သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိိုနာဗိုင္းရပ္စ္ တ႐ုတ္က စတင္တာမဟုတ္ဘူးလို႔ WHO ယတိျပတ္မေျပာႏိုင္


WHO ညြန္ၾကားေရးမွဴးခ်ဳပ္ Mike Ryan

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ဟာ တရုတ္ႏိုင္ငံကေန လာတာမဟုတ္ဘူးလို႔ကမၻာ့က်န္းမာေရးအဖဲြ႔ WHO အေနနဲ႔ အတိအက်ေျပာလို့ မရေၾကာင္း WHO အေရးေပၚဆိုင္ရာ ကြ်မ္းက်င္ပညာရွင္တဦးက ေသာၾကာေန႔က ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၂၇ ရက္ေန႔က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ ကိုဗစ္-၁၉ ေနာက္ဆံုးအေျခအေနအေၾကာင္း ျပဳလုပ္တဲ့ ဗီြဒီယိုကြန္ဖရင့္ သတင္းစာရွင္းလင္းပဲြအတြင္း WHO ညြန္ၾကားေရးမွဴးခ်ဳပ္ Mike Ryan က တရုတ္ႏိုင္ငံ ၀ူဟန္ၿမို႕မွာ ၂၀၁၉ ခုနွစ္ ဒီဇင္ဘာလက ပထမဆံုးေတြ႕ရွိခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္ဟာ တရုတ္မွာ အရင္ျဖစ္ခဲ့တာမဟုတ္ပဲ အျပင္ကေန ကူးလာသလားဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္လို႔ သူက အခုလို ေျဖၾကားသြားပါတယ္။

” ဒီေရာဂါဟာ တရုတ္ႏိုင္ငံကေန ထြက္ေပၚလာတာမဟုတ္ဘူးလို႔ ေျပာမယ္ဆိုရင္ က်ေနာ္တို႔အတြက္ အလြန္အကြ်ံ မွန္းဆေျပာတာမ်ဳိး ျဖစ္သြားပါလိမ့္မယ္။ ျပည္သူ႔က်န္းမာေရး ရွဳေထာင့္ကေနၾကည့္မယ္ဆိုရင္ေတာ့ အလြန္ရွင္းပါတယ္။ လူမွာ ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ပထမဆံုးေတြ႕ရွိတဲ့ေနရာကေန စတင္ၿပီး စံုစမ္းစစ္ေဆးတာေတြ လုပ္မွာျဖစ္ပါတယ္။ အဲဒီလို စံုစမ္းစစ္ေဆးရာကေန ရလာတဲ့ အေထာက္အထားေတြက အျခားေနရာေတြကိုညြန္းရင္လည္း ညြန္းႏိုင္ပါတယ္။”

ဒါအျပင္ Wuhan ကုန္စံု ေစ်းတန္းကိုသြားၿပီး ဗိုင္းရပ္စ္ရဲ႕ မူရင္းဇစ္ျမစ္ကို ေနာက္ထပ္ စံုစမ္းရွာေဖြဖို႔ WHO အေနနဲ႔ သုေတသီေတြကို လႊတ္ဖို႔ ရည္ရြယ္ခဲ့တဲ့အခ်က္ကိုလည္း သူက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း ၀ူဟန္ၿမိဳ႕မွာ ဗိုင္းရပ္စ္ပိုး မေတြ႕ခင္ကတည္းက ကိုရိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံရပ္ျခားမွာ အရင္ရွိခဲ့တာျဖစ္တယ္လို႔ တ႐ုတ္အစိုးရ ပိုင္ရုပ္သံမီဒီယာေတြမွာ တြန္းအားေပးေျပာဆိုေနတာျဖစ္ပါတယ္။ ေအးခဲေအာင္ျပဳလုပ္ၿပီး ထုတ္ပိုးထားတဲ့ အစားအစာမွာ အဲဒီပိုးပါလာတာျဖစ္ၿပီး သိပၸၸံဆုိင္ရာ စာတမ္းေတြအရ လည္း ဗိုင္းရပ္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ကတည္းက ဥေရာပမွာ ပ်ံ႕ႏွံ႔ေနခဲ့တယ္လို႔ တရုတ္ႏိုင္ငံက ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကိုရိုနာဗိုင်းရပ်စ် တရုတ်က စတင်တာမဟုတ်ဘူးလို့ WHO ယတိပြတ်မပြောနိုင်

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကနေ လာတာမဟုတ်ဘူးလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ အတိအကျပြောလို့ မရကြောင်း WHO အရေးပေါ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးက သောကြာနေ့က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေအကြောင်း ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်းပွဲအတွင်း WHO ညွန်ကြားရေးမှူးချုပ် Mike Ryan က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်မှာ အရင်ဖြစ်ခဲ့တာမဟုတ်ပဲ အပြင်ကနေ ကူးလာသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ သူက အခုလို ဖြေကြားသွားပါတယ်။

” ဒီရောဂါဟာ တရုတ်နိုင်ငံကနေ ထွက်ပေါ်လာတာမဟုတ်ဘူးလို့ ပြောမယ်ဆိုရင် ကျနော်တို့အတွက် အလွန်အကျွံ မှန်းဆပြောတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ပြည်သူ့ကျန်းမာရေး ရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ အလွန်ရှင်းပါတယ်။ လူမှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ပထမဆုံးတွေ့ရှိတဲ့နေရာကနေ စတင်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်မှာဖြစ်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးရာကနေ ရလာတဲ့ အထောက်အထားတွေက အခြားနေရာတွေကိုညွန်းရင်လည်း ညွန်းနိုင်ပါတယ်။”

ဒါအပြင် Wuhan ကုန်စုံ ဈေးတန်းကိုသွားပြီး ဗိုင်းရပ်စ်ရဲ့ မူရင်းဇစ်မြစ်ကို နောက်ထပ် စုံစမ်းရှာဖွေဖို့ WHO အနေနဲ့ သုတေသီတွေကို လွှတ်ဖို့ ရည်ရွယ်ခဲ့တဲ့အချက်ကိုလည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ပိုး မတွေ့ခင်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံရပ်ခြားမှာ အရင်ရှိခဲ့တာဖြစ်တယ်လို့ တရုတ်အစိုးရ ပိုင်ရုပ်သံမီဒီယာတွေမှာ တွန်းအားပေးပြောဆိုနေတာဖြစ်ပါတယ်။ အေးခဲအောင်ပြုလုပ်ပြီး ထုတ်ပိုးထားတဲ့ အစားအစာမှာ အဲဒီပိုးပါလာတာဖြစ်ပြီး သိပ္ပ္ပံဆိုင်ရာ စာတမ်းတွေအရ လည်း ဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့နှစ် ကတည်းက ဥရောပမှာ ပျံ့နှံ့နေခဲ့တယ်လို့ တရုတ်နိုင်ငံက ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG