သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆး စမ္းသပ္မႈေတြ AstraZeneca ကုမၸဏီ ျပန္လည္စတင္


COVID-19 ကာကြယ္ေဆးတံဆိပ္ထားတဲ့ ေဆးပုလင္းမ်ား။ (ဧၿပီ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

ၿဗိတိသွ်-ဆြီဒင္ ေဆးကုမၸဏီႀကီး AstraZeneca က သူတုိ႔ထုတ္လုပ္မယ့္ COVID-19 ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ေဆးဝါးပစၥည္းဆိုင္ရာ က်န္းမာေရး စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ထိန္းညႇိတဲ့ MHRA အဖြဲ႔ရဲ႕ ခြင့္ျပဳခ်က္ရၿပီ ျဖစ္တဲ့အတြက္ စမ္းသပ္စစ္ေဆးမႈေတြ ျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း စေနေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

AstraZeneca Oxford ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေဆး AZD1222 အတြက္ လူေတြနဲ႔ စမ္းသပ္မႈေတြ လုပ္ေဆာင္ေနရာကေန အဂၤါေန႔က ေဆးအစမ္းခံတဲ့ ေစတနာရွင္တဦး စမ္းသပ္ေဆး အထိုးခံခဲ့ၿပီးတဲ့ေနာက္ နာမက်န္းျဖစ္လာတာ ေတြ႔ရတဲ့အတြက္ စမ္းသပ္မႈေတြကို ေခတၱရပ္ဆိုင္းထားတာ ျဖစ္ပါတယ္။

စမ္းသပ္စစ္ေဆးမႈေတြ လုပ္ေနခ်ိန္အတြင္း ေခတၱရပ္နားတာမ်ိဳးဟာ လုပ္႐ုိးလုပ္စဥ္ျဖစ္ေၾကာင္းနဲ႔ တကယ္လို႔ လုပ္ငန္းစဥ္အတြင္း အေျဖရွာမရတဲ့ နာမက်န္းမႈေတြ ေတြ႔တုိင္း လုပ္ငန္းစဥ္ကို ရပ္ၿပီး စံုစမ္းစစ္ေဆးမႈေတြ လုပ္ရတာ ျဖစ္ၿပီး ဒါဟာ စမ္းသပ္စစ္ေဆးမႈအတြက္ ယံုၾကည္စိတ္ခ်ရမႈကို ထိန္းထားႏုိင္ဖို႔ ျဖစ္ေၾကာင္းလည္း ေဆးကုမၸဏီက ေျပာပါတယ္။

AstraZeneca က စမ္းသပ္ေနတဲ့ ကာကြယ္ေဆးဟာ ကမာၻတလႊား ကို႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေဆးရဖို႔ ႀကိဳးစားေနတဲ့ထဲက ေနာက္ဆံုးအဆင့္ စမ္းသပ္မႈျဖစ္တဲ့ အဆင့္ ၃ (Phase 3) စမ္းသပ္မႈေတြ လုပ္ေနတဲ့ ကာကြယ္ေဆး ၉ မ်ိဳးထဲက တမ်ိဳးျဖစ္ပါတယ္။

ဒီေဆးကို ၾသဂုတ္လ ၃၁ ရက္ေန႔ကစၿပီး ေစတနာရွင္ အေယာက္ ၃၀,၀၀၀ နဲ႔ စမ္းသပ္ခဲ့တာျဖစ္ၿပီး ေဆးစမ္းသပ္မႈေတြ အဆိုင္းငံ့မခံရခင္ကေတာ့ ဘရာဇီးလ္နဲ႔ တျခား ေတာင္အေမရိကႏိုင္ငံေတြမွာ လူအုပ္စုငယ္ေလးေတြနဲ႔႔ စမ္းသပ္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုတွေ AstraZeneca ကုမ္ပဏီ ပြန်လည်စတင်

ဗြိတိသျှ-ဆွီဒင် ဆေးကုမ္ပဏီကြီး AstraZeneca က သူတို့ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆေးဝါးပစ္စည်းဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထိန်းညှိတဲ့ MHRA အဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီ ဖြစ်တဲ့အတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်း စနေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

AstraZeneca Oxford ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး AZD1222 အတွက် လူတွေနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နေရာကနေ အင်္ဂါနေ့က ဆေးအစမ်းခံတဲ့ စေတနာရှင်တဦး စမ်းသပ်ဆေး အထိုးခံခဲ့ပြီးတဲ့နောက် နာမကျန်းဖြစ်လာတာ တွေ့ရတဲ့အတွက် စမ်းသပ်မှုတွေကို ခေတ္တရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေချိန်အတွင်း ခေတ္တရပ်နားတာမျိုးဟာ လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်းနဲ့ တကယ်လို့ လုပ်ငန်းစဉ်အတွင်း အဖြေရှာမရတဲ့ နာမကျန်းမှုတွေ တွေ့တိုင်း လုပ်ငန်းစဉ်ကို ရပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရတာ ဖြစ်ပြီး ဒါဟာ စမ်းသပ်စစ်ဆေးမှုအတွက် ယုံကြည်စိတ်ချရမှုကို ထိန်းထားနိုင်ဖို့ ဖြစ်ကြောင်းလည်း ဆေးကုမ္ပဏီက ပြောပါတယ်။

AstraZeneca က စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရဖို့ ကြိုးစားနေတဲ့ထဲက နောက်ဆုံးအဆင့် စမ်းသပ်မှုဖြစ်တဲ့ အဆင့် ၃ (Phase 3) စမ်းသပ်မှုတွေ လုပ်နေတဲ့ ကာကွယ်ဆေး ၉ မျိုးထဲက တမျိုးဖြစ်ပါတယ်။

ဒီဆေးကို သြဂုတ်လ ၃၁ ရက်နေ့ကစပြီး စေတနာရှင် အယောက် ၃၀,၀၀၀ နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး ဆေးစမ်းသပ်မှုတွေ အဆိုင်းငံ့မခံရခင်ကတော့ ဘရာဇီးလ်နဲ့ တခြား တောင်အမေရိကနိုင်ငံတွေမှာ လူအုပ်စုငယ်လေးတွေနဲ့ စမ်းသပ်နေတာပါ။

XS
SM
MD
LG