သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ လူငယ်များလှုပ်ရှားဆောင်ရွက်မှု UNFPA ချီးကျူး


UNFPA ရဲ့ အမှုဆောင်ဒါရိုက်တာ Dr. Natalia Kanem (နိုဝင်ဘာ ၁၄၊ ၂၀၁၉)
UNFPA ရဲ့ အမှုဆောင်ဒါရိုက်တာ Dr. Natalia Kanem (နိုဝင်ဘာ ၁၄၊ ၂၀၁၉)

[Zawgyi/Unicode]

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး COVID 19 ကာလ လူငယ်တွေရဲ့ လူမှုအသိုင်းအဝိုင်းကြား လှုပ်ရှား ဆောင်ရွက်မှုတွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ လူငယ်တွေဟာ COVID 19 ကို တုံ့ပြန်ရာမှာ ရှေ့တန်းက ပါဝင်နေသူတွေ ဖြစ်သလို ကျန်းမာရေးနဲ့ လှုံ့ဆော်ရေး အခန်းကဏ္ဍ အမျိုးမျိုးကနေ ပါဝင်ဆောင်ရွက်နေပြီး ရပ်ရွာ အကျိုးသယ်ပိုးနေသူတွေဖြစ်တယ်လို့ UNFPA ရဲ့ အမှုဆောင်ဒါရိုက်တာ Dr. Natalia Kanem ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

COVID 19 ထိန်းချုပ်ရေးအတွက် လူငယ်တွေကို လိုအပ်တာတွေကို လေ့ကျင့် ပြင်ဆင်ပေးရမှာ ဖြစ်သလို လူငယ်တွေရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုရမှာလည်း ဖြစ်တယ်လို့ UNFPA အကြီးအကဲ Dr. Kanem က ပြောပါတယ်။

လိင်မှုနဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးအဖွဲ့ဖြစ်တဲ့ UNFPA က လူငယ်လူရွယ်တွေရဲ့ ပြောစကားတွေကို နားစွင့်နေပြီး လူငယ်တွေ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီ ပံ့ပိုးပေးနေတယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ UNFPA က လူငယ်နဲ့ COVID 19 ကပ်ရောဂါကမ္ဘာလုံးဆိုင်ရာ စကားဝိုင်းတစ်ခုကို ဦးဆောင် ကျင်းပပေးခဲ့ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေ COVID 19 တိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေမှုတွေကို ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးပြီးအတွေ့အကြုံတွေကို မျှဝေစေခဲ့တယ်လို့လည်း UNFPA အကြီးအကဲက ပြောပါတယ်။

COVID 19 ကာလထဲ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အရေး နည်းပါးတာအပြင် လိင်မှုနဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုလို မရှိမဖြစ် ဝန်ဆောင်မှုတွေ ရရှိရေး အခက်အခဲ ရှိလာတာကြောင့် လူငယ်တွေရဲ့ အခွင့်အရေး ဆုံးရှုံးလာရတယ်လို့လည်း သူက ပြောပါတယ်။ ဒီ အခက်အခဲတွေကို လူငယ်တွေနဲ့ လက်တွဲပြီး ပူးပေါင်းကျော်လွှားဖို့ UNFPA အကြီးအကဲ Dr. Kanem က တိုက်တွန်းလိုက်ပါတယ် ရှင်။

ကိုဗစ်ကာလ လူငယ်များလှုပ်ရှားဆောင်ရွက်မှု UNFPA ချီးကျူး
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG