(Zawgyi / Unicode)
ကမာၻတ၀န္းမွာ COVID-19 ေရာဂါကူးစက္ခံရသူ ၂၁ သန္းေက်ာ္သြားၿပီ ျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာလိုက္ပါတယ္။
အေမရိကန္ျပည္ေထာင္စုကေတာ့ ေရာဂါကူးစက္ခံရသူ ၅.၃ သန္းေက်ာ္နဲ႔ ကမာၻေပၚမွာ ေရာဂါကူးစက္မႈ အမ်ားဆုံးႏုိင္ငံအျဖစ္ ရွိေနပါတယ္။ အဲဒီေနာက္မွာေတာ့ ဘရာဇီးလ္ႏုိင္ငံက ေရာဂါကူးစက္ခံရသူ ၃.၂ သန္းနဲ႔ ဒုတိယ၊ အိႏၵိယႏုိင္ငံက ၂.၅ သန္းနဲ႔ တတိယေနရာမွာ ရွိေနပါတယ္။
အေမရိကန္ အထက္လႊတ္ေတာ္အမတ္ Mitt Romney ကေတာ့ ဒီကပ္ေရာဂါကို ကိုင္တြယ္ေျဖရွင္းတဲ့ ေနရာမွာ အေမရိကန္ျပည္ေထာင္စုဟာ ေအာင္ျမင္မႈမရဘူးလို႔ ေျပာရမယ္ထင္ေၾကာင္း၊ ဘာေၾကာင့္လဲဆုိေတာ့ အေမရိကန္ဟာ ကမာၻ႔လူဦးေရရဲ႕ ၅ ရာခုိင္ႏႈန္း ရွိေပမယ့္ COVID-19 ေၾကာင့္ ေသဆုံးတဲ့သူ အေရအတြက္ရဲ႕ ၂၅ ရာခုိင္ႏႈန္းက အေမရိကန္က ျဖစ္တာေၾကာင့္လို႔ Sutherland Institute နဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာလိုက္ပါတယ္။
တခ်ိန္တည္းမွာပဲ ကေနဒါႏုိင္ငံကလည္း အေမရိကန္နဲ႔ နယ္စပ္ကို မျဖစ္မေန ခရီးသြားစရာ မလိုတဲ့သူေတြအတြက္ ေနာက္ထပ္ ၁ လ ထပ္ပိတ္သြားမွာျဖစ္တယ္လို႔ မေန႔ ေသာၾကာေန႔က ေၾကညာပါတယ္။ ကေနဒါႏုိင္ငံဟာ ဗုိင္းရပ္စ္ကို အေတာ္ေလး ထိန္းခ်ဳပ္ထားႏုိင္ခဲ့ၿပီး နယ္စပ္ျပန္ဖြင့္မွာကို ကေနဒါႏုိ္င္ငံသား အေတာ္မ်ားမ်ားက စိုးရိမ္ေနၾကပါတယ္။
စပိန္ႏုိင္ငံမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ႏုိင္ငံတ၀န္းမွာရွိတဲ့ ညကလပ္ေတြနဲ႔ ကပဲြက်င္းပတဲ့ ေနရာေတြကို ပိတ္သြားမွာျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီး Salvador Illa က ေသာၾကာေန႔မွာ ေၾကညာပါတယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္တဲ့သူေတြ အေနနဲ႔လည္း တေယာက္နဲ႔တေယာက္ ၂ မီတာ မခြာႏုိင္ဘူးဆုိရင္ အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ ေနရာေတြမွာ ေဆးလိပ္ေသာက္တာကို တားျမစ္သြားမယ္လို႔ ေျပာပါတယ္။
ျပင္သစ္ႏုိင္ငံမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္ေနတာေၾကာင့္ လမ္းသြားလမ္းလာေတြအေနနဲ႔ ႏွာေခါင္းစည္း မ်က္ႏွာဖုံး တပ္ဆင္ရမယ့္ ေနရာေတြကို တုိးခ်ဲ႕လာေနပါတယ္။
---------------------------
(Unicode)
ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၂၁ သန်းကျော်ပြီ
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၁ သန်းကျော်သွားပြီ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ရောဂါကူးစက်ခံရသူ ၅.၃ သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဘရာဇီးလ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၃.၂ သန်းနဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံက ၂.၅ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် Mitt Romney ကတော့ ဒီကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ အောင်မြင်မှုမရဘူးလို့ ပြောရမယ်ထင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ရှိပေမယ့် COVID-19 ကြောင့် သေဆုံးတဲ့သူ အရေအတွက်ရဲ့ ၂၅ ရာခိုင်နှုန်းက အမေရိကန်က ဖြစ်တာကြောင့်လို့ SutherlandInstitute နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ ကနေဒါနိုင်ငံကလည်း အမေရိကန်နဲ့ နယ်စပ်ကို မဖြစ်မနေ ခရီးသွားစရာ မလိုတဲ့သူတွေအတွက် နောက်ထပ် ၁ လ ထပ်ပိတ်သွားမှာဖြစ်တယ်လို့ မနေ့ သောကြာနေ့က ကြေညာပါတယ်။ ကနေဒါနိုင်ငံဟာ ဗိုင်းရပ်စ်ကို အတော်လေး ထိန်းချုပ်ထားနိုင်ခဲ့ပြီး နယ်စပ်ပြန်ဖွင့်မှာကို ကနေဒါနိုင်ငံသား အတော်များများက စိုးရိမ်နေကြပါတယ်။
စပိန်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ ညကလပ်တွေနဲ့ ကပွဲကျင်းပတဲ့ နေရာတွေကို ပိတ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Salvador Illa က သောကြာနေ့မှာ ကြေညာပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့သူတွေ အနေနဲ့လည်း တယောက်နဲ့တယောက် ၂ မီတာ မခွာနိုင်ဘူးဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တာကို တားမြစ်သွားမယ်လို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံး တပ်ဆင်ရမယ့် နေရာတွေကို တိုးချဲ့လာနေပါတယ်။