သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ COVID-19 ကုသေရးမွာ ေသြးရည္ၾကည္ကုထံုးကို အေရးေပၚအသံုးအျဖစ္ ခြင့္ျပဳ


အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြနဲ႔ေတြ႔ဆုံစဥ္ ေျပာၾကားေနတဲ့ သမၼတ Donald Trump. (ၾသဂုတ္ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ေသြးရည္ၾကည္ကုထံုးကို အေရးေပၚအသံုးအျဖစ္ အေမရိကန္ျပည္ေထာင္စု အစိုးရရဲ႕ ခြင့္ျပဳခ်က္ဟာဆိုရင္ တကယ့္ သမိုင္း၀င္ ေၾကညာခ်က္လို႔ သမၼတ Donald Trump က ခ်ီးက်ဴးေျပာဆိုလုိက္ၿပီး ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံ လူနာေပါင္းမ်ားစြာကို အသက္ကယ္ႏုိင္မယ္လို႔လည္း ေျပာဆိုလုိက္ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကနဦး ကူးစက္ခံရခ်ိန္မွာ ကုသမႈယူၿပီးေနာက္ တလအၾကာ အသက္႐ွဴစက္ အကူအညီ မလိုသူ အသက္ ၈၀ ေအာက္ လူေတြၾကားမွာ ေသဆံုးမႈ ၃၅ ရာခိုင္ႏႈန္း ေလ်ာ့က်လာတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ သမၼတ Trump နဲ႔ က်န္းမာေရး၀န္ႀကီး Alex Azar တို႔က မွတ္ခ်က္ျပဳ ေျပာပါတယ္။

အခု အေရးေပၚ သံုးခြင့္ျပဳလုိက္တဲ့ ေသြးရည္ၾကည္ကုထံုး ဆိုတာကေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမႈကေန ျပန္လည္က်န္းမာလာၿပီး ေရာဂါကို တိုက္ဖ်က္ေရးမွာ အေထာက္အကူျဖစ္တဲ့ ပဋိပစၥည္း ႂကြယ္၀သူေတြထံက ေသြးရည္ၾကည္ကို ယူၿပီး ကုသမႈ ျဖစ္ပါတယ္။

သမၼတ Trump ဘက္က အခုလို မေၾကညာခင္ အခ်ိန္ပိုင္းအတြင္းမွာပဲ အေမရိကန္ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲမႈဌာန FDA က ေသြးရည္ၾကည္ကုထံုးနဲ႔ ခြင့္ျပဳခ်က္ကို ေၾကညာခဲ့တာပါ။ ဒါေပမယ့္လည္း အျပည့္အ၀ အတည္ျပဳတာေတာ့ မဟုတ္ပါဘူး။

ေသြးရည္ၾကည္ကုထံုးနဲ႔ ကုသခဲ့သူ လူနာ ၇၀,၀၀၀ ထဲက ၂၀,၀၀၀ ကို သံုးသပ္ခဲ့ၾကသလို တျခား ေလ့လာခ်က္ေတြကို အေျခခံၿပီး ေသြးရည္ၾကည္ကုထံုးကို အေရးေပၚ အသံုးျပဳခြင့္ေပးဖို႔ ဆံုးျဖတ္ခဲ့တာလို႔ FDA ေကာ္မရွင္နာ ေဒါက္တာ Stephen Hahn က သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

----------------------------------

(Unicode)

အမေရိကန် COVID-19 ကုသရေးမှာ သွေးရည်ကြည်ကုထုံးကို အရေးပေါ်အသုံးအဖြစ် ခွင့်ပြု

သွေးရည်ကြည်ကုထုံးကို အရေးပေါ်အသုံးအဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်ဟာဆိုရင် တကယ့် သမိုင်းဝင် ကြေညာချက်လို့ သမ္မတ Donald Trump က ချီးကျူးပြောဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာပေါင်းများစွာကို အသက်ကယ်နိုင်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကနဦး ကူးစက်ခံရချိန်မှာ ကုသမှုယူပြီးနောက် တလအကြာ အသက်ရှူစက် အကူအညီ မလိုသူ အသက် ၈၀ အောက် လူတွေကြားမှာ သေဆုံးမှု ၃၅ ရာခိုင်နှုန်း လျော့ကျလာတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump နဲ့ ကျန်းမာရေးဝန်ကြီး Alex Azar တို့က မှတ်ချက်ပြု ပြောပါတယ်။

အခု အရေးပေါ် သုံးခွင့်ပြုလိုက်တဲ့ သွေးရည်ကြည်ကုထုံး ဆိုတာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်လည်ကျန်းမာလာပြီး ရောဂါကို တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်တဲ့ ပဋိပစ္စည်း ကြွယ်ဝသူတွေထံက သွေးရည်ကြည်ကို ယူပြီး ကုသမှု ဖြစ်ပါတယ်။

သမ္မတ Trump ဘက်က အခုလို မကြေညာခင် အချိန်ပိုင်းအတွင်းမှာပဲ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA က သွေးရည်ကြည်ကုထုံးနဲ့ ခွင့်ပြုချက်ကို ကြေညာခဲ့တာပါ။ ဒါပေမယ့်လည်း အပြည့်အ၀ အတည်ပြုတာတော့ မဟုတ်ပါဘူး။

သွေးရည်ကြည်ကုထုံးနဲ့ ကုသခဲ့သူ လူနာ ၇၀,၀၀၀ ထဲက ၂၀,၀၀၀ ကို သုံးသပ်ခဲ့ကြသလို တခြား လေ့လာချက်တွေကို အခြေခံပြီး သွေးရည်ကြည်ကုထုံးကို အရေးပေါ် အသုံးပြုခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ FDA ကော်မရှင်နာ ဒေါက်တာ Stephen Hahn က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG