သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈနဲ႔ စီးပြားေရးက်ဆင္းမႈေၾကာင့္ အိႏိၵယအစိုးရ ေဝဖန္ခံေနရ


အိႏၵိယႏိုင္ငံ Ahmedabad ၿမိဳ႕မွာ COVID 19 ေရာဂါရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။ (စက္တင္ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ကပ္ေရာဂါအေပၚ အစိုးရရဲ႕ ကိုင္တြယ္ေဆာင္ရြက္ေနပုံနဲ႔ စီးပြားေရးက်ဆင္းမႈေတြနဲ႔ ပတ္သက္ၿပီး ၀န္ႀကီးခ်ဳပ္ ေနရင္ဒရာ မုိဒီအစိုးရဟာ ပါလီမန္မွာ အတုိက္အခံေတြရဲ႕ ေ၀ဖန္မႈေတြကို အျပင္းအထန္ခံရခ်ိန္မွာပဲ ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္မႈေတြဟာလည္း ေနာက္ထပ္စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။ အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ဗုိင္းရပ္စ္ကူးစက္သူ ၉၇,၈၉၄ ေယာက္ ရွိတာေၾကာင့္ ကူးစက္ခံရသူ စုစုေပါင္း ၅.၁ သန္း ေက်ာ္သြားၿပီလို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ဒါ့အျပင္ ေသဆုံးသူလည္း ၁,၁၃၂ ေယာက္ထပ္တုိးလာတာေၾကာင့္ ေသဆုံးသူစုစုေပါင္း ၈၃,၁၉၈ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ကၽြမ္းက်င္သူေတြကေတာ့ ဒီထက္ပိုမ်ားႏုိင္တယ္လို႔ ခန္႔မွန္းေနပါတယ္။

လက္ရွိမွာေတာ့ အေမရိကန္ႏုိင္ငံက ကူးစက္သူအေရအတြက္ ၆.၆ သန္းေက်ာ္နဲ႔ ကမာၻေပၚမွာ ကူးစက္မႈအမ်ားဆုံးႏုိင္ငံျဖစ္ေပမဲ့လည္း အိႏၵိယႏုိင္ငံအေနနဲ႔ လာမယ့္ သီတင္းပတ္ေတြအတြင္းမွာပဲ အေမရိကန္ကို ေက်ာ္သြားႏုိင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ အိႏၵိယႏုိင္ငံရဲ႕ ကုန္းလမ္းပို႔ေဆာင္ေရး၀န္ႀကီးဟာ မေန႔က ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရၿပီး သူဟာ အိႏၵိယအစိုးရအဖဲြ႔အတြင္း ျပည္ထဲေရး၀န္ႀကီးၿပီးတဲ့ေနာက္ ဒုတိယေျမာက္ ဗုိင္းရပ္စ္ကူးစက္ခံရတဲ့ အစိုးရထိပ္တန္းတာ၀န္ရွိသူတဦးျဖစ္ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၃,၆၃၅ ေယာက္ရွိၿပီး၊ ကူးစက္သူအေရအတြက္ဟာ ၂၃၀,၀၀၀ ေက်ာ္သြားၿပီ ျဖစ္တယ္လို႔ အင္ဒိုနီးရွားက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ၁၂၂ ေယာက္ ထပ္ၿပီး ေသဆုံးခဲ့တဲ့အတြက္ ေသဆုံးသူစုစုေပါင္းဟာ ၉,၂၂၂ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှုနဲ့ စီးပွားရေးကျဆင်းမှုကြောင့် အိန္ဒိယအစိုးရ ဝေဖန်ခံနေရ

အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါအပေါ် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်နေပုံနဲ့ စီးပွားရေးကျဆင်းမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် နေရင်ဒရာ မိုဒီအစိုးရဟာ ပါလီမန်မှာ အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံရချိန်မှာပဲ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာလည်း နောက်ထပ်စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ်ဗိုင်းရပ်စ်ကူးစက်သူ ၉၇,၈၉၄ ယောက် ရှိတာကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၅.၁ သန်း ကျော်သွားပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူလည်း ၁,၁၃၂ ယောက်ထပ်တိုးလာတာကြောင့် သေဆုံးသူစုစုပေါင်း ၈၃,၁၉၈ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။

လက်ရှိမှာတော့ အမေရိကန်နိုင်ငံက ကူးစက်သူအရေအတွက် ၆.၆ သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပေမဲ့လည်း အိန္ဒိယနိုင်ငံအနေနဲ့ လာမယ့် သီတင်းပတ်တွေအတွင်းမှာပဲ အမေရိကန်ကို ကျော်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဟာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သူဟာ အိန္ဒိယအစိုးရအဖွဲ့အတွင်း ပြည်ထဲရေးဝန်ကြီးပြီးတဲ့နောက် ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အစိုးရထိပ်တန်းတာဝန်ရှိသူတဦးဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၃,၆၃၅ ယောက်ရှိပြီး၊ ကူးစက်သူအရေအတွက်ဟာ ၂၃၀,၀၀၀ ကျော်သွားပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၂၂ ယောက် ထပ်ပြီး သေဆုံးခဲ့တဲ့အတွက် သေဆုံးသူစုစုပေါင်းဟာ ၉,၂၂၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG