သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ကမာၻတဝန္းေသဆံုးသူ ၈ သိန္းေက်ာ္သြားၿပီ


COVID 19 လူနာတဦးကို အေရးေပၚလူနာတင္ကားေပၚသယ္ေဆာင္ေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို Colombia ႏိုင္ငံ Medellin ၿမိဳ႕မွာေတြ႔ရ။ (ၾသဂုတ္ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ေနာက္ဆုံးရရွိတဲ့ အခ်က္အလက္ေတြအရ မေန႔ ဗုဒၶဟူးေန႔ အထိ ကမာၻတဝန္း COVID-19 ကူးစက္သူ စုစုေပါင္း ၂၄ သန္းနီးပါးနဲ႔ ေသဆုံးသူ ၈၁၀,၀၀၀ ေက်ာ္ရွိၿပီျဖစ္ပါတယ္။ အေမရိကန္နဲ႔ ဘရာဇီးလ္ႏိုင္ငံေတြက ကူးစက္မႈဒဏ္ကို အမ်ားဆုံးခံရၿပီး ေသဆုံးမႈႏႈန္းလည္း အမ်ားဆုံးျဖစ္ေနတာပါ။ အေမရိကန္မွာ COVID-19 ကူးစက္သူ ၅,၆၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၇၀,၀၀၀ ေက်ာ္ရွိပါတယ္။ ဘရာဇီးလ္ကေတာ့ ကူးစက္သူ ၃,၆၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၁၀,၀၀၀ ေက်ာ္ရွိတာပါ။

အေမရိကန္နဲ႔ ဘရာဇီးလ္ၿပီးရင္ ေသဆုံးမႈႏႈန္းအမ်ားဆုံးက မကၠဆီကိုျဖစ္ၿပီး အခုထိေသဆုံးသူ ၆၀,၀၀၀ ေက်ာ္ရွိပါတယ္။ ဒီေနာက္မွာ အိႏၵိယကေသဆုံးသူ ၆၀,၀၀၀ နီးပါး၊ UK က ၄၁,၀၀၀ ေက်ာ္၊ အီတလီက ၃၅,၀၀၀ ေက်ာ္နဲ႔ ျပင္သစ္မွာ ၃၀,၀၀၀ ေက်ာ္ ရွိပါတယ္။

WHO ရဲ႕ အခ်က္အလက္ေတြအရ အေမရိကတိုက္ႏိုင္ငံေတြက COVID-19 ကူးစက္မႈ အမ်ားဆုံးျဖစ္ၿပီး ဥေရာပက ဒုတိယ ကူးစက္မႈႏႈန္းအမ်ားဆုံးျဖစ္ပါတယ္။ အီရတ္ႏိုင္ငံမွာလည္း မေန႔က တရက္ထဲ ကူးစက္မႈေပါင္း ၃,၈၀၀ ေက်ာ္နဲ႔ စုစုေပါင္း ကူးစက္သူ ၂၁၀,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၆,၆၀၀ ေက်ာ္ ရွိတယ္လို႔ အီရတ္ က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၈ သိန်းကျော်သွားပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ မနေ့ ဗုဒ္ဓဟူးနေ့ အထိ ကမ္ဘာတဝန်း COVID-19 ကူးစက်သူ စုစုပေါင်း ၂၄ သန်းနီးပါးနဲ့ သေဆုံးသူ ၈၁၀,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ ဘရာဇီးလ်နိုင်ငံတွေက ကူးစက်မှုဒဏ်ကို အများဆုံးခံရပြီး သေဆုံးမှုနှုန်းလည်း အများဆုံးဖြစ်နေတာပါ။ အမေရိကန်မှာ COVID-19 ကူးစက်သူ ၅,၆၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၇၀,၀၀၀ ကျော်ရှိပါတယ်။ ဘရာဇီးလ်ကတော့ ကူးစက်သူ ၃,၆၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၀,၀၀၀ ကျော်ရှိတာပါ။

အမေရိကန်နဲ့ ဘရာဇီးလ်ပြီးရင် သေဆုံးမှုနှုန်းအများဆုံးက မက္ကဆီကိုဖြစ်ပြီး အခုထိသေဆုံးသူ ၆၀,၀၀၀ ကျော်ရှိပါတယ်။ ဒီနောက်မှာ အိန္ဒိယကသေဆုံးသူ ၆၀,၀၀၀ နီးပါး၊ UK က ၄၁,၀၀၀ ကျော်၊ အီတလီက ၃၅,၀၀၀ ကျော်နဲ့ ပြင်သစ်မှာ ၃၀,၀၀၀ ကျော် ရှိပါတယ်။

WHO ရဲ့ အချက်အလက်တွေအရ အမေရိကတိုက်နိုင်ငံတွေက COVID-19 ကူးစက်မှု အများဆုံးဖြစ်ပြီး ဥရောပက ဒုတိယ ကူးစက်မှုနှုန်းအများဆုံးဖြစ်ပါတယ်။ အီရတ်နိုင်ငံမှာလည်း မနေ့က တရက်ထဲ ကူးစက်မှုပေါင်း ၃,၈၀၀ ကျော်နဲ့ စုစုပေါင်း ကူးစက်သူ ၂၁၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆,၆၀၀ ကျော် ရှိတယ်လို့ အီရတ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG