သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ ၂၄ နာရီအတြင္း လူ ၇ ေသာင္းနီးပါး COVID-19 ကူးစက္ခံရ


အိႏၵိယႏုိင္ငံ Gauhati ၿမိဳ႕မွာ ေဒသခံေတြကုိ COVID-19 စစ္ေဆးဖုိ႔ swab နမူနာရယူေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ၾသဂုတ္ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗုိင္းရပ္စ္ကူးစက္မႈေတြ သိသိသာသာ ထပ္တုိးခဲ့ၿပီး ၿမိဳ႕ေတာ္ နယူးေဒလီနဲ႔ မြမ္ဘုိင္းၿမိဳ႕ေတြ အပါအ၀င္ ႏုိင္ငံေတာင္ပိုင္းက ျပည္နယ္ေတြမွာပါ ကူးစက္မႈေတြ တုိးလာေနတာပါ။

ဒီေန႔မွာ ႏုိင္ငံတ၀န္း ဗုိင္းရပ္စ္ကူးစက္ခံရသူ ၆၉,၈၇၈ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္သူဦးေရ ၂.၉ သန္း ေက်ာ္သြားၿပီျဖစ္ၿပီး ကမာၻေပၚမွာ ေရာဂါကူးစက္မႈ တတိယအမ်ားဆုံးႏုိင္ငံ ျဖစ္လာၿပီလို႔ အိႏၵိယ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

တကမာၻလုံး အတုိင္းအတာအရ အိႏၵိယႏုိင္ငံဟာ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ အမ်ားဆုံး စံခ်ိန္တင္ခဲ့တာ ၁၈ ရက္ဆက္တုိက္ ရွိသြားၿပီျဖစ္ပါတယ္။ ကူးစက္ခံရသူေတြထဲက ေရာဂါသက္သာ ေပ်ာက္ကင္းလာသူ ၂.၂ သန္းရွိတယ္လို႔ ေျပာပါတယ္။ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးဦးေရဟာ ၅ ေသာင္းခဲြေက်ာ္ရွိၿပီး အေမရိကန္၊ ဘရာဇီးလ္နဲ႔ မကၠဆီကိုႏုိင္ငံေတြၿပီးရင္ စတုတၳအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္ျဖစ္လာတာကို တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ထိန္းခ်ဳပ္ႏုိင္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ လူစုလူေ၀းေတြ မလုပ္ၾကဖို႔ တားျမစ္လိုက္ၿပီး ညဘက္သြားလို႔ရတဲ့ အရက္ဘားေတြ၊ ညကလပ္ေတြ၊ ဘုရားေက်ာင္းေတြကို ပိတ္လိုက္သလို အားကစားပဲြေတြကိုလည္း ပရိသတ္ေတြမပါဘဲ က်င္းပဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

ေတာင္ကိုရီးယားမွာ ဒီေန႔ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၃၂ ေယာက္ ထပ္မံေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ က်န္းမာေရး၀န္ႀကီး Park Neung-hoo က အဲဒီလို ေၾကညာလိုက္တာပါ။ ဒါဟာ ေတာင္ကိုရီးယားႏုိင္ငံမွာ ေန႔စဥ္ကူးစက္မႈႏႈန္း ရာနဲ႔ခ်ီေတြ႔တာဟာ အခုဆုိရင္ ၉ ရက္ဆက္တုိက္ရွိသြားၿပီ ျဖစ္ပါတယ္။ ကူးစက္မႈအမ်ားစုက ဆုိးလ္ၿမိဳ႕က ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ျပည္တြင္းမွာ အခ်င္းခ်င္း ကူးစက္တဲ့သူ မရွိေပမယ့္ ျပည္ပကျပန္လာသူ ၂၂ ေယာက္မွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံထားရတာ ေတြ႔ရတယ္လို႔ တ႐ုတ္ က်န္းမာေရး တာ၀န္ရွိသူေတြက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ျပည္တြင္းမွာ အခ်င္းခ်င္းကူးစက္မႈေတြကို ထိန္းႏုိင္ေနပုံရေပမယ့္လည္း ေဟာင္ေကာင္မွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ဖို႔ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရၿပီး ကူးစက္သူဦးေရဟာ ၃ ဆတုိးၿပီး ၄,၆၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၇၅ ေယာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အိန္ဒိယမှာ ၂၄ နာရီအတွင်း လူ ၇ သောင်းနီးပါး COVID-19 ကူးစက်ခံရ

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသိသာသာ ထပ်တိုးခဲ့ပြီး မြို့တော် နယူးဒေလီနဲ့ မွမ်ဘိုင်းမြို့တွေ အပါအဝင် နိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာပါ ကူးစက်မှုတွေ တိုးလာနေတာပါ။

ဒီနေ့မှာ နိုင်ငံတဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၉,၈၇၈ ယောက်ရှိတာကြောင့် စုစုပေါင်း ကူးစက်သူဦးရေ ၂.၉ သန်း ကျော်သွားပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်လာပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရ အိန္ဒိယနိုင်ငံဟာ နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့တာ ၁၈ ရက်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်ခံရသူတွေထဲက ရောဂါသက်သာ ပျောက်ကင်းလာသူ ၂.၂ သန်းရှိတယ်လို့ ပြောပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးဦးရေဟာ ၅ သောင်းခွဲကျော်ရှိပြီး အမေရိကန်၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုနိုင်ငံတွေပြီးရင် စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ဖြစ်လာတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့ တားမြစ်လိုက်ပြီး ညဘက်သွားလို့ရတဲ့ အရက်ဘားတွေ၊ ညကလပ်တွေ၊ ဘုရားကျောင်းတွေကို ပိတ်လိုက်သလို အားကစားပွဲတွေကိုလည်း ပရိသတ်တွေမပါဘဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တောင်ကိုရီးယားမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၂ ယောက် ထပ်မံတွေ့ရှိခဲ့ပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီး Park Neung-hoo က အဲဒီလို ကြေညာလိုက်တာပါ။ ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ်ကူးစက်မှုနှုန်း ရာနဲ့ချီတွေ့တာဟာ အခုဆိုရင် ၉ ရက်ဆက်တိုက်ရှိသွားပြီ ဖြစ်ပါတယ်။ ကူးစက်မှုအများစုက ဆိုးလ်မြို့က ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပြည်တွင်းမှာ အချင်းချင်း ကူးစက်တဲ့သူ မရှိပေမယ့် ပြည်ပကပြန်လာသူ ၂၂ ယောက်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရတာ တွေ့ရတယ်လို့ တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ပြည်တွင်းမှာ အချင်းချင်းကူးစက်မှုတွေကို ထိန်းနိုင်နေပုံရပေမယ့်လည်း ဟောင်ကောင်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး ကူးစက်သူဦးရေဟာ ၃ ဆတိုးပြီး ၄,၆၀၀ ကျော်နဲ့ သေဆုံးသူ ၇၅ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG