သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

CDM ဝန္ထမ္းဆႏၵျပမႈကို တတ္ႂကြလႈပ္ရွားသူေတြ ကူညီဝန္းရံ


မႏၱေလးၿမိဳ႕က သန္႔ရွင္းေရးဝန္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါဝင္ဆႏၵထုတ္ေဖာ္ေနတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြကုိ ထိန္းထားႏုိင္ေအာင္ တက္ၾကြလႈပ္ရွားသူေတြ ႀကိဳးပမ္းေနၾကပါတယ္။ အလုပ္မဆင္းဘဲ ဆန္႔က်င္ကန္႔ကြက္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀န္ၾကတဲ့ ဝန္ထမ္းေတြကုိ အကူအညီေပးဖုိ႔လည္း ျပင္ဆင္ေနၾကတာပါ။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈကုိ ႏုိင္ငံအဝန္းက ဝန္ထမ္းေတြ၊ အလုပ္သမားေတြ ပူးေပါင္းပါ၀င္လာတာေၾကာင့္ ဒီအေျခအေနကုိ ဆက္ထိန္းထားႏုိင္ေအာင္ ဦးေဆာင္သူေတြ ႀကိဳးပမ္းေနၾကတာပါ။ အလုပ္မဆင္းဘဲ ဆႏၵျပတဲ့ လႈပ္ရွားမႈဟာ အုပ္ခ်ဳပ္မႈယႏၲရားကို ရပ္တန႔္ဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္တာေၾကာင့္ ဆက္ထိန္းထားႏုိင္ဖုိ႔ အေရးႀကီးတယ္လုိ႔လည္း စစ္အာဏာရွင္ ဆန႔္က်င္ေရး လူထုလႈပ္ရွားမႈ ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ (Joint Action Committee) ေျပာခြင့္ရ ကိုေက်ာ္ေက်ာ္က ေျပာပါတယ္။

“ဦးေနဝင္းအစိုးရေရာ၊ မဆလ အစိုးရေရာ ႏိုင္ငံတကာနဲ႔ စီးပြားေရးခ်ိတ္ဆက္မႈက သိပ္မရွိဘူး။ အဲဒီေတာ့ သူတို႔ အက်ိဳးစီးပြားပ်က္စီးမႈက သိပ္မရွိဘူး။ အဲဒီေတာ့ အရင္တုန္းက အာဏာသာ အဓိကေပါ့။ အခုက်ေတာ့ မင္းေအာင္လႈိင္က အာဏာသိမ္းတာက သူ႔အက်ိဳးစီးပြားအတြက္ သိမ္းတာဆိုေတာ့ က်ေနာ္တို႔က အခုတိုက္ပြဲမွာ သူ႔ရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားကိုလည္းတိုက္သလို၊ သူနဲ႔တကြ သူ႔ကိုဝန္းရံ ေထာက္ခံေနတဲ့လူေတြရဲ႕ အက်ိဳးစီးပြားကိုပါ က်ေနာ္တို႔ တိုက္ရမယ္။ အဲဒီေတာ့ က်ေနာ္တို႔က ဒီႏွစ္ခုစလုံးကို ဦးတည္ၿပီး တိုက္ဖို႔လိုတယ္။ ရပ္တန႔္ႏိုင္မယ္ ဆိုရင္ေတာ့ တစ္လအတြင္းမွာတင္ အဆုံးအျဖတ္တခု ေပၚလာလိမ့္မယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္ဗ်။”

ႏုိင္ငံအ၀န္းက ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြ အင္အားျဖည့္ထားေပမဲ့ တက္ၾကြလႈပ္ရွားသူေတြကေတာ့ ဒီသီတင္းပတ္ထဲ လႈပ္ရွားမႈမွာ အလုပ္သမားေတြ၊ ၀န္ထမ္းေတြ ဆက္လက္ ပူးေပါင္းပါ၀င္ၾကဖုိ႔ တုိက္တြန္းထားပါတယ္။ တခ်ိန္တည္းမွာပဲ CDM လႈပ္ရွားမႈအတြက္ အရပ္ဘက္နဲ႔ ပရဟိတအဖြဲ႕အစည္းေတြလည္း ေဒသအလိုက္ ၀ုိင္း၀န္းပံ့ပုိးေပးေနၾကပါတယ္။ CDM လႈပ္ရွားမႈ ေအာင္ျမင္ဖုိ႔အတြက္ ဒီလႈပ္ရွားမႈမွာ ပါ၀င္လာၾကတဲ့ ၀န္ထမ္းေတြ၊ အလုပ္သမားေတြကုိ ပံ့ပုိးႏုိင္ဖို႔ အေရးႀကီးတယ္လုိ႔လည္း မႏၲေလး CDM ေထာက္ပံ့ကူညီေရးအဖြဲ႕ (CDM Support Mandalay) ဦးေဆာင္သူ ေဒါက္တာေနသုခက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ အခုဘူတာႀကီးေရွ႕မွာေလ ထိုင္သပိတ္ မႏၲေလးအေနနဲ႔ ထိုင္သပိတ္လုပ္တဲ့အခ်ိန္မွာ ဆရာဝန္ေတြ၊ ဆရာမေတြ၊ စည္ပင္ေတြ ေတာ္ေတာ္မ်ားမ်ား ပါလာၾကပါၿပီ။ လမ္းေပၚထြက္တဲ့အထိကို ပါလာၾကပါၿပီ။ က်ေနာ္တို႔ စည္း႐ုံးႏိုင္မႈေကာင္းတယ္။ ေနာက္ၿပီး သူတို႔ကို ေထာက္ပံ့ႏိုင္မႈ၊ cover ေပးႏိုင္မႈ ေကာင္းရင္ ေကာင္းသေလာက္ ျမန္သြားမွာ။ အဲဒါက အကုန္လုံးေပါင္းၿပီး၊ ဝိုင္းၿပီး တြန္းမွရမွာ။”

ႏိုင္ငံတကာဖိအား၊ ျပည္တြင္းဖိအားနဲ႔ ဝန္ထမ္းေတြရဲ႕ တက္ႂကြတဲ့ပါဝင္မႈေတြေၾကာင့္ မၾကာခင္မွာ သပိတ္တိုက္ပြဲ ေအာင္ျမင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေက်ာင္းသား၊ ေရွ႕ေနေတြနဲ႔ အရပ္ဘက္အဖြဲ႕ေတြ ေပါင္းစည္းထားတဲ့ မေကြးတိုင္း CDM ေထာက္ပံ့ေရးက ကိုေက်ာ္ကိုရွိန္က ေျပာပါတယ္။ CDM လုပ္ရင္းစိတ္ဖိစီးေနသူေတြ၊ ဒုကၡေရာက္ သူေတြအတြက္ ႏွစ္သိမ့္ေဆြးေႏြးေပးတာ၊ အခမဲ့ေရွ႕ေနလိုက္ေပးတာ၊ ဝန္ထမ္းအိမ္ယာေတြက ႏွင္ထုတ္ခံရတာေတြအတြက္ စီစဥ္ေပးေနေၾကာင္းလည္း ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ေထာက္ပံ့ေၾကးလို႔ မသုံးပါဘူး။ ခ်ီးျမႇင့္ဂုဏ္ျပဳတဲ့ အစီအစဥ္ေတြလည္း ျပဳလုပ္ထားပါတယ္။ သြားေရးလာေရး အခက္အခဲ ျဖစ္တယ္ဆိုရင္လည္း လူမႈေရးအသင္းအဖြဲ႕က ကားေတြနဲ႔ အဆင္သင့္ခ်ိတ္ဆက္ ထားတယ္ေပါ့။ ေကာက္ေနတဲ့ စာရင္းအရ တေန႔ထက္တေန႔ တရိပ္ရိပ္တက္လာတယ္ဆိုေတာ့ ၁၀၀ ရာခိုင္ႏႈန္းေၾကညာႏိုင္တယ္ဆိုရင္ ေအာင္ျမင္ၿပီလို႔ ေျပာလို႔ရတယ္ေပါ့။ အစိုးရယႏၲရား လုံးဝရပ္သြားမယ့္ အေနအထားမ်ိဳး ေတြ႕ရမယ္။ အဲဒီေတာ့ က်ေနာ္တို႔ သိပ္မၾကာေတာ့ဘူးလို႔ပဲ က်ေနာ္တို႔ ယူဆပါတယ္။”

ႏိုင္ငံ့ဝန္ထမ္းေတြဟာ ႏိုင္ငံရဲ႕ ယႏၲရားကို သက္ဝင္ေစဖို႔ လုပ္ရတဲ့သူေတြျဖစ္လို႔ စီးပြားေရးစနစ္နဲ႔ အစိုးရ ဘယ္လိုပဲေျပာင္းေျပာင္း စဥ္ဆက္မျပတ္ ဆက္လုပ္ၾကဖို႔နဲ႔ တာဝန္ပ်က္ကြက္ရင္ ႏိုင္ငံ့ဝန္ထမ္းဥပေဒ၊ နည္းဥပေဒ အတိုင္း အေရးယူႏိုင္တယ္လို႔ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက ႏိုင္ငံပိုင္သတင္းစာကေန တနဂၤေႏြေန႔မွာ ေၾကညာခဲ့တာပါ။

အာဏာထိန္းထားႏိုင္ဖို႔ လိုအပ္တဲ့ဥပေဒတခ်ိဳ႕ကိုလည္း အာဏာပုိင္ေတြက ဒီရက္ပိုင္းအတြင္းမွာပဲ ျပင္ဆင္လိုက္ေပမဲ့ ေ႐ြးေကာက္ပြဲအႏိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ကေတာ့ ဒီလုပ္ရပ္ေတြဟာ တရားဝင္မႈမရွိေၾကာင္းေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

CDM ဝန်ထမ်းဆန္ဒပြမှုကို တတ်ကြွလှုပ်ရှားသူတွေ ကူညီဝန်းရံ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ထိန်းထားနိုင်အောင် တက်ကြွလှုပ်ရှားသူတွေ ကြိုးပမ်းနေကြပါတယ်။ အလုပ်မဆင်းဘဲ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝန်ကြတဲ့ ဝန်ထမ်းတွေကို အကူအညီပေးဖို့လည်း ပြင်ဆင်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ငြိမ်းချမ်းတဲ့နည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကို နိုင်ငံအဝန်းက ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ပူးပေါင်းပါဝင်လာတာကြောင့် ဒီအခြေအနေကို ဆက်ထိန်းထားနိုင်အောင် ဦးဆောင်သူတွေ ကြိုးပမ်းနေကြတာပါ။ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့ လှုပ်ရှားမှုဟာ အုပ်ချုပ်မှုယန္တရားကို ရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ဆက်ထိန်းထားနိုင်ဖို့ အရေးကြီးတယ်လို့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ( Joint Action Committee) ပြောခွင့်ရ ကိုကျော်ကျော်က ပြောပါတယ်။

“ဦးနေဝင်းအစိုးရရော၊ မဆလ အစိုးရရော နိုင်ငံတကာနဲ့ စီးပွားရေးချိတ်ဆက်မှုက သိပ်မရှိဘူး။ အဲဒီတော့ သူတို့ အကျိုးစီးပွားပျက်စီးမှုက သိပ်မရှိဘူး။ အဲဒီတော့ အရင်တုန်းက အာဏာသာ အဓိကပေါ့။ အခုကျတော့ မင်းအောင်လှိုင်က အာဏာသိမ်းတာက သူ့အကျိုးစီးပွားအတွက် သိမ်းတာဆိုတော့ ကျနော်တို့က အခုတိုက်ပွဲမှာ သူ့ရဲ့ အုပ်ချုပ်ရေး ယန္တရားကိုလည်းတိုက်သလို၊ သူနဲ့တကွ သူ့ကိုဝန်းရံ ထောက်ခံနေတဲ့လူတွေရဲ့ အကျိုးစီးပွားကိုပါ ကျနော်တို့ တိုက်ရမယ်။ အဲဒီတော့ ကျနော်တို့က ဒီနှစ်ခုစလုံးကို ဦးတည်ပြီး တိုက်ဖို့လိုတယ်။ ရပ်တန့်နိုင်မယ် ဆိုရင်တော့ တစ်လအတွင်းမှာတင် အဆုံးအဖြတ်တခု ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ဗျ။”

နိုင်ငံအဝန်းက မြို့တော်တော်များများမှာ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားဖြည့်ထားပေမဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီသီတင်းပတ်ထဲ လှုပ်ရှားမှုမှာ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ဆက်လက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ CDM လှုပ်ရှားမှုအတွက် အရပ်ဘက်နဲ့ ပရဟိတအဖွဲ့အစည်းတွေလည်း ဒေသအလိုက် ဝိုင်းဝန်းပံ့ပိုးပေးနေကြပါတယ်။ CDM လှုပ်ရှားမှု အောင်မြင်ဖို့အတွက် ဒီလှုပ်ရှားမှုမှာ ပါဝင်လာကြတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို ပံ့ပိုးနိုင်ဖို့ အရေးကြီးတယ်လို့လည်း မန္တလေး CDM ထောက်ပံ့ကူညီရေးအဖွဲ့ (CDM Support Mandalay) ဦးဆောင်သူ ဒေါက်တာနေသုခက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အခုဘူတာကြီးရှေ့မှာလေ ထိုင်သပိတ် မန္တလေးအနေနဲ့ ထိုင်သပိတ်လုပ်တဲ့အချိန်မှာ ဆရာဝန်တွေ၊ ဆရာမတွေ၊ စည်ပင်တွေ တော်တော်များများ ပါလာကြပါပြီ။ လမ်းပေါ်ထွက်တဲ့အထိကို ပါလာကြပါပြီ။ ကျနော်တို့ စည်းရုံးနိုင်မှုကောင်းတယ်။ နောက်ပြီး သူတို့ကို ထောက်ပံ့နိုင်မှု၊ cover ပေးနိုင်မှု ကောင်းရင် ကောင်းသလောက် မြန်သွားမှာ။ အဲဒါက အကုန်လုံးပေါင်းပြီး၊ ဝိုင်းပြီး တွန်းမှရမှာ။”

နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအားနဲ့ ဝန်ထမ်းတွေရဲ့ တက်ကြွတဲ့ပါဝင်မှုတွေကြောင့် မကြာခင်မှာ သပိတ်တိုက်ပွဲ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကျောင်းသား၊ ရှေ့နေတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းစည်းထားတဲ့ မကွေးတိုင်း CDM ထောက်ပံ့ရေးက ကိုကျော်ကိုရှိန်က ပြောပါတယ်။ CDM လုပ်ရင်းစိတ်ဖိစီးနေသူတွေ၊ ဒုက္ခရောက် သူတွေအတွက် နှစ်သိမ့်ဆွေးနွေးပေးတာ၊ အခမဲ့ရှေ့နေလိုက်ပေးတာ၊ ဝန်ထမ်းအိမ်ယာတွေက နှင်ထုတ်ခံရတာတွေအတွက် စီစဉ်ပေးနေကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ကတော့ ထောက်ပံ့ကြေးလို့ မသုံးပါဘူး။ ချီးမြှင့်ဂုဏ်ပြုတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ထားပါတယ်။ သွားရေးလာရေး အခက်အခဲ ဖြစ်တယ်ဆိုရင်လည်း လူမှုရေးအသင်းအဖွဲ့က ကားတွေနဲ့ အဆင်သင့်ချိတ်ဆက် ထားတယ်ပေါ့။ ကောက်နေတဲ့ စာရင်းအရ တနေ့ထက်တနေ့ တရိပ်ရိပ်တက်လာတယ်ဆိုတော့ ၁၀၀ ရာခိုင်နှုန်းကြေညာနိုင်တယ်ဆိုရင် အောင်မြင်ပြီလို့ ပြောလို့ရတယ်ပေါ့။ အစိုးရယန္တရား လုံးဝရပ်သွားမယ့် အနေအထားမျိုး တွေ့ရမယ်။ အဲဒီတော့ ကျနော်တို့ သိပ်မကြာတော့ဘူးလို့ပဲ ကျနော်တို့ ယူဆပါတယ်။”

နိုင်ငံ့ဝန်ထမ်းတွေဟာ နိုင်ငံရဲ့ ယန္တရားကို သက်ဝင်စေဖို့ လုပ်ရတဲ့သူတွေဖြစ်လို့ စီးပွားရေးစနစ်နဲ့ အစိုးရ ဘယ်လိုပဲပြောင်းပြောင်း စဉ်ဆက်မပြတ် ဆက်လုပ်ကြဖို့နဲ့ တာဝန်ပျက်ကွက်ရင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ အတိုင်း အရေးယူနိုင်တယ်လို့ စစ်အုပ်ချုပ်ရေး ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာပါ။

အာဏာထိန်းထားနိုင်ဖို့ လိုအပ်တဲ့ဥပဒေတချို့ကိုလည်း အာဏာပိုင်တွေက ဒီရက်ပိုင်းအတွင်းမှာပဲ ပြင်ဆင်လိုက်ပေမဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ဒီလုပ်ရပ်တွေဟာ တရားဝင်မှုမရှိကြောင်းပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG