(Zawgyi/Unicode)
ကိုရိုနာဗုိင္းရပ္စ္ အကူးစက္ခံရသူဟာ ဗုဒၶဟူးေန႔မွာ ကမာၻတလႊား ၂၄ သန္းေက်ာ္ (၂၄,၀၀၀,၃၀၂) သြားၿပီ ျဖစ္ၿပီး ေသဆံုးရသူက ရွစ္သိန္းေက်ာ္ (၈၂၁,၉၃၃) ေနပါၿပီ။ အေမရိကန္ ႏုိင္ငံမွာေတာ့ အကူးစက္ခံရသူ ၆ သန္းနီးပါး ( ၅,၈၀၇,၄၈၀) နဲ႔ ေသဆံုးရသူက ၂ သိန္းနီးပါး ( ၁၇၉,၂၃၅) ရွိေနတယ္လို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ကမွ စတင္ခဲ့တဲ့ အေမရိကန္တကၠသိုလ္ ေကာလိပ္ေတြရဲ့ ေဆာင္းဦးရာသီ စာသင္ ႏွစ္အစမွာ ဗိုင္းရပ္စ္မကူးစက္ေအာင္ ေက်ာင္းသားေတြ ပါတီမက်င္းပဖို႔ အရက္ဘားေတြနဲ႔ တျခားစုေဝးတာေတြ မလုပ္ဖုိ႔ အာဏာပိုင္ေတြက တားျမစ္ေနခ်ိန္မွာပဲ အေရွ႕ေတာင္ပိုင္းက Alabama တကၠသိုလ္မွာေတာ့ ကိုဗစ္ ၁၉ အကူးစက္ခံရသူ ၅၃၁ ဦးရွိေနၿပီ ျဖစ္ပါတယ္။
ၾသဂုတ္လ ၁၉ ရက္မွာ ေက်ာင္းျပန္ဖြင့္ခ်ိန္ ေက်ာင္းဝင္ခြင့္အတြက္ စစ္ေဆးရာမွာ ေက်ာင္းသား ၃ ေသာင္းေလာက္ ထဲက အေယာက္ ၃၁၀ မွာပဲ ဒီေရာဂါ အကူးစက္ခံရေၾကာင္း ေတြ႔ရေပမယ့္ ေနာက္ပိုင္း စစ္ေဆးမႈမွာေတာ့ ေနာက္ထပ္ ရာနဲ႔ခ်ီ အကူးစက္ခံရတာကို ေတြ႔ခဲ့ရတာပါ။
ဒါဟာ ၿပီးခဲ့တဲ့ သီတင္းတပတ္အတြင္း ေက်ာင္းသားေတြရဲ့ ေနထုိင္ျပဳမႈပံု ေၾကာင့္ အခုလို တျခားလူေတြကိုပါ ကူးစက္မႈ ရွိတာ ေတြ႔ခဲ့ရေၾကာင္း Alabama တကၠသိုလ္ Birmingham ေဆးေက်ာင္း အႀကီးအကဲကေျပာပါတယ္။
Alabama ျပည္နယ္ထဲက Auburn တကၠသိုလ္ မွာလည္း ၾသဂုတ္လ ၁၇ ရက္ ေက်ာင္းျပန္ဖြင့္ခ်ိန္ကစၿပီး ဒီေရာဂါ အကူးစက္ခံရသူ အေရအတြက္ တုိးလာေနတယ္လုိ႔ Auburn တကၠသိုလ္ တာဝန္ရွိသူေတြက ေျပာပါတယ္။ ၾသဂုတ္လ ၁၅ ရက္ကေန ၂၁ ရက္အတြင္း သူတုိ႔ တကၠသိုလ္က ေက်ာင္းသား ၂၀၂ ေယာက္နဲ႔ ဝန္ထမ္း ၅ ေယာက္မွာ ဒီဗိုင္းရပ္စ္ပိုး ရွိေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့တာ ျဖစ္ၿပီး မတ္လ ကတည္းကဆိုရင္ အကူးစက္ခံရတဲ့ ေက်ာင္းသားနဲ႔ ေက်ာင္းဝန္ထမ္း ၅၅၀ နီးပါး ရွိေနတာပါ။
.................
ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်ခံရသူ ၂၄ သန်းကျော်ပြီ
(Unicode)
ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာတလွှား ၂၄ သန်းကျော် (၂၄,၀၀၀,၃၀၂) သွားပြီ ဖြစ်ပြီး သေဆုံးရသူက ရှစ်သိန်းကျော် (၈၂၁,၉၃၃) နေပါပြီ။ အမေရိကန် နိုင်ငံမှာတော့ အကူးစက်ခံရသူ ၆ သန်းနီးပါး ( ၅,၈၀၇,၄၈၀) နဲ့ သေဆုံးရသူက ၂ သိန်းနီးပါး ( ၁၇၉,၂၃၅) ရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကမှ စတင်ခဲ့တဲ့ အမေရိကန်တက္ကသိုလ် ကောလိပ်တွေရဲ့ ဆောင်းဦးရာသီ စာသင် နှစ်အစမှာ ဗိုင်းရပ်စ်မကူးစက်အောင် ကျောင်းသားတွေ ပါတီမကျင်းပဖို့ အရက်ဘားတွေနဲ့ တခြားစုဝေးတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်နေချိန်မှာပဲ အရှေ့တောင်ပိုင်းက Alabama တက္ကသိုလ်မှာတော့ ကိုဗစ် ၁၉ အကူးစက်ခံရသူ ၅၃၁ ဦးရှိနေပြီ ဖြစ်ပါတယ်။
သြဂုတ်လ ၁၉ ရက်မှာ ကျောင်းပြန်ဖွင့်ချိန် ကျောင်းဝင်ခွင့်အတွက် စစ်ဆေးရာမှာ ကျောင်းသား ၃ သောင်းလောက် ထဲက အယောက် ၃၁၀ မှာပဲ ဒီရောဂါ အကူးစက်ခံရကြောင်း တွေ့ရပေမယ့် နောက်ပိုင်း စစ်ဆေးမှုမှာတော့ နောက်ထပ် ရာနဲ့ချီ အကူးစက်ခံရတာကို တွေ့ခဲ့ရတာပါ။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ကျောင်းသားတွေရဲ့ နေထိုင်ပြုမှုပုံ ကြောင့် အခုလို တခြားလူတွေကိုပါ ကူးစက်မှု ရှိတာ တွေ့ခဲ့ရကြောင်း Alabama တက္ကသိုလ် Birmingham ဆေးကျောင်း အကြီးအကဲကပြောပါတယ်။
Alabama ပြည်နယ်ထဲက Auburn တက္ကသိုလ် မှာလည်း သြဂုတ်လ ၁၇ ရက် ကျောင်းပြန်ဖွင့်ချိန်ကစပြီး ဒီရောဂါ အကူးစက်ခံရသူ အရေအတွက် တိုးလာနေတယ်လို့ Auburn တက္ကသိုလ် တာဝန်ရှိသူတွေက ပြောပါတယ်။ သြဂုတ်လ ၁၅ ရက်ကနေ ၂၁ ရက်အတွင်း သူတို့ တက္ကသိုလ်က ကျောင်းသား ၂၀၂ ယောက်နဲ့ ဝန်ထမ်း ၅ ယောက်မှာ ဒီဗိုင်းရပ်စ်ပိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီး မတ်လ ကတည်းကဆိုရင် အကူးစက်ခံရတဲ့ ကျောင်းသားနဲ့ ကျောင်းဝန်ထမ်း ၅၅၀ နီးပါး ရှိနေတာပါ။