သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူေတြကုိ ကုိဗစ္ကာကြယ္ေဆးထုိးေပးမယ္ ကန္ အစုိးရအစီအစဥ္


မွတ္တမ္းဓါတ္ပံု -ဇြန္လ ၂၂ ရက္ေန႔တုန္းက ကုိဗစ္ကာကြယ္ေဆး စမ္းသပ္ထိုးစဥ္

(Zawgyi/Unicode)

အေမရိကန္ ျပည္သူေတြကို ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး အခမဲ့ ေထာက္ပံ့ေပးမယ့္ က်ယ္ျပန္႔တဲ့ အစီအစဥ္တစ္ရပ္ကို အေမရိကန္ အစိုးရက ဗုဒၶဟူးေန႔က ခ်ျပခဲ့ပါတယ္။ ဒါေပမယ့္ က်ယ္က်ယ္ျပန္႔ျပန္႔ သုံးစြဲနိုင္မယ့္ အခ်ိန္ကာလ အေပၚမွာေတာ့ တာဝန္ရွိသူေတြရဲ့ အၾကား အျမင္ေတြ ကြဲျပားေနပါတယ္။

အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါး စီမံအုပ္ခ်ဳပ္ေရး ဌာန (FDA) က ကာကြယ္ေဆး သုံးစြဲဖို႔ကို ဒီႏွစ္ အကုန္မွာ အတည္ျပဳေပး လိမ့္မယ္လို႔ ပညာရွင္ေတြက ခန္႔မွန္းထားေၾကာင္း အေမရိကန္ က်န္းမာေရးနဲ႔ ျပည္သူ႔ ဝန္ေဆာင္မႈဌာနက တာဝန္ရွိသူ Paul Mango က ေျပာပါတယ္။ ဒါ့အျပင္၊ အေမရိကန္ျပည္သူေတြအတြက္ ေဆး အလုံအေလာက္ ရရွိေစေရး အေမရိကန္ အစိုးရက ေဆးကုမၸဏီ ႀကီးေတြနဲ႔ ကန္ထရိုက္ သေဘာတူညီခ်က္ေတြ ခ်ဳပ္ ဆိုထားတာေၾကာင့္ မတ္လအကုန္မွာ အေမရိကန္ေတြ အားလုံး ကာကြယ္ေဆး ထိုးၿပီးသား ျဖစ္ေနမယ္လို႔လည္း သူက ေျပာပါတယ္။

ဒါေပမဲ့ အေမရိကန္ ကူးစက္ေရာဂါမ်ား ကာကြယ္ ထိန္းခ်ဳပ္ေရး ဌာန ညႊန္ၾကားေရးမႉး Robert Redfield ကေတာ့ ကာကြယ္ေဆး ရနိုင္မယ့္ အခ်ိန္ကို ကိုရိုနာ ဗိုင္းရပ္စ္ ၾကားနာပြဲမွာ အေမရိကန္ အထက္လႊတ္ေတာ္ကို တိတိက်က် ေျပာဆိုသြားတာ မရွိပါဘူး။ ဒီေမးခြန္းကို ေျဖၾကားရမယ္ဆိုရင္ ၂၀၂၁ ခုႏွစ္ ဒုတိယ သုံးလပတ္ ဒါမွမဟုတ္ တတိယ သုံးလပတ္ကာလမွာ ျဖစ္နိုင္တယ္လို႔ပဲ ေျပာ ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ေနာက္ထပ္ အေရးပါတဲ့ အေမရိကန္ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ စစ္တပ္ ဗိုလ္ခ်ဳပ္ႀကီး Paul Ostrowski ကေတာ့ FDAက အတည္ျပဳ ၿပီးၿပီးခ်င္း ၂၄ နာရီအတြင္း ကာကြယ္ေဆးေတြကို ထိုးႏွံရာ ေနရာေတြ အေရာက္ ေပးပို႔သြားမယ္လို႔ ေျပာပါတယ္။

အေမရိကန္ ကူးစက္ေရာဂါမ်ား ကာကြယ္ ထိန္းခ်ဳပ္ေရး ဌာနကေတာ့ ျပည္နယ္ ၅၀ နဲ႔ အုပ္ခ်ဳပ္ခံ နယ္ေျမေတြ အားလုံးကို နိုဝင္ဘာလ ၁ ရက္ မတိုင္ခင္ ကာကြယ္ေဆး ျဖန္႔ခ်ိေရး အစီအစဥ္ေတြ လုပ္ေဆာင္ထားဖို႔ ညႊန္ၾကားထားၿပီး ျဖစ္ပါတယ္။ အေမရိကန္ သမၼတ ေရြးေကာက္ပြဲ မတိုင္ခင္ ၂ ရက္အလိုမွာ အဆင့္သင့္ ျဖစ္ဖို႔ ညႊန္ၾကားထားတာ ျဖစ္ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ ခန္႔မွန္းေၿခ အေမရိကန္ ၁၉၆,၀၀၀ ေက်ာ္ ေသဆုံး ခဲ့ရၿပီး ၆.၆ သန္း ကူးစက္ခံခဲ့ရတယ္လို႔ Johns Hopkins တကၠသိုလ္က ထုတ္ျပန္ထားလို႔ တစ္ကမၻာလုံး အတိုင္းအတာအရ အေရအတြက္ အမ်ားဆုံး ျဖစ္ပါတယ္။

ကာကြယ္ေဆး အေတာ္မ်ားမ်ားက ရက္သတၱပတ္ သုံးပတ္ကေန ေလးပတ္ခြဲၿပီး ႏွစ္ႀကိမ္ႏွစ္ခါ ထိုးဖို႔ လိုအပ္မွာ ျဖစ္သလို တစ္ ကုမၸဏီတည္းက ထုတ္လုပ္တဲ့ေဆးလည္း ျဖစ္ရပါမယ္။

ကမၻာ့နိုင္ငံေတြမွာ ကာကြယ္ေဆး ထိုးႏွံတဲ့ အစီအစဥ္ေတြကို ဦးေဆာင္ လုပ္ကိုင္ေနတဲ့ ပရဟိတအဖြဲ႕ တစ္ခုျဖစ္တဲ့ Bill and Melinda Gates Foundation ကိုတည္ေထာင္သူ Bill Gates နဲ႔ ကမၻာ့ က်န္းမာေရး အဖြဲ႕တို႔ကေတာ့ ၂၀၂၂ ခုႏွစ္ ေရာက္မွသာ တစ္ကမၻာလုံး ကာကြယ္ေဆး က်ယ္က်ယ္ျပန္႔ျပန္႔ ရရွိ သုံးစြဲနိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ် ကန် အစိုးရအစီအစဉ်

(Unicode)

အမေရိကန် ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထောက်ပံ့ပေးမယ့် ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ရပ်ကို အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ချပြခဲ့ပါတယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်မယ့် အချိန်ကာလ အပေါ်မှာတော့ တာဝန်ရှိသူတွေရဲ့ အကြား အမြင်တွေ ကွဲပြားနေပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါး စီမံအုပ်ချုပ်ရေး ဌာန (FDA) က ကာကွယ်ဆေး သုံးစွဲဖို့ကို ဒီနှစ် အကုန်မှာ အတည်ပြုပေး လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြောင်း အမေရိကန် ကျန်းမာရေးနဲ့ ပြည်သူ့ ဝန်ဆောင်မှုဌာနက တာဝန်ရှိသူ Paul Mango က ပြောပါတယ်။ ဒါ့အပြင်၊ အမေရိကန်ပြည်သူတွေအတွက် ဆေး အလုံအလောက် ရရှိစေရေး အမေရိကန် အစိုးရက ဆေးကုမ္ပဏီ ကြီးတွေနဲ့ ကန်ထရိုက် သဘောတူညီချက်တွေ ချုပ် ဆိုထားတာကြောင့် မတ်လအကုန်မှာ အမေရိကန်တွေ အားလုံး ကာကွယ်ဆေး ထိုးပြီးသား ဖြစ်နေမယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေး ဌာန ညွှန်ကြားရေးမှူး Robert Redfield ကတော့ ကာကွယ်ဆေး ရနိုင်မယ့် အချိန်ကို ကိုရိုနာ ဗိုင်းရပ်စ် ကြားနာပွဲမှာ အမေရိကန် အထက်လွှတ်တော်ကို တိတိကျကျ ပြောဆိုသွားတာ မရှိပါဘူး။ ဒီမေးခွန်းကို ဖြေကြားရမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် ဒါမှမဟုတ် တတိယ သုံးလပတ်ကာလမှာ ဖြစ်နိုင်တယ်လို့ပဲ ပြော ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး နောက်ထပ် အရေးပါတဲ့ အမေရိကန် တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စစ်တပ် ဗိုလ်ချုပ်ကြီး Paul Ostrowski ကတော့ FDAက အတည်ပြု ပြီးပြီးချင်း ၂၄ နာရီအတွင်း ကာကွယ်ဆေးတွေကို ထိုးနှံရာ နေရာတွေ အရောက် ပေးပို့သွားမယ်လို့ ပြောပါတယ်။

အမေရိကန် ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေး ဌာနကတော့ ပြည်နယ် ၅၀ နဲ့ အုပ်ချုပ်ခံ နယ်မြေတွေ အားလုံးကို နိုဝင်ဘာလ ၁ ရက် မတိုင်ခင် ကာကွယ်ဆေး ဖြန့်ချိရေး အစီအစဉ်တွေ လုပ်ဆောင်ထားဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ အဆင့်သင့် ဖြစ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ခန့်မှန်းခြေ အမေရိကန် ၁၉၆,၀၀၀ ကျော် သေဆုံး ခဲ့ရပြီး ၆.၆ သန်း ကူးစက်ခံခဲ့ရတယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားလို့ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အရေအတွက် အများဆုံး ဖြစ်ပါတယ်။

ကာကွယ်ဆေး အတော်များများက ရက်သတ္တပတ် သုံးပတ်ကနေ လေးပတ်ခွဲပြီး နှစ်ကြိမ်နှစ်ခါ ထိုးဖို့ လိုအပ်မှာ ဖြစ်သလို တစ် ကုမ္ပဏီတည်းက ထုတ်လုပ်တဲ့ဆေးလည်း ဖြစ်ရပါမယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံတဲ့ အစီအစဉ်တွေကို ဦးဆောင် လုပ်ကိုင်နေတဲ့ ပရဟိတအဖွဲ့ တစ်ခုဖြစ်တဲ့ Bill and Melinda Gates Foundation ကိုတည်ထောင်သူ Bill Gates နဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့တို့ကတော့ ၂၀၂၂ ခုနှစ် ရောက်မှသာ တစ်ကမ္ဘာလုံး ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ရရှိ သုံးစွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG