သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ျပည္ဝူဟန္မွာ၂၀၁၉ ဒီဇင္ဘာမတိုင္ခင္ COVID 19 ျဖစ္ပြားခဲ႔တဲ႔ အေထာက္အထား WHO မေတ႔ြရ


covid Virus ကၽြမ္းက်င္သူ Peter Ben Embarek

(Zawgyi/Unicode)

COVID- 19 ကပ္ေရာဂါဟာ ၀ူဟန္ျမိဳ ့ကေန ျပီးခဲ့တဲ့၂၀၁၉ ဒီဇင္ဘာလအတြင္း ေပါက္ကြဲပ်ံ႕နွံ ့ခဲ့တယ္ဆိုတဲ့ အေထာက္အထား မေတြ ့ရွိရဘူးလို ့တရုတ္နိုင္ငံထဲေရာက္ရွိေနတဲ့ COVID-19 ေရာဂါဇစ္ျမစ္ စံုစမ္းေဖာ္ထုတ္ေရး ကၽြမ္းက်င္သူမ်ားအဖြဲ ့ေခါင္းေဆာင္က ေျပာဆိုလိုက္ပါတယ္။

၀ူဟန္ၿမိဳ႕ ေရာက္ရွိေနတဲ့ ကမၻာ့က်န္းမာေရးအဖြဲ ့ၾကီး WHO ရဲ႕ Virus ကၽြမ္းက်င္သူ Peter Ben Embarek က အဂၤါေန ့က သူ ့အဖြဲ ့ရဲ့ ရွာေဖြေတြ ့ရွိခ်က္ေတြကို အခုလို ေျပာဆိုပါတယ္။

“Huanan ေစ်းကေနတဆင့္လာတဲ့ မူရင္းတိရိစာၦန္မ်ိဳးကြဲေတြမွန္သမွ်ရဲ့ ျဖစ္နိုင္ဖြယ္ရာ လမ္းေၾကာင္းကိုေတြကိုရွာေဖြဖို ့ကေတာ့ အခ်ိန္ေတာ္ေတာ္ၾကာမယ္။ ေစ်းကို မေရာက္ခင္ လမ္းခရီးေတြ၊ နယ္စပ္ျဖတ္ေက်ာ္မႈေတြအပါအ၀င္ အလြန္တရာ ရႈပ္ေထြးပါတယ္။”

ကၽြမ္းက်င္သူမ်ားအဖြဲ ့ဟာ ေရာဂါစတင္ရာ ဗဟိုခ်က္လို ့ယူဆရတဲ့ ၀ူဟန္ၿမိဳ႕ က Hunan ပင္လယ္စာေစ်းနဲ ့ ၀ူဟန္ၿမိဳ႕က Virus သုေတသန ဓာတ္ခြဲခန္းေတြ ကိုသြားေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

ဆက္လက္ျပီး Embarek က သတင္းစာရွင္းလင္းပြဲတခုမွာ ေျပာဆိုရာမွာေတာ့ ဗိုင္းရပ္စ္ဟာ ဓာတ္ခြဲခန္းထဲက စတင္ပ်ံ႕ႏွံ႔တာမ်ိဴးလည္း ေတာ္ေတာ္ေလး မျဖစ္နိုင္သလို ေနာက္ထပ္လည္း အဖြဲ ့အေနနဲ ့ စံုစမ္းဖို ့မျဖစ္နိုင္ေတာ့ပါဘူးလို ့ ဆိုပါတယ္။ ျဖစ္နိုင္ဖြယ္ရာအေနနဲ ့ကေတာ့ ဗိုင္းရပ္စ္ဟာ ၾကားခံ မ်ိဳးကြဲေတြဆီကေန လူေတြဆီကို ျဖတ္သန္းေရာက္ရွိလာတာမ်ိဳးျဖစ္ျပီး ေရခဲရိုက္ထားတဲ့ ကုန္ပစၥည္းေတြဆီကေန ပ်ံ႕ႏွံ႔တာမ်ိဳးလည္း ျဖစ္နိုင္တယ္ လို ့ဆိုပါတယ္။

တရုတ္က်န္းမာေရးေကာ္မရွင္ရဲ႕ ကၽြမ္းက်င္သူတဦးျဖစ္တဲ့ Dr. Liang Wannian ကေတာ့ ဒီ the novel coronavirus ဟာ ၀ူဟန္ၿမိဳ႕မွာ ေတြ ့ရွိေၾကာင္း တရား၀င္ မေၾကညာခင္ကတည္းက တျခားေဒသေတြမွာ ပ်ံ႕ႏွံ႔ေနတာမ်ိဳးျဖစ္နိုင္တယ္လို ့ေျပာပါတယ္။

ဗိုင္းရပ္စ္ရဲ႕ ဇစ္ျမစ္ကို ရွာေဖြဖို ့အတြက္ ကမၻာ့ က်န္းမာေရးအဖြဲ ႔ႀကီး WHO ဟာ အဖြဲ ့၀င္ ၁၀ ဦးပါတဲ့ Embarek ဦးေဆာင္တဲ့ အဖြဲ ့ကို ၀ူဟန္ၿမိဳ႕ကို ၿပီးခဲ့တဲ့လထဲက ေစလႊတ္ခဲ့ျပီး ယခုအခါ ကမၻာတ၀ွမ္းမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူေပါင္း ၂.၃ သန္းေသဆံုးၿပီး ၁၀၆ သန္းကူးစက္လ်က္ရွိပါတယ္။

ဗိုင္းရပ္စ္ကာကြယ္ေဆးေတြဟာ မ်ိဳးကြဲအသစ္ေတြကို လံုလံုေလာက္ေလာက္ မကာကြယ္နိုင္ဘူးဆိုျပီး အစီရင္ခံစာအသစ္ေတြအရ ေဖာ္ျပေနတာေတြလည္းရွိေနျပီး ေတာင္အာဖရိကနိုင္ငံမွာဆိုရင္ AstraZeneca ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ေတြကို ၿပီးခဲ့တဲ့တနဂၤေႏြေန ့ရပ္ဆိုင္းလိုက္ပါတယ္။

WHO ရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus ကေတာ့ သတ္မွတ္ထားတဲ့ က်န္းမာေရးျပဌာန္းခ်က္ေတြနဲ ့အညီ ဗိုင္းရပ္စ္ပ်ံ့နွံ ့မွုကို ေလ်ွာ့ခ်ဖို ့ က်ေနာ္တို ့လုပ္နိုင္တဲ့ အရာအားလံုးကို လုပ္ဖို ့လိုအပ္ေနတယ္ဆိုတာ သတိေပးေနတယ္လို ့ ဆိုပါတယ္။

WHO ရဲ့ သိပၸံပညာရွင္အႀကီးအကဲ Dr. Soumya Swaminathan ကလည္း တိုင္းျပည္ေတြဟာ AstraZeneca ကာကြယ္ေဆးအလုပ္မျဖစ္ဘူးလို ့မယူဆၾကေစလိုပဲ ရရွိထားတဲ့ အေထာက္အထားေတြအားလံုးအရ ေသဆံုးမွုေတြ၊ ေဆးရံုတက္ရတာေတြ၊ အျပင္းဖ်ားတာေတြကို ကာကြယ္ေဆးေတြက မေလ်ာ့ခ်နိုင္ေသးဘူးလို ့ဆိုပါတယ္။

................

တရုတ်ပြည်ဝူဟန်မှာ၂၀၁၉ ဒီဇင်ဘာမတိုင်ခင် COVID 19 ဖြစ်ပွားခဲ့တဲ့ အထောက်အထား WHO မတေ့ွရ

(Unicode)

COVID- 19 ကပ်ရောဂါဟာ ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့၂၀၁၉ ဒီဇင်ဘာလအတွင်း ပေါက်ကွဲပျံ့နှံ့ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရှိရဘူးလို့တရုတ်နိုင်ငံထဲရောက်ရှိနေတဲ့ COVID-19 ရောဂါဇစ်မြစ် စုံစမ်းဖော်ထုတ်ရေး ကျွမ်းကျင်သူများအဖွဲ့ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

ဝူဟန်မြို့ ရောက်ရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ Virus ကျွမ်းကျင်သူ Peter Ben Embarek က အင်္ဂါနေ့က သူ့အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို အခုလို ပြောဆိုပါတယ်။

“Huanan ဈေးကနေတဆင့်လာတဲ့ မူရင်းတိရိစ္ဆာန်မျိုးကွဲတွေမှန်သမျှရဲ့ ဖြစ်နိုင်ဖွယ်ရာ လမ်းကြောင်းကိုတွေကိုရှာဖွေဖို့ကတော့ အချိန်တော်တော်ကြာမယ်။ ဈေးကို မရောက်ခင် လမ်းခရီးတွေ၊ နယ်စပ်ဖြတ်ကျော်မှုတွေအပါအဝင် အလွန်တရာ ရှုပ်ထွေးပါတယ်။”

ကျွမ်းကျင်သူများအဖွဲ့ဟာ ရောဂါစတင်ရာ ဗဟိုချက်လို့ယူဆရတဲ့ ဝူဟန်မြို့ က Hunan ပင်လယ်စာဈေးနဲ့ ဝူဟန်မြို့က Virus သုတေသန ဓာတ်ခွဲခန်းတွေ ကိုသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး Embarek က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုရာမှာတော့ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းထဲက စတင်ပျံ့နှံ့တာမျိူးလည်း တော်တော်လေး မဖြစ်နိုင်သလို နောက်ထပ်လည်း အဖွဲ့အနေနဲ့ စုံစမ်းဖို့မဖြစ်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။ ဖြစ်နိုင်ဖွယ်ရာအနေနဲ့ကတော့ ဗိုင်းရပ်စ်ဟာ ကြားခံ မျိုးကွဲတွေဆီကနေ လူတွေဆီကို ဖြတ်သန်းရောက်ရှိလာတာမျိုးဖြစ်ပြီး ရေခဲရိုက်ထားတဲ့ ကုန်ပစ္စည်းတွေဆီကနေ ပျံ့နှံ့တာမျိုးလည်း ဖြစ်နိုင်တယ် လို့ဆိုပါတယ်။

တရုတ်ကျန်းမာရေးကော်မရှင်ရဲ့ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Dr. Liang Wannian ကတော့ ဒီ the novel coronavirus ဟာ ဝူဟန်မြို့မှာ တွေ့ရှိကြောင်း တရားဝင် မကြေညာခင်ကတည်းက တခြားဒေသတွေမှာ ပျံ့နှံ့နေတာမျိုးဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို ရှာဖွေဖို့အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO ဟာ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ Embarek ဦးဆောင်တဲ့ အဖွဲ့ကို ဝူဟန်မြို့ကို ပြီးခဲ့တဲ့လထဲက စေလွှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂.၃ သန်းသေဆုံးပြီး ၁၀၆ သန်းကူးစက်လျက်ရှိပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ဆေးတွေဟာ မျိုးကွဲအသစ်တွေကို လုံလုံလောက်လောက် မကာကွယ်နိုင်ဘူးဆိုပြီး အစီရင်ခံစာအသစ်တွေအရ ဖော်ပြနေတာတွေလည်းရှိနေပြီး တောင်အာဖရိကနိုင်ငံမှာဆိုရင် AstraZeneca ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ရပ်ဆိုင်းလိုက်ပါတယ်။

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကတော့ သတ်မှတ်ထားတဲ့ ကျန်းမာရေးပြဌာန်းချက်တွေနဲ့အညီ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျှော့ချဖို့ ကျနော်တို့လုပ်နိုင်တဲ့ အရာအားလုံးကို လုပ်ဖို့လိုအပ်နေတယ်ဆိုတာ သတိပေးနေတယ်လို့ ဆိုပါတယ်။

WHO ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ Dr. Soumya Swaminathan ကလည်း တိုင်းပြည်တွေဟာ AstraZeneca ကာကွယ်ဆေးအလုပ်မဖြစ်ဘူးလို့မယူဆကြစေလိုပဲ ရရှိထားတဲ့ အထောက်အထားတွေအားလုံးအရ သေဆုံးမှုတွေ၊ ဆေးရုံတက်ရတာတွေ၊ အပြင်းဖျားတာတွေကို ကာကွယ်ဆေးတွေက မလျော့ချနိုင်သေးဘူးလို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG