သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံရသူ‌ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရဖို႔ ေရွ႕ေနျဖစ္သူေတြ ႀကိဳးပမ္း


ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ (ညာ)နဲ႔ သမၼတဦးဝင္းျမင့္ (ဝဲ)။ (ဇန္နဝါရီ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးထားတဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေတြ႔ခြင့္ရဖုိ႔ ဥပေဒအက်ဳိးေဆာင္က ႀကိဳးပမ္းေနပါတယ္။ စစ္တပ္က ဖမ္းဆီးထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တုိ႔ကုိ ဥပေဒအရ ခံစားခြင့္ေတြ ဆုံး႐ႈံးေနတဲ့အေပၚ ဥပေဒပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ေတြကုိေတာ့ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ပုိ႔ကုန္၊ သြင္းကုန္ ဥပေဒ ပုဒ္မ ၈၊ သမၼတဦးဝင္းျမင့္ကုိ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅ တုိ႔နဲ႔ ဇဗၺဴသီရိၿမိဳ႕နယ္ တရား႐ံုးမွာ အမႈဖြင့္ထားေပမဲ့ ဒီေန႔အထိ ဥပေဒအက်ဳိးေဆာင္ေတြနဲ႔ ေတြ႔ခြင့္မရေသးပါဘူး။ ဒါေၾကာင့္လည္း ေတြ႔ခြင့္ရဖုိ႔ အာဏာပုိင္ေတြထံ ေတာင္းခံထားတယ္လုိ႔ အမႈမွာ လုိက္ပါအက်ဳိးေဆာင္ေပးဖုိ႔ ျပင္ဆင္ထားတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေနျပည္ေတာ္မွာ ဒီကေန႔ပဲ သတင္းေထာက္ေတြကုိ ေျပာပါတယ္။

"ေတြ႕ဖို႔အလားအလာ ယတိျပတ္ေျပာမယ္ဗ်ာ... အလားအလာ မရွိဘူး။ အခုမရွိလို႔ ဒီလိုျဖစ္ေနတာေပါ့။ က်ေနာ္ေျပာတာက ဒီလို အဲဒီအလားအလာအတြက္ က်ေနာ္တို႔ႀကိဳးစားမယ္။ ႀကိဳးစားမယ္ဆုိတာက ဥပေဒနဲ႔အညီ ေရွ႕ေန႔က ညႊန္ၾကားခ်က္ယူဖို႔ ရွိတဲ့အတြက္ေၾကာင့္ ေတြ႕ဖို႔ႀကိဳးစားပါမယ္။ သက္ဆိုင္ရာခရုိ္င္ ရဲတပ္ဖြဲ႕မွဴးကုိ က်ေနာ္တို႔ထပ္ၿပီးေတာ့ ႀကိဳးစားပါ့မယ္။ အဲဒီေတာ့ ဘယ္လုိပဲျဖစ္ျဖစ္ တရားေရးရဲ႕ သေဘာထားကေတာ့ ေရွ႕ေနမပါလို႔မျဖစ္ဘူး။ အဲဒီေတာ့ ေရွ႕ေနပါရင္လည္း ေရွ႕ေနက ညႊန္ၾကားခ်က္ယူဖို႔ ေတြ႕ရမွာေပါ့ဗ်ာ။ အဲဒီ ေတြ႕ရမွာကို ဘယ္လိုစီစဥ္ေပးမလဲဆုိတာကုိေတာ့ က်ေနာ္တို႔မသိဘူးေပါ့ အဲဒါကေတာ့။"

ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တုိ႔ကုိ ရမန္ခ်ဳပ္ရက္ျပည့္တဲ့ ေန႔ရက္ အတိအက်ကုိလည္း မသိရဘူးလုိ႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ အေစာပုိင္း သတင္းေတြအရ ဒီကေန႔ ရမန္ျပည့္တဲ့ ရက္အျဖစ္ သိထားရတာေၾကာင့္ ေရွ႕ေနပါဝါတင္ဖို႔လာတာ ျဖစ္ေပမဲ့ ခရိုင္တရားသူႀကီးက ၁၇ ရက္ေန႔အထိ ရမန္ယူထားေၾကာင္း ေျပာဆုိခဲ့ၿပီး၊ အမႈကိုလည္း ဇဗၺဴသီရိၿမိဳ႕နယ္တရားရံုးမွာ Video Conferencing နဲ႔သာ လုပ္ေဆာင္မွာျဖစ္တယ္လို႔ ေျပာဆုိခဲ့ေၾကာင္းလည္း ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ျပည္ေထာင္စုေရွ႕ေနမ်ားနဲ႔ ဥပေဒအေထာက္အကူျပဳသူမ်ားအဖြဲ႕ ဥကၠ႒ျဖစ္သူ ေရွ႕ေန ဦးႀကီးျမင့္ကေတာ့ ဖမ္းဆီးခံထားရသူေတြကုိ ဥပေဒအက်ဳိးေဆာင္ေတြ ေတြ႔ခြင့္မရတာဟာ အေျခခံအခြင့္ေရးေတြကုိ ခ်ဳိးေဖာက္ရာေရာက္တယ္လုိ႔ ဗြီအုိေအကုိ ေျပာပါတယ္။

"အဖမ္းခံရၿပီဆုိကတည္းက ေရွ႕ေနေတြနဲ႔ ေတြ႕ခြင့္ေပးရမယ္ဆုိတာ ဒါက်င့္ထုံးဥပေဒေတြမွာ ျပဌာန္းထားၿပီးသားပဲေလ။ ၁ ရက္ေန႔က ဖမ္းတယ္ဆိုေတာ့ ရမန္ႀကီး ၁၄ ရက္နဲ႔ေပါင္းလိုက္ရင္ ၁၅ ရက္ေန႔ ဒီေန႔မွာ ရံုးထုတ္ရမယ္ေလ။ ဒါမွမဟုတ္ရင္လည္း ရမန္ဆက္ယူရမယ္ေလ။ ဒါ ဥပေဒပဲေလ။ သူတုိ႔က အဲဒါကို ရက္စြဲကိုေျပာင္းလိုက္ၿပီးေတာ့ ၁၇ ရက္ေန႔ဆုိၿပီးေတာ့ ေနာက္ထပ္ ၂ ရက္ထပ္တိုးလုိက္တာ အဲဒီကတည္းကစ ဥပေဒက မညီေတာ့ဘူးေလ။ Video Conference နဲ႔ ၾကားနာရမယ္ ဆုိတဲ့အခါက်ေတာ့ ဒီကသြားတင္တဲ့ ေရွ႕ေနက ဘယ္သြားတင္ရမွာလဲ။ သူတို႔က တရားရံုးထဲလည္း အဝင္မခံဘူးေလ။ တရားခံနဲ႔ တရားရံုးနဲ႔ပဲ တုိက္ရိုက္ဆက္ဆံမယ္ဆုိတဲ့ အခါက်ေတာ့ ေရွ႕ေနက ဘယ္သြားတင္ရမွာလဲ။ အဲဒါေတြကေတာ့ ဥပေဒနဲ႔ တခုမွမညီပါဘူး။"

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဲြဆုိထားတဲ့ ပုိ႔ကုန္၊သြင္းကုန္ဥပေဒ ပုဒ္မ ၈ အရ အျပစ္ရွိေၾကာင္း ဆုံးျဖတ္မယ္ဆုိရင္ေတာ့ အျမင့္ဆံုးျပစ္ဒဏ္ ေထာင္ ၃ ႏွစ္ က်ခံရမွာျဖစ္သလုိ၊ သမၼတဦးဝင္းျမင့္အေပၚ စဲြဆုိထားတဲ့ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅ ဟာလည္း အျမင္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၃ ႏွစ္က်ခံရႏုိင္ပါတယ္။

ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ မဲအျပတ္အသတ္နဲ႔ အနုိင္ရခဲ့တဲ့ NLD ပါတီနာယကျဖစ္သူ ဦးဝင္းထိန္ကုိလည္း ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ က နဲ႔ ရမန္ယူထားတာ ၁၉ ရက္ေန႔ဆုိ ျပည့္မွာျဖစ္ေပမဲ့ ဘယ္တရားရံုးမွာ ရံုးထုတ္စစ္ေဆးသြားမလဲဆုိတာကိုေတာ့ မသိရေသးပါဘူး။

အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ ထိန္းသိမ္းခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အဆက္အသြယ္ရဖုိ႔ ႀကိဳးပမ္းခဲ့ေပမဲ့ ျမန္မာအာဏာပုိင္ေတြက ျငင္းပယ္ခဲ့ေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းဆီးခံရသူ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေဖြစ်သူတွေ ကြိုးပမ်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ဥပဒေအကျိုးဆောင်က ကြိုးပမ်းနေပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဥပဒေအရ ခံစားခွင့်တွေ ဆုံးရှုံးနေတဲ့အပေါ် ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပေမဲ့ ဒီနေ့အထိ ဥပဒေအကျိုးဆောင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။ ဒါကြောင့်လည်း တွေ့ခွင့်ရဖို့ အာဏာပိုင်တွေထံ တောင်းခံထားတယ်လို့ အမှုမှာ လိုက်ပါအကျိုးဆောင်ပေးဖို့ ပြင်ဆင်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က နေပြည်တော်မှာ ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောပါတယ်။

"တွေ့ဖို့အလားအလာ ယတိပြတ်ပြောမယ်ဗျာ... အလားအလာ မရှိဘူး။ အခုမရှိလို့ ဒီလိုဖြစ်နေတာပေါ့။ ကျနော်ပြောတာက ဒီလို အဲဒီအလားအလာအတွက် ကျနော်တို့ကြိုးစားမယ်။ ကြိုးစားမယ်ဆိုတာက ဥပဒေနဲ့အညီ ရှေ့နေ့က ညွှန်ကြားချက်ယူဖို့ ရှိတဲ့အတွက်ကြောင့် တွေ့ဖို့ကြိုးစားပါမယ်။ သက်ဆိုင်ရာခရိုင် ရဲတပ်ဖွဲ့မှူးကို ကျနော်တို့ထပ်ပြီးတော့ ကြိုးစားပါ့မယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် တရားရေးရဲ့ သဘောထားကတော့ ရှေ့နေမပါလို့မဖြစ်ဘူး။ အဲဒီတော့ ရှေ့နေပါရင်လည်း ရှေ့နေက ညွှန်ကြားချက်ယူဖို့ တွေ့ရမှာပေါ့ဗျာ။ အဲဒီ တွေ့ရမှာကို ဘယ်လိုစီစဉ်ပေးမလဲဆိုတာကိုတော့ ကျနော်တို့မသိဘူးပေါ့ အဲဒါကတော့။"

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရမန်ချုပ်ရက်ပြည့်တဲ့ နေ့ရက် အတိအကျကိုလည်း မသိရဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ အစောပိုင်း သတင်းတွေအရ ဒီကနေ့ ရမန်ပြည့်တဲ့ ရက်အဖြစ် သိထားရတာကြောင့် ရှေ့နေပါဝါတင်ဖို့လာတာ ဖြစ်ပေမဲ့ ခရိုင်တရားသူကြီးက ၁၇ ရက်နေ့အထိ ရမန်ယူထားကြောင်း ပြောဆိုခဲ့ပြီး၊ အမှုကိုလည်း ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ Video Conferencing နဲ့သာ လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကြီးမြင့်ကတော့ ဖမ်းဆီးခံထားရသူတွေကို ဥပဒေအကျိုးဆောင်တွေ တွေ့ခွင့်မရတာဟာ အခြေခံအခွင့်ရေးတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"အဖမ်းခံရပြီဆိုကတည်းက ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးရမယ်ဆိုတာ ဒါကျင့်ထုံးဥပဒေတွေမှာ ပြဌာန်းထားပြီးသားပဲလေ။ ၁ ရက်နေ့က ဖမ်းတယ်ဆိုတော့ ရမန်ကြီး ၁၄ ရက်နဲ့ပေါင်းလိုက်ရင် ၁၅ ရက်နေ့ ဒီနေ့မှာ ရုံးထုတ်ရမယ်လေ။ ဒါမှမဟုတ်ရင်လည်း ရမန်ဆက်ယူရမယ်လေ။ ဒါ ဥပဒေပဲလေ။ သူတို့က အဲဒါကို ရက်စွဲကိုပြောင်းလိုက်ပြီးတော့ ၁၇ ရက်နေ့ဆိုပြီးတော့ နောက်ထပ် ၂ ရက်ထပ်တိုးလိုက်တာ အဲဒီကတည်းကစ ဥပဒေက မညီတော့ဘူးလေ။ Video Conference နဲ့ ကြားနာရမယ် ဆိုတဲ့အခါကျတော့ ဒီကသွားတင်တဲ့ ရှေ့နေက ဘယ်သွားတင်ရမှာလဲ။ သူတို့က တရားရုံးထဲလည်း အဝင်မခံဘူးလေ။ တရားခံနဲ့ တရားရုံးနဲ့ပဲ တိုက်ရိုက်ဆက်ဆံမယ်ဆိုတဲ့ အခါကျတော့ ရှေ့နေက ဘယ်သွားတင်ရမှာလဲ။ အဲဒါတွေကတော့ ဥပဒေနဲ့ တခုမှမညီပါဘူး။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ပို့ကုန်၊သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အပြစ်ရှိကြောင်း ဆုံးဖြတ်မယ်ဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် ကျခံရမှာဖြစ်သလို၊ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဟာလည်း အမြင်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်ကျခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD ပါတီနာယကဖြစ်သူ ဦးဝင်းထိန်ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က နဲ့ ရမန်ယူထားတာ ၁၉ ရက်နေ့ဆို ပြည့်မှာဖြစ်ပေမဲ့ ဘယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေက ငြင်းပယ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG