သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးတမ်ိဳး ႐ုရွားအတည္ျပဳ


Gamaleya Institute ထုတ္လုပ္တဲ့ COVID 19 ကာကြယ္ေဆး။ (ၾသဂုတ္ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

႐ုရွား သမၼတ Vladimir Putin
႐ုရွား သမၼတ Vladimir Putin

႐ုရွားႏိုင္ငံဟာ ကမာၻမွာ COVID 19 ေရာဂါကာကြယ္ေဆးကို ပထမဆုံး တရားဝင္ အတည္ျပဳထုတ္လုပ္ႏိုင္တဲ့ ႏိုင္ငံျဖစ္တယ္လို႔ ႐ုရွား သမၼတ Vladimir Putin က ေျပာပါတယ္။ ဒီကေန႔ အဂၤါေန႔မွာ ႐ုရွား အစိုးရ ဝန္ႀကီးေတြနဲ႔ ျပဳလုပ္ေနတဲ့ အစည္းအေဝးကို ႐ုပ္ျမင္သံၾကားကေန တိုက္႐ိုက္ ထုတ္လႊင့္ေနခ်ိန္မွာ သမၼတ Putin က အခုလို ေၾကညာလိုက္တာပါ။

ေမာ္စကိုၿမိဳ႕က Gamaleya Institute ထုတ္လုပ္တဲ့ COVID 19 ကာကြယ္ေဆးက လိုအပ္တဲ့ စမ္းသပ္မႈ အဆင့္ဆင့္ ျပဳလုပ္ထားၿပီး ထိေရာက္မႈရွိေၾကာင္းနဲ႔ ေရာဂါပိုးကို တိုက္ဖ်က္ႏိုင္တဲ့ ကိုယ္ံစြမ္းအားကို တာရွည္ျဖစ္ေပၚေစႏိုင္ေၾကာင္း သမၼတ Putin ကေျပာပါတယ္။ ဒီေဆးကို မၾကာခင္ အေျမာက္အျမား ထုတ္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း သူက ေျပာပါတယ္။ ဒါေပမဲ့ ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO အပါအဝင္ တျခား ေဆးသိပၸံအဖြဲ႕အစည္းေတြက ဒီကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳေျပာဆိုတာေတာ့ မရွိေသးပါဘူး။

သိပၸံပညာရွင္ေတြကေတာ့ ကာကြယ္ေဆး စမ္းသပ္မႈေတြကို လုပ္ဖို႔ လူ ေထာင္ေပါင္း မ်ားစြာနဲ႔ လနဲ႔ ခ်ီၿပီး အခ်ိန္ယူရတာမို႔ အခုလို ႐ုရွားႏိုင္ငံက အေလာတႀကီး ကာကြယ္ေဆးအသုံးျပဳဖို႔ ျပင္ဆင္ေနတဲ့ အေပၚ သတိေပးေနၾကပါတယ္။

ဥေရာပတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြဆက္ၿပီးျဖစ္ေနတဲ့ၾကားကပဲ အစိုးရေတြအေနနဲ႔ အသြားအလာတားျမစ္ခ်က္ေတြကို ေျဖေလ်ာ့ေပးေနသလို ေနာက္ထပ္ကူးစက္မႈ အသစ္ေတြျဖစ္လာႏိုင္တဲ့ သတိေပးခ်က္ေတြကိုလည္း ထုတ္ျပန္ေနပါတယ္။

ကူးစက္မႈ အသစ္ေတြက ႏိုင္ငံျခားခရီးသြားေတြနဲ႔ အျပင္ထြက္ သြားလာေနၾကတဲ့ လူငယ္ေတြဆီက ျဖစ္ပါတယ္။ အသြားအလာေတြ ကန္႔သတ္ထားတာကို စိတ္မရွည္ၾကတဲ့ လူငယ္ေတြၾကား ကမ္းေျခသြားတာ၊ လူစုလူေဝးလုပ္တာ၊ ပါတီပြဲေတြသြားတာေတြကေနတဆင့္ ဥေရာပမွာ အသက္ ၂၀ နဲ႔ ၃၀ ၾကား လူငယ္ေတြၾကား ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့ ျပႆနာနဲ႔ ႀကဳံေနရတာျဖစ္ပါတယ္။

ကိုဗစ္ကာကြယ္ေဆးတမ်ိဳး ႐ုရွားအတည္ျပဳ
please wait

No media source currently available

0:00 0:01:00 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးတမျိုး ရုရှားအတည်ပြု

ရုရှားနိုင်ငံဟာ ကမ္ဘာမှာ COVID 19 ရောဂါကာကွယ်ဆေးကို ပထမဆုံး တရားဝင် အတည်ပြုထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ ရုရှား သမ္မတ Vladimir Putin က ပြောပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာ ရုရှား အစိုးရ ဝန်ကြီးတွေနဲ့ ပြုလုပ်နေတဲ့ အစည်းအဝေးကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာ သမ္မတ Putin က အခုလို ကြေညာလိုက်တာပါ။

မော်စကိုမြို့က Gamaleya Institute ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေးက လိုအပ်တဲ့ စမ်းသပ်မှု အဆင့်ဆင့် ပြုလုပ်ထားပြီး ထိရောက်မှုရှိကြောင်းနဲ့ ရောဂါပိုးကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ံစွမ်းအားကို တာရှည်ဖြစ်ပေါ်စေနိုင်ကြောင်း သမ္မတ Putin ကပြောပါတယ်။ ဒီဆေးကို မကြာခင် အမြောက်အမြား ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အပါအဝင် တခြား ဆေးသိပ္ပံအဖွဲ့အစည်းတွေက ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုပြောဆိုတာတော့ မရှိသေးပါဘူး။

သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေး စမ်းသပ်မှုတွေကို လုပ်ဖို့ လူ ထောင်ပေါင်း များစွာနဲ့ လနဲ့ ချီပြီး အချိန်ယူရတာမို့ အခုလို ရုရှားနိုင်ငံက အလောတကြီး ကာကွယ်ဆေးအသုံးပြုဖို့ ပြင်ဆင်နေတဲ့ အပေါ် သတိပေးနေကြပါတယ်။

ဥရောပတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဆက်ပြီးဖြစ်နေတဲ့ကြားကပဲ အစိုးရတွေအနေနဲ့ အသွားအလာတားမြစ်ချက်တွေကို ဖြေလျော့ပေးနေသလို နောက်ထပ်ကူးစက်မှု အသစ်တွေဖြစ်လာနိုင်တဲ့ သတိပေးချက်တွေကိုလည်း ထုတ်ပြန်နေပါတယ်။

ကူးစက်မှု အသစ်တွေက နိုင်ငံခြားခရီးသွားတွေနဲ့ အပြင်ထွက် သွားလာနေကြတဲ့ လူငယ်တွေဆီက ဖြစ်ပါတယ်။ အသွားအလာတွေ ကန့်သတ်ထားတာကို စိတ်မရှည်ကြတဲ့ လူငယ်တွေကြား ကမ်းခြေသွားတာ၊ လူစုလူဝေးလုပ်တာ၊ ပါတီပွဲတွေသွားတာတွေကနေတဆင့် ဥရောပမှာ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေကြား ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ပြဿနာနဲ့ ကြုံနေရတာဖြစ်ပါတယ်။

XS
SM
MD
LG