သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္


ဆုိးလ္ၿမိဳ႕မွာ ေဒသခံေတြ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇြန္ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ကိုရီးယားႏုိင္ငံမွာ ဒီေန႔ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၂၇၉ ေယာက္ ေတြ႔ရွိခဲ့ၿပီး ဒါဟာ ၿပီးခဲ့တဲ့ မတ္လအေစာပိုင္းကစၿပီး ေန႔စဥ္ကူးစက္မႈႏႈန္းမွာ အမ်ားဆုံး စံခ်ိန္တင္တာ ျဖစ္ပါတယ္။ အဲဒီထဲက ၂၅၃ ေယာက္က ဆုိးလ္ၿမိဳ႕ေတာ္တ၀ိုက္ကျဖစ္ၿပီး ဗုိင္းရပ္စ္ကူးစက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျပန္ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။

ဒီကူးစက္မႈေတြေၾကာင့္ ေတာင္ကိုရီးယားႏုိင္ငံမွာ စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္သူ ၁၅,၃၁၈ ေယာက္နဲ႔ ေသဆုံးသူ ၃၀၅ ေယာက္ရွိပါတယ္။

ဒါ့အျပင္ အစိုးရကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဆုိးလ္ၿမိဳ႕မွာ စေနေန႔က ျဖစ္ခဲ့တာေၾကာင့္ ကူးစက္မႈေတြ ပိုမ်ားလာမွာကို စိုးရိမ္ေနၾကပါတယ္။

ေတာင္ကိုရီးယားသမၼတ Moon Jae-in ကေတာ့ ဆုိးလ္ၿမိဳ႕တ၀ိုက္မွာ ဒီေန႔ကစၿပီး ၂ ပတ္ၾကာ တင္းက်ပ္တဲ့ ကန္႔သတ္မႈေတြ လုပ္သြားမယ္လို႔ ေၾကညာလိုက္ၿပီး ညကလပ္ေတြ၊ ကာရာအုိေကဆုိင္ေတြ၊ အားကစားခန္းမေတြနဲ႔ ဘူေဖး စားေသာက္ဆုိင္ေတြကို ပိတ္ဖို႔ ဒါမွမဟုတ္ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔ ေျပာလိုက္ပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၉၄၄ ေယာက္ ေသဆုံးၿပီး စုစုေပါင္း ေသဆံုးသူဟာ ၅၀,၀၀၀ ေလာက္ရွိသြားၿပီ ျဖစ္ပါတယ္။

အိႏၵိယဟာ အေမရိကန္၊ ဘရာဇီးလ္နဲ႔ မကၠဆီကိုႏုိင္ငံၿပီးရင္ ကမာၻေပၚမွာ လူေသဆုံးမႈ စတုတၳအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေန႔မွာ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၆၃,၀၀၀ ေက်ာ္ရွိၿပီး ကူးစက္ခံရသူ စုစုေပါင္း ၂.၅၈ သန္း ရွိသြားၿပီျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၆ ေယာက္နဲ႔ ကူးစက္သူ ၂၇၉ ေယာက္ရွိပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံေတြဘက္မွာေတာ့ ဖိလစ္ပိုင္ႏုိင္ငံမွာ ဒီေန႔ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃,၄၂၀ နဲ႔ ေသဆုံးသူ ၆၅ ေယာက္ရွိခဲ့ၿပီး အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ကူးစက္ခံရသူ ၂,၀၈၁ ေယာက္နဲ႔ ေသဆုံးသူ ၇၉ ေယာက္ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်

တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၉ ယောက် တွေ့ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်တာ ဖြစ်ပါတယ်။ အဲဒီထဲက ၂၅၃ ယောက်က ဆိုးလ်မြို့တော်တဝိုက်ကဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီကူးစက်မှုတွေကြောင့် တောင်ကိုရီးယားနိုင်ငံမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ ၁၅,၃၁၈ ယောက်နဲ့ သေဆုံးသူ ၃၀၅ ယောက်ရှိပါတယ်။

ဒါ့အပြင် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆိုးလ်မြို့မှာ စနေနေ့က ဖြစ်ခဲ့တာကြောင့် ကူးစက်မှုတွေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ ဆိုးလ်မြို့တဝိုက်မှာ ဒီနေ့ကစပြီး ၂ ပတ်ကြာ တင်းကျပ်တဲ့ ကန့်သတ်မှုတွေ လုပ်သွားမယ်လို့ ကြေညာလိုက်ပြီး ညကလပ်တွေ၊ ကာရာအိုကေဆိုင်တွေ၊ အားကစားခန်းမတွေနဲ့ ဘူဖေး စားသောက်ဆိုင်တွေကို ပိတ်ဖို့ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၉၄၄ ယောက် သေဆုံးပြီး စုစုပေါင်း သေဆုံးသူဟာ ၅၀,၀၀၀ လောက်ရှိသွားပြီ ဖြစ်ပါတယ်။

အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ လူသေဆုံးမှု စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့မှာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၆၃,၀၀၀ ကျော်ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂.၅၈ သန်း ရှိသွားပြီဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၆ ယောက်နဲ့ ကူးစက်သူ ၂၇၉ယောက်ရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဘက်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၄၂၀ နဲ့ သေဆုံးသူ ၆၅ ယောက်ရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာတော့ ကူးစက်ခံရသူ ၂,၀၈၁ ယောက်နဲ့ သေဆုံးသူ ၇၉ယောက် ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG