သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO ဖြ႔ဲထားတဲ့ သီးျခားလြတ္လပ္တဲ့ ကုိဗစ္စုံစမ္းေရးအဖြဲ႔ လုပ္ငန္းစတင္


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ဆိုင္ရာ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးရဲ့ တုန္႔ျပန္ေဆာင္ရြက္မႈေတြနဲ႔ ပတ္သက္ၿပီး ျပန္လည္သံုးသပ္ဖုိ႔ WHO က ခန္႔အပ္ခဲ့တဲ့ သီးျခားလြတ္လပ္တဲ့ အဖြဲ႔ဟာ စံုစမ္းစစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ဒီအဖြဲ႔က ၾကာသပေတးေန႔မွာ ေျပာပါတယ္။

သူတုိ႔အဖြဲ႔အေနနဲ႔ လိုအပ္တဲ့ စာရြက္စာတမ္းေတြ၊ ပစၥည္းေတြနဲ႔ အီးေမးလ္ ၾကည့္ရႈခြင့္ေတြကို ကုလသမဂၢ ထဲက ဘယ္အဖြဲ႔အစည္း ဆီကမဆို အျပည့္အဝ ရယူႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

ဒီအဖြဲ႔မွာပါဝင္ေဆာင္ရြက္မယ့္သူ ၁၁ ဦးရဲ့ အမည္စာရင္းကိုလည္း အဖြဲ႔ ပူးတြဲ ဥကၠဌေတြ ျဖစ္ၾကတဲ့ Liberian သမၼတေဟာင္း Ellen Johnson Sirleaf နဲ႔ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Helen Clark တို႔က သတင္းစာရွင္းလင္းပြဲမွာ ေၾကညာခဲ့တာပါ။ ဒီအထဲမွာ ၂၀၁၄ ကေန ၂၀၁၆ အတြင္း အေနာက္အာဖရိကမွာ အီဘုိလာ ျဖစ္ပြါးစဥ္က MSF နည္စည္းမျခား ေဆးပညာရွင္မ်ားအဖြဲ႔ကို ဦးေဆာင္ ခဲ့တဲ့ WHO ကို ေဝဖန္ေျပာဆိုသူ Dr. Joanne Liu လည္း ပါဝင္ပါတယ္။

ဒါ့အျပင္ ကိုရိုနာဗိုင္းရပ္စ္ ပိုးဟာ လူလူခ်င္ ကူးစက္ႏိုင္တယ္လုိ႔ လူထုသိေအာင္ ပထမဆံုး အတည္ျပဳေျပာဆိုခဲ့တဲ့ ထင္ရွားတဲ့ တရုတ္ဆရာဝန္ Dr. Zhong Nanshan ၊ HIV- AIDS ၊ တီဘီ နဲ႔ ငွက္ဖ်ား တိုက္ဖ်က္ေရး Global Fund အဖြဲ႔အႀကီးအကဲ Mark Dybul နဲ႔ IRC အျပည္ျပည္ဆိုင္ရာ ကူညီကယ္ဆယ္ေရးအဖြဲ႔ အႀကီးအကဲ ျဖစ္တဲ့ ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီး ေဟာင္း David Miliband တို႔လည္း ပါဝင္ပါတယ္။

ဒီအဖြဲ႔မွာ ပါဝင္မယ့္သူေတြကို သူနဲ႔ Johnson Sirleaf တို႔ လြတ္လြတ္လပ္လပ္ ေရြးခ်ယ္ခဲ့ၾကတာျဖစ္ၿပီး WHO က ဝင္ေရာက္လႊမ္းမိုးမႈ မရွိေၾကာင္းလည္း အဖြဲ႔ ပူးတြဲ ဥကၠဌ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Helen Clark ကေျပာပါတယ္။

သူတုိ႔အဖြဲ႔ဟာ စက္တင္ဘာလ ၁၇ ရက္ေန႔မွာ ပထမဆံုး ေဆြးေႏြးပြဲက်င္းပဖုိ႔ စီစဥ္ထားသလို အခုအခ်ိန္က စၿပီး လာမယ့္ ဧၿပီလ အထိ သီတင္း ၆ ပတ္ မွာ တႀကိမ္ အစည္းေဝး က်င္းပဖို႔ စီစဥ္ထားေၾကာင္းနဲ႔ အၿပီးသတ္အစီရင္ခံစာကို ေနာက္ႏွစ္မွာ မတင္သြင္းခင္ ႏိုဝင္ဘာလ ထဲမွာ ေတြ႔ရွိခ်က္ေတြကို တင္ျပဖို႔ လုပ္ေနေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

WHO ဖွ့ဲထားတဲ့ သီးခြားလွတ်လပ်တဲ့ ကိုဗစ်စုံစမ်းရေးအဖွဲ့ လုပ်ငန်းစတင်

(Unicode)

COVID-19 ကပ်ရောဂါ ဆိုင်ရာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ WHO က ခန့်အပ်ခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒီအဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေနဲ့ အီးမေးလ် ကြည့်ရှုခွင့်တွေကို ကုလသမဂ္ဂ ထဲက ဘယ်အဖွဲ့အစည်း ဆီကမဆို အပြည့်အဝ ရယူနိုင်ကြောင်းလည်း ပြောပါတယ်။

ဒီအဖွဲ့မှာပါဝင်ဆောင်ရွက်မယ့်သူ ၁၁ ဦးရဲ့ အမည်စာရင်းကိုလည်း အဖွဲ့ ပူးတွဲ ဥက္ကဌတွေ ဖြစ်ကြတဲ့ Liberian သမ္မတဟောင်း Ellen Johnson Sirleaf နဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း Helen Clark တို့က သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။ ဒီအထဲမှာ ၂၀၁၄ ကနေ ၂၀၁၆ အတွင်း အနောက်အာဖရိကမှာ အီဘိုလာ ဖြစ်ပွါးစဉ်က MSF နည်စည်းမခြား ဆေးပညာရှင်များအဖွဲ့ကို ဦးဆောင် ခဲ့တဲ့ WHO ကို ဝေဖန်ပြောဆိုသူ Dr. Joanne Liu လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ပိုးဟာ လူလူချင် ကူးစက်နိုင်တယ်လို့ လူထုသိအောင် ပထမဆုံး အတည်ပြုပြောဆိုခဲ့တဲ့ ထင်ရှားတဲ့ တရုတ်ဆရာဝန် Dr. Zhong Nanshan ၊ HIV- AIDS ၊ တီဘီ နဲ့ ငှက်ဖျား တိုက်ဖျက်ရေး Global Fund အဖွဲ့အကြီးအကဲ Mark Dybul နဲ့ IRC အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟောင်း David Miliband တို့လည်း ပါဝင်ပါတယ်။

ဒီအဖွဲ့မှာ ပါဝင်မယ့်သူတွေကို သူနဲ့ Johnson Sirleaf တို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခဲ့ကြတာဖြစ်ပြီး WHO က ဝင်ရောက်လွှမ်းမိုးမှု မရှိကြောင်းလည်း အဖွဲ့ ပူးတွဲ ဥက္ကဌ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း Helen Clark ကပြောပါတယ်။

သူတို့အဖွဲ့ဟာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပထမဆုံး ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားသလို အခုအချိန်က စပြီး လာမယ့် ဧပြီလ အထိ သီတင်း ၆ ပတ် မှာ တကြိမ် အစည်းဝေး ကျင်းပဖို့ စီစဉ်ထားကြောင်းနဲ့ အပြီးသတ်အစီရင်ခံစာကို နောက်နှစ်မှာ မတင်သွင်းခင် နိုဝင်ဘာလ ထဲမှာ တွေ့ရှိချက်တွေကို တင်ပြဖို့ လုပ်နေကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG