(Zawgyi / Unicode)
အိႏၵိယႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကာကြယ္ေဆးတခုကို ပထမဆုံးအႀကိမ္အျဖစ္ လူနဲ႔ စတင္စမ္းသပ္ေနၿပီ ျဖစ္ပါတယ္။
Covaxin ဆိုတဲ့ COVID-19 ကာကြယ္ေဆးကို ေသာၾကာေန႔မွာ ပထမအႀကိမ္အျဖစ္ စထိုးေပးၿပီး စမ္းသပ္ထားၿပီလို႔ နယူးေဒလီၿမိဳ႕ေတာ္က ေဆးပညာသင္ ထိပ္တန္းေဆး႐ံုတခုျဖစ္တဲ့ အိႏိၵယႏုိင္ငံလံုးဆိုင္ရာ ေဆးသိပၸံအင္စတီက်ဴ (AIIMS) က ေသာၾကာေန႔မွာ ေျပာပါတယ္။
ကမာၻတဝန္းမွာ လူေတြနဲ႔စမ္းသပ္ေနတဲ့ ကိုဗစ္ကာကြယ္ေဆး ႏွစ္ဒါဇင္နီးပါးမွာ Covaxin လည္း တခုအပါအဝင္ ျဖစ္ပါတယ္။ Covaxin ေဆးကို လူေတြနဲ႔စမ္းသပ္ဖို႔ အိႏိၵယ ေဆးသုေတသနေကာင္စီက ေရြးထားတဲ့ ေနရာ ၁၂ ခုထဲမွာ AIIMS လည္း ပါဝင္ပါတယ္။
လက္ရွိ စမ္းသပ္ေနတဲ့ ကာကြယ္ေဆးအမ်ဳိးမ်ဳိးထဲက စိတ္ခ်ရၿပီး ထိေရာက္တဲ့ ကာကြယ္ေဆးမ်ဳိး ရလာမယ္ဆိုရင္ ဝယ္ယူဖို႔အတြက္ ကာကြယ္ေဆးစမ္းသပ္ေနတဲ့ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီေတြနဲ႔ ကမာၻ႔ႏုိင္ငံအသီးသီးၾကားမွာ သေဘာတူညီခ်က္ေတြ ရယူထားၾကပါတယ္။
ကမာၻေပၚမွာ ဒုတိယေျမာက္ လူဦးေရအမ်ားဆံုးႏိုင္ငံျဖစ္တဲ့ အိႏိၵယႏိုင္ငံမွာ ကိုဗစ္ကူးစက္သူ အေရအတြက္ ဒီကေန႔အထိဆိုရင္ ၁.၃ သန္းေက်ာ္ရွိၿပီ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆံုးသူ ၇၅၇ ဦး အပါအဝင္ ေသဆံုးသူေပါင္းက ၃၁,၃၅၈ ဦး ရွိသြားပါၿပီ။
အိႏိၵယမွာ ကိုဗစ္ေၾကာင့္ ေသဆံုးတယ္လို႔ အတည္ျပဳ ထုတ္ျပန္ထားသူ အေရအတြက္ဟာ ေရာဂါပိုးကူးစက္မႈနဲ႔ ေသဆံုးမႈ အဆိုးဆံုးႏုိင္ငံႏွစ္ခုျဖစ္တဲ့ အေမရိကန္နဲ႔ ဘရာဇီးက ထုတ္ျပန္ထားတဲ့ ေသဆံုးသူ အေရအတြက္ထက္ အမ်ားႀကီးနည္းပါတယ္။
အေမရိကန္ Johns Hopkins တကၠသိုလ္က သုေတသနျပဳ ထုတ္ျပန္ထားတာအရ အေမရိကန္မွာ ကူးစက္သူ အေရအတြက္ ၄.၁ သန္းေက်ာ္၊ ေသဆံုးသူက ၁၄၅,၀၀၀ ေက်ာ္ ရွိေနပါၿပီ။ ဘရာဇီးမွာေတာ့ ကူးစက္သူ ၂.၂ သန္းေက်ာ္၊ ေသဆံုးသူ ၈၅,၀၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။
--------------------------------
(Unicode)
အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး လူနဲ့ ပထမဆုံး စမ်းသပ်နေပြီ
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးတခုကို ပထမဆုံးအကြိမ်အဖြစ် လူနဲ့ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။
Covaxin ဆိုတဲ့ COVID-19 ကာကွယ်ဆေးကို သောကြာနေ့မှာ ပထမအကြိမ်အဖြစ် စထိုးပေးပြီး စမ်းသပ်ထားပြီလို့ နယူးဒေလီမြို့တော်က ဆေးပညာသင် ထိပ်တန်းဆေးရုံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံအင်စတီကျူ(AIIMS) က သောကြာနေ့မှာ ပြောပါတယ်။
ကမ္ဘာတဝန်းမှာ လူတွေနဲ့စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ဒါဇင်နီးပါးမှာ Covaxin လည်း တခုအပါအဝင် ဖြစ်ပါတယ်။ Covaxin ဆေးကို လူတွေနဲ့စမ်းသပ်ဖို့ အိန္ဒိယ ဆေးသုတေသနကောင်စီက ရွေးထားတဲ့ နေရာ ၁၂ ခုထဲမှာ AIIMS လည်း ပါဝင်ပါတယ်။
လက်ရှိ စမ်းသပ်နေတဲ့ ကာကွယ်ဆေးအမျိုးမျိုးထဲက စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေးမျိုး ရလာမယ်ဆိုရင် ဝယ်ယူဖို့အတွက် ကာကွယ်ဆေးစမ်းသပ်နေတဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကြားမှာ သဘောတူညီချက်တွေ ရယူထားကြပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ဒီကနေ့အထိဆိုရင် ၁.၃ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၅၇ ဦး အပါအဝင် သေဆုံးသူပေါင်းက ၃၁,၃၅၈ ဦး ရှိသွားပါပြီ။
အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးတယ်လို့ အတည်ပြု ထုတ်ပြန်ထားသူ အရေအတွက်ဟာ ရောဂါပိုးကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ ဘရာဇီးက ထုတ်ပြန်ထားတဲ့ သေဆုံးသူ အရေအတွက်ထက် အများကြီးနည်းပါတယ်။
အမေရိကန် Johns Hopkins တက္ကသိုလ်က သုတေသနပြု ထုတ်ပြန်ထားတာအရ အမေရိကန်မှာ ကူးစက်သူ အရေအတွက် ၄.၁ သန်းကျော်၊ သေဆုံးသူက ၁၄၅,၀၀၀ ကျော် ရှိနေပါပြီ။ ဘရာဇီးမှာတော့ ကူးစက်သူ ၂.၂ သန်းကျော်၊ သေဆုံးသူ ၈၅,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။