[Zawgyi/Unicode]
တ႐ုတ္ႏိုင္ငံမွာ မတ္လအေစာပိုင္းကတည္းက ပိတ္ထားခဲ့တဲ့ ေဘဂ်င္းၿမိဳ႕ႏိုင္ငံတကာေလဆိပ္ကို ၾကာသပေတးေန႔က ျပန္ဖြင့္လိုက္ၿပီး COVID-19 ကူးစက္မႈႏႈန္း နည္းတယ္လို႔ ယူဆရတဲ့ ႏိုင္ငံေတြက ေလယာဥ္ခရီးစဥ္ေတြကို ကန္႔သတ္ ခြင့္ျပဳသြားမွာျဖစ္ပါတယ္။
ကေမာၻဒီးယား၊ ဂရိ၊ ဒိန္းမတ္၊ ထိုင္း၊ ပါကစၥတန္၊ ၾသစႀတီးယား၊ ကေနဒါနဲ႔ ဆြီဒင္ႏိုင္ငံေတြကေန တ႐ုတ္ႏိုင္ငံကို လာေရာက္မယ့္ ခရီးသြားေတြအေနနဲ႔ ေလယာဥ္ေပၚမတက္ခင္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကင္းရွင္းေၾကာင္း အေထာက္အထားျပရမွာျဖစ္တယ္လို႔လည္း အစိုးရေျပာခြင့္ရ Xu Hejian ကေျပာပါတယ္။ စမ္းသပ္ကာလအတြင္း ေလဆိပ္မွာ တရက္ကို ခန္႔မွန္းေျခ ခရီးသည္ ၅၀၀ ေလာက္ ကန္႔သတ္လက္ခံသြားမွာျဖစ္ၿပီး ဆိုက္ေရာက္ခရီးသည္ေတြအားလုံး ေရာဂါပိုးစစ္ေဆးခံရမွာျဖစ္သလို သီတင္း ၂ ပတ္သီးျခားခြဲေနထိုင္ရမွာလည္းျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံမွာ ဒီကေန႔ COVID-19 ကူးစက္သူလူနာသစ္ ၈၃,၀၀၀ ေက်ာ္ရွိတဲ့အတြက္ ဒါဟာ တရက္တာ ကူးစက္မႈႏႈန္းအမ်ားဆုံးျဖစ္ပါတယ္။ စုစုေပါင္းကူးစက္သူ ၃.၈ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၆၇,၀၀၀ ေက်ာ္ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန စာရင္းေတြအရသိရပါတယ္။ အိႏၵိယမွာ တရက္တာကူးစက္မႈႏႈန္း ျမင့္တက္ေနတာ သီတင္း ၃ ပတ္ဆက္တိုက္ေက်ာ္ေနၿပီလည္းျဖစ္ပါတယ္။
အင္ဒိုနီးရွားႏိုင္ငံမွာလည္း ဒီကေန႔ တရက္ထဲ ကူးစက္မႈ ၃,၆၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၃၄ ေယာက္ရွိတဲ့အတြက္ ဇူလိုင္ ၂၂ ရက္ေန႔ေနာက္ပိုင္း ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။ ကူးစက္သူ စုစုေပါင္းက ၁၈၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၇,၇၅၀ ရွိပါတယ္။
ဖိလစ္ပိုင္မွာေတာ့ ဒီကေန႔ ကူးစက္သူ ၁,၉၈၀ ေက်ာ္၊ ေသဆုံးသူ ၆၅ ေယာက္နဲ႔ ကူးစက္သူ စုစုေပါင္းက ၂၂၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃,၆၈၀ ေက်ာ္ရွိပါတယ္။
[Unicode Version]
ဘေဂျင်းလေဆိပ် အကန့်အသတ်နဲ့ ပြန်ဖွင့်
တရုတ်နိုင်ငံမှာ မတ်လအစောပိုင်းကတည်းက ပိတ်ထားခဲ့တဲ့ ဘေဂျင်းမြို့နိုင်ငံတကာလေဆိပ်ကို ကြာသပတေးနေ့က ပြန်ဖွင့်လိုက်ပြီး COVID-19 ကူးစက်မှုနှုန်း နည်းတယ်လို့ ယူဆရတဲ့ နိုင်ငံတွေက လေယာဉ်ခရီးစဉ်တွေကို ကန့်သတ် ခွင့်ပြုသွားမှာဖြစ်ပါတယ်။
ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ပါကစ္စတန်၊ သြစတြီးယား၊ ကနေဒါနဲ့ ဆွီဒင်နိုင်ငံတွေကနေ တရုတ်နိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအနေနဲ့ လေယာဉ်ပေါ်မတက်ခင်မှာ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း အထောက်အထားပြရမှာဖြစ်တယ်လို့လည်း အစိုးရပြောခွင့်ရ Xu Hejian ကပြောပါတယ်။ စမ်းသပ်ကာလအတွင်း လေဆိပ်မှာ တရက်ကို ခန့်မှန်းခြေ ခရီးသည် ၅၀၀ လောက် ကန့်သတ်လက်ခံသွားမှာဖြစ်ပြီး ဆိုက်ရောက်ခရီးသည်တွေအားလုံး ရောဂါပိုးစစ်ဆေးခံရမှာဖြစ်သလို သီတင်း ၂ ပတ်သီးခြားခွဲနေထိုင်ရမှာလည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ COVID-19 ကူးစက်သူလူနာသစ် ၈၃,၀၀၀ ကျော်ရှိတဲ့အတွက် ဒါဟာ တရက်တာ ကူးစက်မှုနှုန်းအများဆုံးဖြစ်ပါတယ်။ စုစုပေါင်းကူးစက်သူ ၃.၈ သန်းကျော်နဲ့ သေဆုံးသူက ၆၇,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရသိရပါတယ်။ အိန္ဒိယမှာ တရက်တာကူးစက်မှုနှုန်း မြင့်တက်နေတာ သီတင်း ၃ ပတ်ဆက်တိုက်ကျော်နေပြီလည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီကနေ့ တရက်ထဲ ကူးစက်မှု ၃,၆၀၀ ကျော်နဲ့ သေဆုံးသူ ၁၃၄ ယောက်ရှိတဲ့အတွက် ဇူလိုင် ၂၂ ရက်နေ့နောက်ပိုင်း ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။ ကူးစက်သူ စုစုပေါင်းက ၁၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇,၇၅၀ ရှိပါတယ်။
ဖိလစ်ပိုင်မှာတော့ ဒီကနေ့ ကူးစက်သူ ၁,၉၈၀ ကျော်၊ သေဆုံးသူ ၆၅ ယောက်နဲ့ ကူးစက်သူ စုစုပေါင်းက ၂၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၆၈၀ ကျော်ရှိပါတယ်။