့အရေးတတ်ကြွလှုပ်ရှားသူတွေ စုဝေးပြီး ဝါရှင်တန်မြို့လယ်တလျှောက် ချီတက်ဆန္ဒပြပြီး၊ သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့ဒီမိုကရေစီရေးကို အမေရိကန်အစိုးရအနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။ ဒီမတိုင်ခင်တုန်းကတော့ မြန်မာသံရုံးရှေ့မှာ စုဝေးခဲ့ကြတာပါ။

"ဒီစစ်ပွဲမှာ ကျနော်တို့ ရှုံးလို့မဖြစ်ဘူး။ ကျနော်တို့ နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ အားလုံး အတူတကွ၊ အခုအချိန်မှာ တိုင်းရင်းသားရယ်၊ ဗမာရယ်ဆိုပြီး ခွဲခြားနေရမယ့်အချိန်မဟုတ်ဘူး။ ကျနော်တို့ တိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်တယ်ဆိုတာကို ကျနော် ပြောကြားချင်ပါတယ်။"

မြန်မာသံရုံးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီကို မထောက်ခံဖို့ စည်းရုံးပြောဆိုခဲ့ကြပေမဲ့ ခုချိန်အထိတော့ မြန်မာသံရုံးဝန်ထမ်းတွေဘက်က ဆန္ဒပြလူထုနဲ့ပူးပေါင်းဆောင်ရွက်မယ့်အလားအလာမတွေ့ရသေးဘူးလို့ ဆန္ဒပြခေါင်းဆောင်တဦးက VOA ကိုပြောပါတယ်။ ၂၀၂၀ ရွေးကောက်ခံ NLD အမတ်တွေ စုဖွဲ့ထားတဲ့ CRPH ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း နိုင်ငံအရပ်ရပ်က မြန်မာသံတမန်တွေ မြန်မာသံရုံးဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ခံအစိုးရကိုသာ အသိအမှတ်ပြုပြီး၊ စစ်ကောင်စီကို ကိုုယ်စားပြုပြောဆိုတာမျိုး မလုပ်ဖို့ တိုက်တွန်းတောင်းဆိုနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guetterus ကတော့ မြန်မာနိုင်ငံအနှံ ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အပြည့်အဝလေးစားဖို့နဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာမျိုး မလုပ်ဖို့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာနိုင်ဖို့ သတ်မှတ်ထားတဲ့အခြေအနေတခုအောက်မှာ ကုလအထူးကိုယ်စားလှယ် Christine Burgener ကို မြန်မာနိုင်ငံ ဝင်ခွင့်ပေးဖို့လည်း အာဏာသိမ်းယူထားသူတွေကို တောင်းဆိုပါတယ်။

မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေး၊ တရားဥပဒေစိုးမိုးရေး ရရှိဖို့ ကြိုးပမ်းမှုကို ကုလသမဂ္ဂအနေနဲ့ မယိမ်းမယိုင် ဆက်ပြီး ထောက်ခံသွားမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံပြီး ကတိပြုကြောင်း စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သတင်းအချက်လက် ရပိုင်ခွင့်အပါအဝင် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို ဟန့်တား နှောက်ယှက်မှု မလုပ်ဖို့လည်း မစ္စတာ Guetterus က တိုက်တွန်းပါတယ်။

အမေရိကန်၊ ဗြိတိန်၊ Australia နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေကလည်း စုပေါင်းပြီး တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ တရားဝင်ရွေးကောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်သလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အကြမ်းဖက် မနှိမ်နှင်းဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်တာအပြင် မြန်မာနိုင်ငံသားတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ဥပဒေအရအကာအကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်နေတဲ့အပေါ် လူသိရှင်ကြားကန့်ကွက်ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ပြောပါတယ်။ နိုင်ငံခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေကို ဆက်ဖမ်းဆီးနေတာကိုလည်း ရှုတ်ချပါတယ်။

ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို လိုလားတောင်းဆိုနေကြတဲ့ မြန်မာပြည်သူလူထုကို ထောက်ခံအားပေးနေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်လို့ အမေရိကန်၊ ဗြိတိန်၊ Australia နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ စုပေါင်းပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG