သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆး အႏၱရာယ္ကင္းေၾကာင္းမျပႏုိင္ရင္ ေဆးကုမၸဏီေတြ ျဖန္႔ခ်ိခြင့္ေတာင္းမည္မဟုတ္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စမ္းသပ္မႈ ေနာက္ဆုံးအဆင့္ျဖစ္တဲ့ အဆင့္ ၃ စမ္းသပ္မႈ ရလဒ္ေတြမွာ လူေတြအတြက္ အႏၲရာယ္ ကင္းကင္းသုံးစြဲနိုင္ေၾကာင္း မျပနိုင္ေသးရင္ အေမရိကန္ အစိုးရဆီက တရားဝင္ခြင့္ျပဳခ်က္ေတာင္းခံဦးမွာ မဟုတ္ေသးေၾကာင္း COVID-19 ကာကြယ္ေဆး ထုတ္လုပ္နိုင္ဖို႔ အၿပိဳင္အဆိုင္ႀကိဳးပမ္းေနၾကတဲ့ ေဆးကုမၸဏီေတြရဲ့ အမႈေဆာင္အရာရွိခ်ဳပ္ ၉ ဦးက အဂၤါေန႔က ပူးတြဲေၾကညာခ်က္ထုက္ျပန္ေျပာၾကားလိုက္ပါတယ္။

သမၼတ Donald Trump က နိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပမယ့္ သမၼတ ေရြးေကာက္ပြဲမတိုင္ခင္ ကာကြယ္ေဆးရနိုင္တယ္လို႔ တနလၤာေန႔က ေျပာအၿပီးမွာ အခုလို ေဆးဝါးကုမၸဏီေတြက အမႈေဆာင္အရာရွိ ခ်ဳပ္ေတြရဲ့ ေၾကညာခ်က္ထြက္ေပၚလာတာပါ။

အခုလို ကတိေပးထားတဲ့ ပူးတြဲေၾကညာခ်က္က ကာကြယ္ေဆး ရဖို႔ သိပၸံနည္းက် အဆင့္ဆင့္ လုပ္ေဆာင္ေနတာေတြနဲ႔ ပတ္သက္ၿပီး လူေတြ စိတ္ခ်ယုံၾကည္မႈရရွိေစဖို႔ ေမၽွာ္လင့္ေၾကာင္းနဲ႔ အဆင့္ဆင့္ စမ္းသပ္ၿပီး ေနာက္မွာမွ ကာကြယ္ေဆးထုတ္လုပ္ဖို႔ ခြင့္ျပဳခ်က္ရယူ သြားနိုင္ဖို႔ ေမၽွာ္မွန္းထား ေၾကာင္း အမႈေဆာင္အရာရွိခ်ဳပ္ေတြ ရဲ့ ပူးတြဲေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကာကြယ္ေဆး အဆင့္ ၃ စမ္းသပ္မႈရလဒ္ေတြမွာ လူေတြအတြက္ အႏၲရာယ္ ကင္းကင္း သုံးစြဲနိုင္ေၾကာင္း ျပသနိုင္မွသာ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန FDA အပါအဝင္ သက္ဆိုင္ရာ အာဏာပိုင္ေတြရဲ့ ခြင့္ျပဳခ်က္ ဒါမွမဟုတ္ အေရးေပၚ သုံးစြဲခြင့္ ေတာင္းခံသြားမွာ ျဖစ္တယ္လို႔လည္း ဒီေၾကညာခ်က္ထဲမွာ ကတိျပဳ ေျပာဆိုထားတာ ျဖစ္ပါတယ္။

ကာကြယ္ေဆး အသုံးျပဳရာမွာ လူေတြအတြက္ အႏၲရာယ္ကင္းရွင္းဖို႔နဲ႔ ေဆးထိုးခံမယ့္သူ တဦးခ်င္းစီအတြက္ ေကာင္းက်ိဳးရရွိေစဖို႔က သာ ဦးစားေပးေၾကာင္းလည္း အမႈေဆာင္အရာရွိခ်ဳပ္ေတြက ေျပာပါတယ္။

ပုံမွန္ အေျခအေနမွာ ေဆးကုမၸဏီအေတာ္မ်ားမ်ားက ကာကြယ္ေဆးေတြကို လူေတြအတြက္ အႏၲရာယ္ကင္းရွင္းေရး စံႏႈန္းေတြနဲ႔အညီ ထုတ္လုပ္ၾကတာပါ။ ဒါေပမဲ့ သမၼတ Trump က COVID-19 ကာကြယ္ေဆးကို ခြင့္ျပဳခ်က္အျမန္ရယူဖို႔ တိုက္တြန္းေနတာ ေၾကာင့္ အခုလို အမႈေဆာင္အရာရွိခ်ဳပ္ေတြရဲ့ ပူးတြဲ ေၾကညာခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

အေမရိကန္ နိုင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၁၉၀,၀၀၀ နီးပါးရွိလို႔ ကမၻာေပၚမွာ အမ်ားဆုံး ျဖစ္သလို ကူးစက္မႈ အေရအတြက္ လည္း ၆.၃ သန္းရွိလို႔ တကမၻာလုံး ကူးစက္မႈ ၂၇.၃ သန္းရဲ့ ၃ ပုံ ၁ ပုံေက်ာ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကာကွယ်ဆေး အန္တရာယ်ကင်းကြောင်းမပြနိုင်ရင် ဆေးကုမ္ပဏီတွေ ဖြန့်ချိခွင့်တောင်းမည်မဟုတ်
(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ စမ်းသပ်မှု ရလဒ်တွေမှာ လူတွေအတွက် အန္တရာယ် ကင်းကင်းသုံးစွဲနိုင်ကြောင်း မပြနိုင်သေးရင် အမေရိကန် အစိုးရဆီက တရားဝင်ခွင့်ပြုချက်တောင်းခံဦးမှာ မဟုတ်သေးကြောင်းCOVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ ဆေးကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ် ၉ ဦးက အင်္ဂါနေ့က ပူးတွဲကြေညာချက်ထုက်ပြန်ပြောကြားလိုက်ပါတယ်။

သမ္မတ Donald Trump က နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ကာကွယ်ဆေးရနိုင်တယ်လို့ တနင်္လာနေ့က ပြောအပြီးမှာ အခုလို ဆေးဝါးကုမ္ပဏီတွေက အမှုဆောင်အရာရှိ ချုပ်တွေရဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။

အခုလို ကတိပေးထားတဲ့ ပူးတွဲကြေညာချက်က ကာကွယ်ဆေး ရဖို့ သိပ္ပံနည်းကျ အဆင့်ဆင့် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး လူတွေ စိတ်ချယုံကြည်မှုရရှိစေဖို့ မျှော်လင့်ကြောင်းနဲ့ အဆင့်ဆင့် စမ်းသပ်ပြီး နောက်မှာမှ ကာကွယ်ဆေးထုတ်လုပ်ဖို့ ခွင့်ပြုချက်ရယူ သွားနိုင်ဖို့ မျှော်မှန်းထား ကြောင်း အမှုဆောင်အရာရှိချုပ်တွေ ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုရလဒ်တွေမှာ လူတွေအတွက် အန္တရာယ် ကင်းကင်း သုံးစွဲနိုင်ကြောင်း ပြသနိုင်မှသာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် အရေးပေါ် သုံးစွဲခွင့် တောင်းခံသွားမှာ ဖြစ်တယ်လို့လည်း ဒီကြေညာချက်ထဲမှာ ကတိပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ကာကွယ်ဆေး အသုံးပြုရာမှာ လူတွေအတွက် အန္တရာယ်ကင်းရှင်းဖို့နဲ့ ဆေးထိုးခံမယ့်သူ တဦးချင်းစီအတွက် ကောင်းကျိုးရရှိစေဖို့က သာ ဦးစားပေးကြောင်းလည်း အမှုဆောင်အရာရှိချုပ်တွေက ပြောပါတယ်။

ပုံမှန် အခြေအနေမှာ ဆေးကုမ္ပဏီအတော်များများက ကာကွယ်ဆေးတွေကို လူတွေအတွက် အန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ကြတာပါ။ ဒါပေမဲ့ သမ္မတ Trump က COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်အမြန်ရယူဖို့ တိုက်တွန်းနေတာ ကြောင့် အခုလို အမှုဆောင်အရာရှိချုပ်တွေရဲ့ ပူးတွဲ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၁၉၀,၀၀၀ နီးပါးရှိလို့ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်သလို ကူးစက်မှု အရေအတွက် လည်း ၆.၃ သန်းရှိလို့ တကမ္ဘာလုံး ကူးစက်မှု ၂၇.၃ သန်းရဲ့ ၃ ပုံ ၁ ပုံကျော်ပါတယ်။

XS
SM
MD
LG