သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးစမ္းသပ္မႈ ယာယီရလဒ္ ဒီႏွစ္ကုန္မွာ ထြက္လာဖြယ္ရွိ


COVID 19 ကာကြယ္ေဆး ပုလင္း။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

အားလုံး ေမွ်ာ္လင့္ေနတဲ့ COVID-19 ကာကြယ္ေဆးနဲ႔ ပတ္သက္လုိ႔ ၾကားျဖတ္ယာယီ ရလဒ္ကို ဒီႏွစ္ကုန္မွာ ျမင္ေတြ႔ရဖြယ္ ရွိတယ္လို႔ WHO ကမၻာ့က်န္းမာေရးအဖဲြ႔ခ်ဳပ္က ၾကာသပေတးေန႔က ေျပာပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမဳိ႕မွာ က်င္းပတဲ့ WHO သတင္းစာရွင္းလင္းပဲြအတြင္း WHO ရဲ႕သိပၸံပညာရွင္အႀကီးအကဲ Soumya Swaminathan က COVID-19 ကာကြယ္ေဆး စမ္းသပ္ေနၾကတဲ့ ေနာက္ဆုံး အေျခအေနကိုရွင္းျပသြားတာပါ။

WHO ရဲ႕သိပၸံပညာရွင္အႀကီးအကဲ Soumya Swaminathan
WHO ရဲ႕သိပၸံပညာရွင္အႀကီးအကဲ Soumya Swaminathan

"ဒီႏွစ္ကုန္ပိုင္းက်ရင္ အနည္းဆုံးေတာ့ ၾကားျဖတ္ယာယီ ရလဒ္တခ်ဳိ႕စၿပီး ျမင္ေတြ႔လာရဖြယ္ရွိပါတယ္။ က်မတို႔ အခု ေျပာႏိုင္တာက ပထမအဆင့္နဲ႔ ဒုတိယအဆင့္ကို စမ္းသပ္ ေလ့လာခ်က္က ရတဲ့ အခ်က္အလက္ေတြက အေတာ္ကို ခိုင္မာပါတယ္။ COVID-19 ကာကြယ္ေဆး ထုတ္ဖို႔ ႀကဳိးစားေနသူ အမ်ားစုဟာ ဒုတိယအဆင့္ကုိ ၿပီးေျမာက္ကုန္ပါၿပီ။ ခႏၶာကိုယ္ ပဋိဇီဝပစၥည္းေတြကို အာနိသင္ ပ်က္ျပယ္ေစမယ့္ ကုိယ္တြင္း တုံ႔ျပန္မႈအစြမ္းရွိတဲ့ ေဆးအဆင့္ကို သူတို႔အားလုံး စမ္းသပ္ႏိုင္ခဲ့တယ္ဆိုတာ ျပသေနၾကပါတယ္။" လို႔ Swaminathan က ေျပာသြားတာပါ။

ၿဗိတိန္နဲ႔ ဆီြဒင္ဖက္စပ္ပိုင္ AstraZeneca ေဆးကုမၸဏီကေတာ့ COVID-19 ကာကြယ္ေဆးအတြက္ လူနဲ႔ စမ္းသပ္မယ့္ တတိယအဆင့္ကုိ ရပ္နားထားတယ္လို႔ အဂၤါေန႔ အေစာပုိင္းမွာ ေၾကညာပါတယ္။ စမ္းသပ္ေဆး ထိုးခံရသူတဦးဆီမွာ စိုးရိမ္ဖြယ္ တုံ႔ျပန္မႈေတြ ျပတာေၾကာင့္ ခုလို ရပ္ဆိုင္းလိုက္တာ ျဖစ္ပါတယ္ဒ။

AstraZeneca ေဆးကုမၸဏီရဲ႕ ဒီဆုံးျဖတ္ခ်က္ ထြက္ေပၚၿပီးေနာက္ စမ္းသပ္မႈတုိင္းမွာ အသက္အႏၱရာယ္ လုံၿခဳံေရးက ပထမဦးစားေပး ျဖစ္တယ္လို႔ WHO ရဲ႕သိပၸံပညာရွင္ Swaminathan က ကိုဗစ္ကာကြယ္ေဆး ထုတ္သူတိုင္းကို ထပ္ေလာင္း သတိေပးပါတယ္။ ကုိဗစ္ကာကြယ္ေဆး ထုတ္တာဟာ ျမန္ဆန္ၿပီး ေျဖာင့္ျဖဴးတဲ့ ခရီးလမ္း မဟုတ္သလို ထြက္ေပၚေနတဲ့ သတင္းေတြ ေၾကာင့္လည္း စိတ္ဓါတ္က်စရာ မလုိဘူးလို႔ ေျပာဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု ယာယီရလဒ် ဒီနှစ်ကုန်မှာ ထွက်လာဖွယ်ရှိ

အားလုံး မျှော်လင့်နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြားဖြတ်ယာယီ ရလဒ်ကို ဒီနှစ်ကုန်မှာ မြင်တွေ့ရဖွယ် ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြာသပတေးနေ့က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ WHO သတင်းစာရှင်းလင်းပွဲအတွင်း WHO ရဲ့သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က COVID-19 ကာကွယ်ဆေး စမ်းသပ်နေကြတဲ့ နောက်ဆုံး အခြေအနေကိုရှင်းပြသွားတာပါ။

"ဒီနှစ်ကုန်ပိုင်းကျရင် အနည်းဆုံးတော့ ကြားဖြတ်ယာယီ ရလဒ်တချို့စပြီး မြင်တွေ့လာရဖွယ်ရှိပါတယ်။ ကျမတို့ အခု ပြောနိုင်တာက ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို စမ်းသပ် လေ့လာချက်က ရတဲ့ အချက်အလက်တွေက အတော်ကို ခိုင်မာပါတယ်။ COVID-19 ကာကွယ်ဆေး ထုတ်ဖို့ ကြိုးစားနေသူ အများစုဟာ ဒုတိယအဆင့်ကို ပြီးမြောက်ကုန်ပါပြီ။ ခန္ဓာကိုယ် ပဋိဇီဝပစ္စည်းတွေကို အာနိသင် ပျက်ပြယ်စေမယ့် ကိုယ်တွင်း တုံ့ပြန်မှုအစွမ်းရှိတဲ့ ဆေးအဆင့်ကို သူတို့အားလုံး စမ်းသပ်နိုင်ခဲ့တယ်ဆိုတာ ပြသနေကြပါတယ်။" လို့ Swaminathan က ပြောသွားတာပါ။

ဗြိတိန်နဲ့ ဆွီဒင်ဖက်စပ်ပိုင် AstraZeneca ဆေးကုမ္ပဏီကတော့ COVID-19 ကာကွယ်ဆေးအတွက် လူနဲ့ စမ်းသပ်မယ့် တတိယအဆင့်ကို ရပ်နားထားတယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာ ကြေညာပါတယ်။ စမ်းသပ်ဆေး ထိုးခံရသူတဦးဆီမှာ စိုးရိမ်ဖွယ် တုံ့ပြန်မှုတွေ ပြတာကြောင့် ခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်ဒ။

AstraZeneca ဆေးကုမ္ပဏီရဲ့ ဒီဆုံးဖြတ်ချက် ထွက်ပေါ်ပြီးနောက် စမ်းသပ်မှုတိုင်းမှာ အသက်အန္တရာယ် လုံခြုံရေးက ပထမဦးစားပေး ဖြစ်တယ်လို့ WHO ရဲ့သိပ္ပံပညာရှင် Swaminathan က ကိုဗစ်ကာကွယ်ဆေး ထုတ်သူတိုင်းကို ထပ်လောင်း သတိပေးပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထုတ်တာဟာ မြန်ဆန်ပြီး ဖြောင့်ဖြူးတဲ့ ခရီးလမ်း မဟုတ်သလို ထွက်ပေါ်နေတဲ့ သတင်းတွေ ကြောင့်လည်း စိတ်ဓါတ်ကျစရာ မလိုဘူးလို့ ပြောဆိုပါတယ်။

XS
SM
MD
LG