သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆးထုတ္ႏုိင္ဖုိ႔ ေနာက္ဆုံးအဆင့္ေရာက္ၿပီ


(Zawgyi/Unicode)

လက္ရွိ စမ္းသပ္ထုတ္လုပ္ေနတဲ့ COVID-19 ကာကြယ္ေဆး အမ်ားအျပား စမ္းသပ္မႈ ေနာက္ဆုံးအဆင့္ကို ေရာက္ေနၿပီလို႔ ဒီစမ္းသပ္မႈေတြမွာ ပါဝင္တဲ့ တာဝန္ရွိသူေတြကေျပာပါတယ္။

ၿဗိတိန္-ဆြီဒင္ ေဆးကုမၼဏီ AstraZeneca က စမ္းသပ္ေနတဲ့ ကာကြယ္ေဆးကို အေမရိကန္ျပည္ေထာင္စု အတြင္း အရြယ္ေရာက္ ၿပီးသူ လူမ်ိဳးကြဲေပါင္းစုံနဲ႔ ေဒသေပါင္းစုံက လူေပါင္း ၃ ေသာင္းေလာက္နဲ႔ စမ္းသပ္ေနတာေနာက္ဆုံးအဆင့္ကို ေရာက္ေနၿပီျဖစ္တယ္လို႔ အဲဒီ ေဆးကုမၸဏီက တနလၤာေန႔က ေျပာပါတယ္။

အလားတူပဲ အေမရိကန္ အမ်ိဳးသား က်န္းမာေရးသိပၸံက စမ္းသပ္ၿပီး အေမရိကန္ အေျခစိုက္ Moderna ေဆးကုမၸဏီ က ထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆးကိုလည္း အေမရိကန္နိုင္ငံတြင္း လူေထာင္နဲ႔ ခ်ီ စမ္းသပ္ေနၿပီျဖစ္ပါတယ္။ ဒါ့အျပင္ New York ၿမိဳ႕ အေျခစိုက္ ဂ်ာမဏီ နိုင္ငံ BioNtech ေဆးကုမၸဏီ နဲ႔ Pfizer ေဆးကုမၸဏီ တို႔ ပူးတြဲစမ္းသပ္ေနတဲ့ ကာကြယ္ေဆးကိုလည္း လူေတြနဲ႔ စမ္းသပ္ေနၿပီ ျဖစ္ပါတယ္။

AstraZeneca ေဆးကုမၸဏီရဲ့AZD1222 လို႔ အမည္ေပးထားတဲ့ COVID-19 ကာကြယ္ေဆး စမ္းသပ္မႈ ေနာက္ဆုံးအဆင့္ေတြကို ဘရာဇီး၊ ေတာင္အာဖရိကနဲ႔ ၿဗိတိန္နိုင္ငံေတြမွာ ျပဳလုပ္ေနတာျဖစ္ၿပီး ေနာက္ထပ္ ဂ်ပန္နဲ႔ ႐ုရွားတို႔မွာလည္း အလားတူ စမ္းသပ္မႈေတြ လုပ္ေနၾကတာျဖစ္ပါတယ္။

စမ္းသပ္မႈေတြကို က်န္းမာေရးေကာင္းမြန္တဲ့ လူေတြနဲ႔ ျပဳလုပ္ေနတာျဖစ္သလို စမ္းသပ္ေနတဲ့ ကာကြယ္ေဆးေတြ ေအာင္ျမင္ဖို႔က ပိုၿပီး တင္းၾကပ္တဲ့ အဆင့္ေတြကို ေက်ာ္ျဖတ္ရမွာ ျဖစ္ပါတယ္။ ထိေရာက္ၿပီး ေဘးကင္းတဲ့ ကာကြယ္ေဆးတခုထုတ္လုပ္နိုင္ဖို႔အတြက္ လူေပါင္းမ်ားစြာနဲ႔ စမ္းသပ္မႈေတြကို အဆင့္ဆင့္လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ လယ္သမားေတြ လယ္ယာစိုက္ပ်ိဳးေရးမွာ အခက္အခဲ ၾကဳံေတြ႕ေနရတာေၾကာင့္ ေက်းလက္ေရာ ၿမိဳ႕ျပေဒသေတြမွာပါ စားနပ္ရိကၡာ ဖူလုံေရး ျပႆနာကို ရင္ဆိုင္လာေနရပါတယ္။ ဒါေၾကာင့္ အစားအစာ ငတ္မြတ္ ေခါင္းပါးမႈကို တိုက္ဖ်က္ဖို႔ နဲ႔ အာရွ-ပစိဖိတ္ေဒသအတြင္းစားနပ္ရိကၡာ ျပႆနာ အေျခအေန ပိုၿပီး မဆိုးရြားလာေစဖို႔ ကုလသမဂၢ စိုက္ပ်ိဳးေရးနဲ႔ ကမၻာ့ စားနပ္ ရိကၡာအဖြဲ႕ FAO က ကၽြမ္းက်င္သူေတြက အြန္လိုင္းေန ျပဳလုပ္တဲ့ ညီလာခံတစ္ခု ကို အဂၤါေန႔က စၿပီး က်င္းပေနၿပီ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ေၾကာင့္ နာမက်န္းျဖစ္တာေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြနဲ႔ ခရီးသြားလာမႈအေပၚ ပိတ္ပင္ကန္႔သတ္ထားတာေတြက သီးႏွံေတြ ခူးဆြတ္ ရိတ္သိမ္းဖို႔ ေရႊ႕ေျပာင္း လုပ္သားေတြ အလုပ္ခြင္ကို မသြားနိုင္တာကအစ ထြက္ကုန္ပစၥည္းေတြနဲ႔ လုပ္ငန္းသုံး ပစၥည္းကိရိယာေတြ သယ္ယူပို႔ေဆာင္ေရးမလြယ္ကူတဲ့ကိစၥအဆုံး အခက္အခဲ ေပါင္းစုံနဲ႔ ၾကဳံေတြ႕ေနရတယ္လို႔လည္း ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

တကမၻာလုံး အတိုင္းအတာနဲ႔ အဂၤါေန႔က အထိ COVID-19 ကူးစက္သူ ၂၄.၅ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၈ သိန္းခြဲနီးပါးရွိပါတယ္။အေမရိကန္ျပည္ေထာင္စုမွာေတာ့ကူးစက္သူ ၆ သန္းေက်ာ္နဲ႔ ေသဆုံးသူေပါင္း ၁ သိန္း ၈ ေသာင္းေက်ာ္ရွိတယ္လို႔ Johns Hopkins တကၠသိုလ္က ထုတ္ျပန္တဲ့ စာရင္းေတြအရ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်ဖို့ နောက်ဆုံးအဆင့်ရောက်ပြီ

(Unicode)

လက်ရှိ စမ်းသပ်ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး အများအပြား စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ဒီစမ်းသပ်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ဗြိတိန်-ဆွီဒင် ဆေးကုမ္မဏီ AstraZeneca က စမ်းသပ်နေတဲ့ ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စု အတွင်း အရွယ်ရောက် ပြီးသူ လူမျိုးကွဲပေါင်းစုံနဲ့ ဒေသပေါင်းစုံက လူပေါင်း ၃ သောင်းလောက်နဲ့ စမ်းသပ်နေတာနောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်တယ်လို့ အဲဒီ ဆေးကုမ္ပဏီက တနင်္လာနေ့က ပြောပါတယ်။

အလားတူပဲ အမေရိကန် အမျိုးသား ကျန်းမာရေးသိပ္ပံက စမ်းသပ်ပြီး အမေရိကန် အခြေစိုက် Moderna ဆေးကုမ္ပဏီ က ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကိုလည်း အမေရိကန်နိုင်ငံတွင်း လူထောင်နဲ့ ချီ စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် New York မြို့ အခြေစိုက် ဂျာမဏီ နိုင်ငံ BioNtech ဆေးကုမ္ပဏီ နဲ့ Pfizer ဆေးကုမ္ပဏီ တို့ ပူးတွဲစမ်းသပ်နေတဲ့ ကာကွယ်ဆေးကိုလည်း လူတွေနဲ့ စမ်းသပ်နေပြီ ဖြစ်ပါတယ်။

AstraZeneca ဆေးကုမ္ပဏီရဲ့AZD1222 လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်တွေကို ဘရာဇီး၊ တောင်အာဖရိကနဲ့ ဗြိတိန်နိုင်ငံတွေမှာ ပြုလုပ်နေတာဖြစ်ပြီး နောက်ထပ် ဂျပန်နဲ့ ရုရှားတို့မှာလည်း အလားတူ စမ်းသပ်မှုတွေ လုပ်နေကြတာဖြစ်ပါတယ်။

စမ်းသပ်မှုတွေကို ကျန်းမာရေးကောင်းမွန်တဲ့ လူတွေနဲ့ ပြုလုပ်နေတာဖြစ်သလို စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေ အောင်မြင်ဖို့က ပိုပြီး တင်းကြပ်တဲ့ အဆင့်တွေကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ထိရောက်ပြီး ဘေးကင်းတဲ့ ကာကွယ်ဆေးတခုထုတ်လုပ်နိုင်ဖို့အတွက် လူပေါင်းများစွာနဲ့ စမ်းသပ်မှုတွေကို အဆင့်ဆင့်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လယ်သမားတွေ လယ်ယာစိုက်ပျိုးရေးမှာ အခက်အခဲ ကြုံတွေ့နေရတာကြောင့် ကျေးလက်ရော မြို့ပြဒေသတွေမှာပါ စားနပ်ရိက္ခာ ဖူလုံရေး ပြဿနာကို ရင်ဆိုင်လာနေရပါတယ်။ ဒါကြောင့် အစားအစာ ငတ်မွတ် ခေါင်းပါးမှုကို တိုက်ဖျက်ဖို့ နဲ့ အာရှ-ပစိဖိတ်ဒေသအတွင်းစားနပ်ရိက္ခာ ပြဿနာ အခြေအနေ ပိုပြီး မဆိုးရွားလာစေဖို့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ ကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့ FAO က ကျွမ်းကျင်သူတွေက အွန်လိုင်းနေ ပြုလုပ်တဲ့ ညီလာခံတစ်ခု ကို အင်္ဂါနေ့က စပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်တာတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလာမှုအပေါ် ပိတ်ပင်ကန့်သတ်ထားတာတွေက သီးနှံတွေ ခူးဆွတ် ရိတ်သိမ်းဖို့ ရွှေ့ပြောင်း လုပ်သားတွေ အလုပ်ခွင်ကို မသွားနိုင်တာကအစ ထွက်ကုန်ပစ္စည်းတွေနဲ့ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေ သယ်ယူပို့ဆောင်ရေးမလွယ်ကူတဲ့ကိစ္စအဆုံး အခက်အခဲ ပေါင်းစုံနဲ့ ကြုံတွေ့နေရတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ အင်္ဂါနေ့က အထိ COVID-19 ကူးစက်သူ ၂၄.၅ သန်းကျော်နဲ့ သေဆုံးသူ ၈ သိန်းခွဲနီးပါးရှိပါတယ်။အမေရိကန်ပြည်ထောင်စုမှာတော့ကူးစက်သူ ၆ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၁ သိန်း ၈ သောင်းကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG