သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ပိုး အမ်ားျပည္သူၾကား ရွိေနဦးမည္


တရုတ္ႏိုင္ငံ Beijing ၿမိဳ႕မွာ ကိုဗစ္ေရာဂါစစ္ေဆးဖို႔ေစာင့္ဆိုင္းေနၾကသူမ်ား။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

အလ်င္အျမန္ေျပာင္းလဲျဖစ္ေပၚေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမၻာ့လူထုၾကားမွာ တခ်ိန္အတုိင္းတာတခုအေနနဲ႔ ရွိေနလိမ့္အံုးမယ္လို႔ သိပၸံပညာရွင္ေတြက ေျပာလိုက္ပါတယ္။ ကမၻာ့လူဦးေရ ၂,၀၀၀,၀၀၀ ေက်ာ္ကို ေသေစခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္တုိက္ဖ်က္ေရးမွာ ကိုဗစ္-၁၉ ကာကြယ္ေဆးေတြဟာ အေရးႀကီးေၾကာင္းကိုလည္း သူတို႔က အတည္ျပဳေျပာခဲ့ၾကတာပါ။

အိႏၵိယႏိုင္ငံ လူထုက်န္းမာေရးအရာရွိ ေဒါက္တာ T. Jacob John က ကို႐ိုနာဗို္င္းရပ္စ္ဟာ ကမၻာႀကီးမွာ ပိုလီယိုလို၊ ေက်ာက္ေရာဂါလိုမ်ဳိး ဒီ ဗိုင္းရပ္စ္ကေတာ့ ရွိေနေတာ့မွာျဖစ္တယ္လို႔ ေအပီသတင္းဌာနကို ေျပာပါတယ္။

ဇင္ဘာေဘြႏုိင္ငံဟာ ပထမအသုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို အခု တနလၤာေန႔မွာ စတင္ထိုးေပးခဲ့ပါၿပီ။ The Sinopharm ကာကြယ္ေဆးကို တ႐ုတ္ႏုိင္ငံက ဇင္ဘာေဘြကို လႉခဲ့တာျဖစ္ၿပီး အစိုးရက ထပ္ၿပီးဝယ္ယူထားတဲ့ ေဆးအလံုးေရ ၆၀၀,၀၀၀ ကေတာ့ ေနာက္လထဲမွာ ေရာက္မယ္လို႔ ခန္႔မွန္းေၾကာင္း ႏုိင္ငံပိုင္သတင္းမွာ ေဖာ္ျပပါတယ္။ ဒီေဆးေတြ ေရာက္လာၿပီဆိုရင္ေတာင္မွာ ဇင္ဘာေဘြျပည္သူေတြအားလံုး အတြက္ဆိုရင္ ေနာက္ထပ္ ေဆးအလံုး သန္းေပါင္းမ်ားစြာ လိုေနတာပါ။

အစၥေရးႏိုင္ငံမွာလည္း ျပည္သူေတြ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထုိးလုပ္ငန္းကို က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္ေပးခဲ့ေပမဲ့ အခု သတင္းအတုေတြနဲ႔ အယူသီးမႈေတြ၊ ေနာက္ တခါတရံမွာ လူထုၾကားမွာနဲ႔အင္တာနက္ေတြအေပၚမွာ က-ဖ်က္၊ ယ-ဖ်က္ အေျပာမ်ဳိးနဲ႔ ထင္ျမင္ခ်က္ေတြေၾကာင့္ ဒီေဆးထုိးလုပ္ငန္းဟာ ျဖည္းျဖည္းခ်င္းေႏွးသြားေၾကာင္း - ဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ နာတန္ရာဟုက ေျပာပါတယ္။

သုေတသနပညာရွင္ေတြဟာ အနည္းဆံုး ကုိဗစ္-၁၉ ဗီဇမ်ဳိးကြဲသစ္ ၇ မ်ဳိးကုိ အေမရိကန္ျပည္ေထာင္စုထဲမွာ ေတြ႔ရွိခဲ့ပါတယ္။ ဒါဟာ အေမရိကန္မွာေတြ႔ရတဲ့ ဗုိင္းရပ္စ္အသစ္ေတြဟာ ၿဗိတိန္နဲ႔ ေတာင္အာဖရိကမွာေတြ႔ရတဲ့ မ်ဳိးကြဲေတြထက္ ပိုၿပီး ကူးစက္ႏႈန္းျမန္သလား ဆိုတာကိုလည္း ခ်က္ျခင္း ကြဲကြဲျပားျပား မသိရေသးပါဘူး။

အေမရိကန္မွာေတာ့ ဒီလထဲ ပထမဆံုးအျဖစ္ ကူးစက္မႈ ၁၀၀,၀၀၀ ေအာက္က်ဆင္းသြားပါတယ္။ ဒါေပမဲ့ ကိုဗစ္အတည္ျပဳလူနာအမ်ားဆံုး ႏုိင္ငံအျဖစ္ေတာ့ ဆက္ၿပီးရွိေနတုန္းပါပဲ။ ကမၻာမွာ ကိုဗစ္ အတည္ျပဳလူနာ ၁၀၈ သန္းေက်ာ္ရွိၿပီး အေမရိကန္က ၂၇ သန္းေက်ာ္၊ အိႏၵိယမွာ ၁၀.၉ သန္းနဲ႔ ဘရာဇီးလ္မွာက ၉.၈ သန္း ကူးစက္ခံထားရေၾကာင္း ဂၽြန္ေဟာ့ပ္ကင္စ္ စာရင္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ပိုး အများပြည်သူကြား ရှိနေဦးမည်

အလျင်အမြန်ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့လူထုကြားမှာ တချိန်အတိုင်းတာတခုအနေနဲ့ ရှိနေလိမ့်အုံးမယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ ကမ္ဘာ့လူဦးရေ ၂,၀၀၀,၀၀၀ ကျော်ကို သေစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ အရေးကြီးကြောင်းကိုလည်း သူတို့က အတည်ပြုပြောခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံ လူထုကျန်းမာရေးအရာရှိ ဒေါက်တာ T. Jacob John က ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးမှာ ပိုလီယိုလို၊ ကျောက်ရောဂါလိုမျိုး ဒီ ဗိုင်းရပ်စ်ကတော့ ရှိနေတော့မှာဖြစ်တယ်လို့ အေပီသတင်းဌာနကို ပြောပါတယ်။

ဇင်ဘာဘွေနိုင်ငံဟာ ပထမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခု တနင်္လာနေ့မှာ စတင်ထိုးပေးခဲ့ပါပြီ။ The Sinopharm ကာကွယ်ဆေးကို တရုတ်နိုင်ငံက ဇင်ဘာဘွေကို လှူခဲ့တာဖြစ်ပြီး အစိုးရက ထပ်ပြီးဝယ်ယူထားတဲ့ ဆေးအလုံးရေ ၆၀၀,၀၀၀ ကတော့ နောက်လထဲမှာ ရောက်မယ်လို့ ခန့်မှန်းကြောင်း နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ဒီဆေးတွေ ရောက်လာပြီဆိုရင်တောင်မှာ ဇင်ဘာဘွေပြည်သူတွေအားလုံး အတွက်ဆိုရင် နောက်ထပ် ဆေးအလုံး သန်းပေါင်းများစွာ လိုနေတာပါ။

အစ္စရေးနိုင်ငံမှာလည်း ပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးခဲ့ပေမဲ့ အခု သတင်းအတုတွေနဲ့ အယူသီးမှုတွေ၊ နောက် တခါတရံမှာ လူထုကြားမှာနဲ့အင်တာနက်တွေအပေါ်မှာ က-ဖျက်၊ ယ-ဖျက် အပြောမျိုးနဲ့ ထင်မြင်ချက်တွေကြောင့် ဒီဆေးထိုးလုပ်ငန်းဟာ ဖြည်းဖြည်းချင်းနှေးသွားကြောင်း - ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ရာဟုက ပြောပါတယ်။

သုတေသနပညာရှင်တွေဟာ အနည်းဆုံး ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် ၇ မျိုးကို အမေရိကန်ပြည်ထောင်စုထဲမှာ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အမေရိကန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ်တွေဟာ ဗြိတိန်နဲ့ တောင်အာဖရိကမှာတွေ့ရတဲ့ မျိုးကွဲတွေထက် ပိုပြီး ကူးစက်နှုန်းမြန်သလား ဆိုတာကိုလည်း ချက်ခြင်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမေရိကန်မှာတော့ ဒီလထဲ ပထမဆုံးအဖြစ် ကူးစက်မှု ၁၀၀,၀၀၀ အောက်ကျဆင်းသွားပါတယ်။ ဒါပေမဲ့ ကိုဗစ်အတည်ပြုလူနာအများဆုံး နိုင်ငံအဖြစ်တော့ ဆက်ပြီးရှိနေတုန်းပါပဲ။ ကမ္ဘာမှာ ကိုဗစ် အတည်ပြုလူနာ ၁၀၈ သန်းကျော်ရှိပြီး အမေရိကန်က ၂၇ သန်းကျော်၊ အိန္ဒိယမှာ ၁၀.၉ သန်းနဲ့ ဘရာဇီးလ်မှာက ၉.၈ သန်း ကူးစက်ခံထားရကြောင်း ဂျွန်ဟော့ပ်ကင်စ် စာရင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG