သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၀ူဟန္ေရာက္ WHO အဖြဲ႔ ကုိရုိနာဗုိင္းရပ္စ္ဇစ္ျမစ္ကုိ ဆက္လက္စုံစမ္းသြားမည္


၀ူဟန္ေရာက္ WHO အဖြဲ႔

(Zawgyi/Unicode)

တ႐ုတ္နိုင္ငံ၊ ဝူဟန္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO ကိုယ္စားလွယ္ အဖြဲ႕အေနနဲ႔ ကိုရိုနာဗိုင္းရပ္စ္ပိုး စတင္ေပၚေပါက္ခဲ့တဲ့ ဇစ္ျမစ္ကိုစုံစမ္းေနတဲ့ အလုပ္ကို သီတင္းပတ္ကုန္ပိုင္းမွာလည္းဆက္လက္ လုပ္ေဆာင္သြားမယ္လို႔WHO ေျပာခြင့္ရက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၁၄ ရက္ကာလတုန္းကလိုပဲ WHO အဖြဲ႕ အေနနဲ႔ သီတင္းပတ္ကုန္ ရက္ေတြမွာ သူတို႔အလုပ္ကို သူတို႔ ဆက္လုပ္သြားဖို႔ ရွိ ပါတယ္။ သူတို႔ အလုပ္ခ်ိန္ ေတာ္ေတာ္ၾကာၾကာႀကီး လုပ္ေနၾကပါတယ္။ စာရင္းထဲမွာ ပါတဲ့ စီစဥ္ထားတဲ့ ေနရာ ၂ ခု ကိုလည္း သြား ေရာက္ဖို႔ ရွိပါတယ္လို႔ WHO ေျပာခြင့္ရ Margaret Harris က ေျပာပါတယ္။

တ႐ုတ္အစိုးရက စီစဥ္ထားတဲ့ ေနရာေတြကို သြားေရာက္မွာ ျဖစ္ၿပီး က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္း ကန္႔သတ္ခ်က္ေတြေၾကာင့္ သြားေရာက္ရမယ့္ေနရာေတြ အကန္႔အသတ္နဲ႔သာ ရွိလိမ့္မယ္လို႔လည္း သူက ေျပာပါတယ္။

WHO အဖြဲ႕အေနနဲ႔ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလက ကိုရိုနာဗိုင္းရပ္စ္ကို ပထမဆုံး ေတြ႕ရွိခဲ့တဲ့ ဝူဟန္ၿမိဳ႕က ပင္လယ္စာ ေဈးကိုလည္း သြားေရာက္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီ ေဈးနဲ႔ တျခားေနရာေတြကို သြားေရာက္မယ့္ အခ်ိန္ တိတိက်က်ကိုေတာ့ မသိဘူးလို႔ လည္း WHO ေျပာခြင့္ရက ထပ္မံ ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

WHO အဖြဲ႕အေနနဲ႔ ဘယ္ေနရာ သြားသြား ဘတ္စ္ကားေတြနဲ႔သာ သြားရမွာ ျဖစ္ၿပီး ၿမိဳ႕ခံေတြနဲ႔ ထိေတြ႕မႈ အကန္႔အသတ္သာ ရွိမယ္ လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ဝူဟန်ရောက် WHO အဖွဲ့ ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်ကို ဆက်လက်စုံစမ်းသွားမည်

(Unicode)

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပေါ်ပေါက်ခဲ့တဲ့ ဇစ်မြစ်ကိုစုံစမ်းနေတဲ့ အလုပ်ကို သီတင်းပတ်ကုန်ပိုင်းမှာလည်းဆက်လက် လုပ်ဆောင်သွားမယ်လို့WHO ပြောခွင့်ရက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၄ ရက်ကာလတုန်းကလိုပဲ WHO အဖွဲ့ အနေနဲ့ သီတင်းပတ်ကုန် ရက်တွေမှာ သူတို့အလုပ်ကို သူတို့ ဆက်လုပ်သွားဖို့ ရှိ ပါတယ်။ သူတို့ အလုပ်ချိန် တော်တော်ကြာကြာကြီး လုပ်နေကြပါတယ်။ စာရင်းထဲမှာ ပါတဲ့ စီစဉ်ထားတဲ့ နေရာ ၂ ခု ကိုလည်း သွား ရောက်ဖို့ ရှိပါတယ်လို့ WHO ပြောခွင့်ရ Margaret Harris က ပြောပါတယ်။

တရုတ်အစိုးရက စီစဉ်ထားတဲ့ နေရာတွေကို သွားရောက်မှာ ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေကြောင့် သွားရောက်ရမယ့်နေရာတွေ အကန့်အသတ်နဲ့သာ ရှိလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

WHO အဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့က ပင်လယ်စာ ဈေးကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဈေးနဲ့ တခြားနေရာတွေကို သွားရောက်မယ့် အချိန် တိတိကျကျကိုတော့ မသိဘူးလို့ လည်း WHO ပြောခွင့်ရက ထပ်မံ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

WHO အဖွဲ့အနေနဲ့ ဘယ်နေရာ သွားသွား ဘတ်စ်ကားတွေနဲ့သာ သွားရမှာ ဖြစ်ပြီး မြို့ခံတွေနဲ့ ထိတွေ့မှု အကန့်အသတ်သာ ရှိမယ် လို့လည်း ပြောပါတယ်။

XS
SM
MD
LG