သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္တေက်ာ့ျပန္ကူးစက္မႈေၾကာင့္ နယူးဇီလန္မွာ ကန္႔သတ္မိန္႔ထုတ္မည္


နယူးဇီလန္ႏိုင္ငံ Christchurch ၿမိဳ႕က ေစ်း၀ယ္ဆိုင္တခုမွာ COVID 19 ရွိ၊ မရွိ စစ္ေဆးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။ (ဧၿပီ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

နယူးဇီလန္ ၀န္ႀကီးခ်ဳပ္ Jacinda Arden
နယူးဇီလန္ ၀န္ႀကီးခ်ဳပ္ Jacinda Arden

နယူးဇီလန္ႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈအသစ္ေတြ ျပန္ျဖစ္လာေနတာေၾကာင့္ ၀န္ႀကီးခ်ဳပ္ Jacinda Arden အေနနဲ႔ Auckland ၿမိဳ႕မွာ လူေတြကို အျပင္မထြက္ဖို႔ အမိန္႔အသစ္ကို ထပ္ၿပီးေတာ့ ထုတ္ျပန္သြားဖို႔ ရွိေနပါတယ္။

Auckland ၿမိဳ႕မွာ ဒီေန႔ ဗုိင္းရပ္စ္ကူးစက္သူ ၁၃ ေယာက္ရွိၿပီး၊ အဲဒီလူအားလုံး COVID-19 ေရာဂါကူးစက္ခံထားရတဲ့ မိသားစု၀င္ ၄ ေယာက္နဲ႔ ဆက္စပ္မႈရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ အခုလို ကူးစက္ခံထားေၾကာင့္ ဒါဟာ နယူးဇီလန္ႏုိင္ငံမွာ ရက္ေပါင္း ၁၀၂ ရက္အတြင္း လူတစ္ေယာက္ကေန တစ္ေယာက္ကို ပထမဆုံးအႀကိမ္ ကူးစက္မႈ ျပန္ျဖစ္လာတာပါ။ ဒါေၾကာင့္အခုဆိုရင္ နယူးဇီလန္ႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၆ ေယာက္ရွိသြားၿပီးျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ Arden ကေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔က Auckland ၿမိဳ႕မွာ လူေတြကို ၃ ရက္ၾကာ အျပင္မထြက္ဖို႔ အမိန္႔ထုတ္ခဲ့ၿပီး ၿမိဳ႕ အ၀င္အထြက္ေတြမွာလည္း ရဲေတြကို ခ်ထားလိုက္ၿပီး အ၀င္အထြက္ေတြကို ပိတ္လိုက္ပါတယ္။ ဒါ့အျပင္ တျခားၿမိဳ႕ေတြမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ခပ္ခြာခြာေနဖို႔ စည္းမ်ဥ္းေတြကို တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္ဖို႔ ေျပာပါတယ္။

ျပင္သစ္ႏုိင္ငံမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္ျမင့္တက္လာၿပီး လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူ ၂,၅၂၄ ေယာက္ရွိတယ္လို႔ ျပင္သစ္က်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။ ဒါဟာ လူေတြကို အျပင္မထြက္ဖို႔ အမိန္႔ေတြ ျပန္ရုပ္သိမ္းလိုက္ၿပီးတဲ့ေနာက္ တေန႔တည္းမွာ ကူးစက္မႈႏႈန္း အမ်ားဆုံးစံခ်ိန္တင္လာလည္းျဖစ္ပါတယ္။

ပီ႐ူးႏုိင္ငံမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္လာေနတာေၾကာင့္ တနဂၤေႏြေန႔ကစၿပီး ညမထြက္ရ အမိန္႔ေတြ ထုတ္ျပန္လိုက္သလို လူစုလူေ၀းေတြ လုပ္ၿပီး မေတြ႔ဖို႔ တားျမစ္လိုက္ပါတယ္။ အခုလို ကူးစက္မႈေတြျပန္ျမင့္တက္လာတာ လူစုလူေ၀းေတြ ေတြ႔ဆုံတာေတြေၾကာင့္ ျဖစ္တယ္္လို႔ ပီ႐ူးသမၼတ Martin Vizcarra က ေျပာပါတယ္။

ကမာၻတ၀ွမ္းမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၂၀.၆ သန္းေက်ာ္ရွိၿပီး ေသဆုံးသူ ၇၅၀,၀၀၀ ေလာက္ရွိပါတယ္။

တခ်ိန္တည္းမွာပဲ ဂ်ာမနီႏုိင္ငံႏုိင္ငံအေနနဲ႔ လာမယ့္ လေတြအတြင္းမွာ COVID-19 ကာကြယ္ေဆးကို ထုတ္လုပ္ႏိုင္မွာျဖစ္ၿပီး၊ ေရွ႕ႏွစ္မွာေတာ့ ေသခ်ာေပါက္ ထုတ္လုပ္ႏုိင္မွာျဖစ္တယ္လို႔ ဂ်ာမနီက်န္းမာေရး၀န္ႀကီး Jens Spahn က ဒီေန႔ ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်တကျော့ပြန်ကူးစက်မှုကြောင့် နယူးဇီလန်မှာ ကန့်သတ်မိန့်ထုတ်မည်

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ပြန်ဖြစ်လာနေတာကြောင့် ဝန်ကြီးချုပ် Jacinda Arden အနေနဲ့ Auckland မြို့မှာ လူတွေကို အပြင်မထွက်ဖို့ အမိန့်အသစ်ကို ထပ်ပြီးတော့ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

Auckland မြို့မှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၁၃ ယောက်ရှိပြီး၊ အဲဒီလူအားလုံး COVID-19 ရောဂါကူးစက်ခံထားရတဲ့ မိသားစုဝင် ၄ ယောက်နဲ့ ဆက်စပ်မှုရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုလို ကူးစက်ခံထားကြောင့် ဒါဟာ နယူးဇီလန်နိုင်ငံမှာ ရက်ပေါင်း ၁၀၂ ရက်အတွင်း လူတစ်ယောက်ကနေ တစ်ယောက်ကို ပထမဆုံးအကြိမ် ကူးစက်မှု ပြန်ဖြစ်လာတာပါ။ ဒါကြောင့်အခုဆိုရင် နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၆ ယောက်ရှိသွားပြီးဖြစ်ပါတယ်။

ဝန်ကြီးချုပ် Arden ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က Auckland မြို့မှာ လူတွေကို ၃ ရက်ကြာ အပြင်မထွက်ဖို့ အမိန့်ထုတ်ခဲ့ပြီး မြို့ အဝင်အထွက်တွေမှာလည်း ရဲတွေကို ချထားလိုက်ပြီး အဝင်အထွက်တွေကို ပိတ်လိုက်ပါတယ်။ ဒါ့အပြင် တခြားမြို့တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ဖို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်လာပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၂,၅၂၄ ယောက်ရှိတယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါဟာ လူတွေကို အပြင်မထွက်ဖို့ အမိန့်တွေ ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် တနေ့တည်းမှာ ကူးစက်မှုနှုန်း အများဆုံးစံချိန်တင်လာလည်းဖြစ်ပါတယ်။

ပီရူးနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် တနင်္ဂနွေနေ့ကစပြီး ညမထွက်ရ အမိန့်တွေ ထုတ်ပြန်လိုက်သလို လူစုလူဝေးတွေ လုပ်ပြီး မတွေ့ဖို့ တားမြစ်လိုက်ပါတယ်။ အခုလို ကူးစက်မှုတွေပြန်မြင့်တက်လာတာ လူစုလူဝေးတွေ တွေ့ဆုံတာတွေကြောင့် ဖြစ်တယ်လို့ ပီရူးသမ္မတ Martin Vizcarra က ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၀.၆ သန်းကျော်ရှိပြီး သေဆုံးသူ ၇၅၀,၀၀၀ လောက်ရှိပါတယ်။

တချိန်တည်းမှာပဲ ဂျာမနီနိုင်ငံနိုင်ငံအနေနဲ့ လာမယ့် လတွေအတွင်းမှာ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ ရှေ့နှစ်မှာတော့ သေချာပေါက် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဂျာမနီကျန်းမာရေးဝန်ကြီး Jens Spahn က ဒီနေ့ ပြောလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG