သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရး၀န္ထမ္းေတြအၾကား ကုိဗစ္ကူးစက္မႈ ျမင့္မားေနေၾကာင္း WHO ေျပာ


(Zawgyi/Unicode)

COVID-19 ကူးစက္မႈဟာ က်န္းမာေရးဝန္ထမ္း ၇ ေယာက္မွာ တေယာက္ႏႈန္းေလာက္ ျဖစ္ေနၿပီး တခ်ိဳ႕ႏိုင္ငံေတြမွာ ဆိုရင္ေတာ့ ၃ ေယာက္မွာ တေယာက္ႏႈန္းအထိ ျဖစ္ေနတာေတြ႔ရတယ္လုိ႔ ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

“WHO က ရတဲ့ အခ်က္အလက္ေတြအရ ကမာၻတလႊား COVID-19 ျဖစ္ပြါးသူအားလံုးရဲ့ ၁၄ ရာခိုင္ႏႈန္းေလာက္ဟာ က်န္းမာေရးဝန္ထမ္းေတြ ၾကားမွာျဖစ္ေနၿပီး တခ်ိဳ႕ ႏုိင္ငံေတြမွာဆို ၃၅ ရာခိုင္ႏႈန္းေလာက္ အထိရွိေနေၾကာင္းနဲ႔ အခုရရွိတဲ့ အခ်က္အလက္ေတြကလည္း အကန္႔အသတ္ ရွိေနတာေၾကာင့္ လုပ္ငန္းခြင္မွာ ျဖစ္ေစ သူတို႔ အသိုင္းဝိုင္းထဲမွာ ျဖစ္ေစ တကယ္တမ္း က်န္းမာေရးဝန္ထမ္းေတြ ဘယ္မွာအကူးစက္ခံရတယ္ဆိုတာ သိဖို႔ခက္တယ္လို႔ ေျပာသြားတာပါ။”

ဒါေၾကာင့္ လူနာေတြနဲ႔ထိေတြ႔ဆက္ဆံေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြ ဒီေရာဂါကူးစက္မႈမရွိေအာင္နဲ႔ သူတို႔ကတဆင့္ သူတို႔ရဲ့ လူနာေတြနဲ႔မိသားစုဝင္ ေတြဆီပ်ံ႕ မသြားေစဖို႔ အတြက္ ေရာဂါကာကြယ္ေရးဝတ္စံုေတြ ျဖန္႔ေဝေပးၾကဖို႔ လည္း စက္တင္ဘာ ၁၇ ရက္ ကမာၻတလႊား လူနာမ်ား အႏၱရာယ္ကင္းစိတ္ခ်ရေရးေန႔ - World Patient Safety Day မွာ WHO က ပန္ၾကားလိုက္ပါတယ္။

က်န္းမာေရးဝန္ထမ္းေတြဟာ ေရာဂါအကူးစက္ခံရမယ့္ အႏၱရာယ္ တင္မကပဲ ေန႔စဥ္လိုလို စိတ္ဖိစီးမႈဒဏ္၊ ခြဲျခားဆက္ဆံခံရမႈဒဏ္၊ ႏွိမ္ခ်ဆက္ဆံတာနဲ႔ တခါတရံ အၾကမ္းဖက္မႈ ေတြပါ ခံေန တာ ျဖစ္ေၾကာင္းလည္း WHO အႀကီးအကဲ ကေျပာၾကားခဲ့တာပါ။

က်န္းမာေရးဝန္ထမ္းေတြအတြက္ အလုပ္ဌာနဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ အႏၱရာယ္ ကင္းေရးကို အစိုရေတြကေရာ၊ ေဆးရံုေတြနဲ႔ တျခားဌာန ေတြကပါ တဆင့္တိုး ေဆာင္ြရက္ေပးဖို႔ တိုက္တြန္းရင္ က်န္းမာေရးဝန္ထမ္း အႏၱရာယ္ကင္းေရးဆိုင္ရာ ပဋိဥာဥ္ တရပ္ကိုပါ WHO ကထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........

ကျန်းမာရေးဝန်ထမ်းတွေအကြား ကိုဗစ်ကူးစက်မှု မြင့်မားနေကြောင်း WHO ပြော
(Unicode)

COVID-19 ကူးစက်မှုဟာ ကျန်းမာရေးဝန်ထမ်း ၇ ယောက်မှာ တယောက်နှုန်းလောက် ဖြစ်နေပြီး တချို့နိုင်ငံတွေမှာ ဆိုရင်တော့ ၃ ယောက်မှာ တယောက်နှုန်းအထိ ဖြစ်နေတာတွေ့ရတယ်လို့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

“WHO က ရတဲ့ အချက်အလက်တွေအရ ကမ္ဘာတလွှား COVID-19 ဖြစ်ပွါးသူအားလုံးရဲ့ ၁၄ ရာခိုင်နှုန်းလောက်ဟာ ကျန်းမာရေးဝန်ထမ်းတွေ ကြားမှာဖြစ်နေပြီး တချို့ နိုင်ငံတွေမှာဆို ၃၅ ရာခိုင်နှုန်းလောက် အထိရှိနေကြောင်းနဲ့ အခုရရှိတဲ့ အချက်အလက်တွေကလည်း အကန့်အသတ် ရှိနေတာကြောင့် လုပ်ငန်းခွင်မှာ ဖြစ်စေ သူတို့ အသိုင်းဝိုင်းထဲမှာ ဖြစ်စေ တကယ်တမ်း ကျန်းမာရေးဝန်ထမ်းတွေ ဘယ်မှာအကူးစက်ခံရတယ်ဆိုတာ သိဖို့ခက်တယ်လို့ ပြောသွားတာပါ။”

ဒါကြောင့် လူနာတွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဒီရောဂါကူးစက်မှုမရှိအောင်နဲ့ သူတို့ကတဆင့် သူတို့ရဲ့ လူနာတွေနဲ့မိသားစုဝင် တွေဆီပျံ့ မသွားစေဖို့ အတွက် ရောဂါကာကွယ်ရေးဝတ်စုံတွေ ဖြန့်ဝေပေးကြဖို့ လည်း စက်တင်ဘာ ၁၇ ရက် ကမ္ဘာတလွှား လူနာများ အန္တရာယ်ကင်းစိတ်ချရရေးနေ့ - World Patient Safety Day မှာ WHO က ပန်ကြားလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါအကူးစက်ခံရမယ့် အန္တရာယ် တင်မကပဲ နေ့စဉ်လိုလို စိတ်ဖိစီးမှုဒဏ်၊ ခွဲခြားဆက်ဆံခံရမှုဒဏ်၊ နှိမ်ချဆက်ဆံတာနဲ့ တခါတရံ အကြမ်းဖက်မှု တွေပါ ခံနေ တာ ဖြစ်ကြောင်းလည်း WHO အကြီးအကဲ ကပြောကြားခဲ့တာပါ။

ကျန်းမာရေးဝန်ထမ်းတွေအတွက် အလုပ်ဌာနဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အန္တရာယ် ကင်းရေးကို အစိုရတွေကရော၊ ဆေးရုံတွေနဲ့ တခြားဌာန တွေကပါ တဆင့်တိုး ဆောင်ွရက်ပေးဖို့ တိုက်တွန်းရင် ကျန်းမာရေးဝန်ထမ်း အန္တရာယ်ကင်းရေးဆိုင်ရာ ပဋိဉာဉ် တရပ်ကိုပါ WHO ကထုတ်ပြန်ခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG