သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ကန် မှာ မကြာခင်လပိုင်းအတွင်း ရနိုင်မည်- Dr. Anthony Fauci


(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုထဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ အချိန်မှာပဲ COVID-19 ကာကွယ်ဆေး မကြာခင်လပိုင်း အတွင်း ရနိုင်မယ်လို့ မျှော်မှန်းထားကြောင်း အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Dr. Anthony Fauci က သောကြာနေ့က အမေရိကန် လွှတ်တော်အမတ်တွေကို ပြောပါတယ်။

“ကာကွယ်ဆေးတခုကို စမ်းသပ်မှုတွေမလုပ်ပဲ အန္တရာယ်ကင်းပြီး ထိရောက်တယ်လို့ အာမခံဖို့က မဖြစ်နိုင်ပေမဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ စမ်းသပ်လို့ ရရှိထားတဲ့ အချက်အလက်တွေအရ သူ့အနေနဲ့ သတိတကြီးနဲ့ အကောင်းဘက်ကို မျှော်မှန်းထားကြောင်း” Dr. Fauci က အောက်လွှတ်တော် ကိုရိုနာဗိုင်းရပ် ပြဿနာ တုန့်ပြန်ကိုင်တွယ်ရေး ဆပ်ကော်မတီအဖွဲ့ ကြားနာပွဲ မှာ ပြောပါတယ်။

ကာကွယ်ဆေးက စမ်းသပ်မှု နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ ကို ရောက်သွားပြီလို့လည်း သူကပြောပါတယ်။

Johns Hopkins တက္ကသိုလ် မှတ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာ လက်ရှိ COVID-19 ကူးစက်သူ ၄.၅ သန်းနဲ့ သေဆုံးသူ တသိန်းခွဲ ကျော်ရှိပြီး ကမ္ဘာမှာ ကူးစက်မှုနဲ့ အသေ အပျောက် နှုန်း အများဆုံးဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ဇွန်လနောက်ပိုင်း COVID-19 ကူးစက်မှုနှုန်း အများဆုံး မြင့်တက်ခဲ့အတွက် အသွားအလာတွေဖြေလျှော့ပေးဖို့ အနည်းဆုံး နောက်ထပ် သီတင်း ၂ ပတ်ရွှေ့ဆိုင်းလိုက်တယ်လို့ ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့က ကြေညာလိုက်ပါတယ်။

ဥရောပမှာ COVID-19 ဒုတိယလှိုင်း စတင်ရိုက်ခတ်နေတာကြောင့် နဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမယ်လို့ ဗြိတိန် ကျန်းမာရေးနဲ့ လူမှုဖူလုံရေး စောင့်ရှောက်မှု ဌာန ဝန်ကြီး Matt Hancock က ကြာသပတေးနေ့ ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့တုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့တဲ့ ဘရာဇီး သမ္မတ Jair Bolsonaro ကတော့ အဆုတ်မှာ မှိုတမျိုးစွဲကပ်ခဲ့တဲ့ အတွက် ရက် ၂၀ လောက်ဆေးကုသမှုခံယူခဲ့ပြီး၊ ပြီးခဲ့တဲ့ စနေနေ့တုန်းကပဲ ရောဂါပိုးကင်းရှင်းသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဇနီးဖြစ်သူ Michelle Bolsonaro လည်း ရောဂါကူးစက်ခံရကြောင်း သမ္မတနန်းတော်က ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ကန် မှာ မကြာခင်လပိုင်းအတွင်း ရနိုင်မည်- Dr. Anthony Fauci
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်


..................


(Unicode)








XS
SM
MD
LG