(Zawgyi/Unicode)
ထိုင္းႏုိင္ငံဟာ ျပည္တြင္းျဖစ္ ကိုရုိနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လူသားေတြနဲ႔ စမ္းသပ္ဖုိ႔ ေအာက္တုိဘာလေလာက္မွာ အဆင္သင့္ျဖစ္မယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။ ၾကြက္နဲ႔ ေမ်ာက္ စတဲ့တိရိစၦာန္ေတြနဲ႔ စမ္းသပ္မႈေတြ ျပဳလုပ္အၿပီးမွာ အခုလုိ ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။
“ဒီစမ္းသပ္မႈေတြကို ေအာက္တိုဘာလမွာ ျပဳလုပ္ဖို႔ေမွ်ာ္လင့္ၿပီး ဒီႏွစ္ရဲ႕ ေနာက္ဆုံး ၃ လပတ္ အတြင္းမွာ လုပ္ႏုိင္ပါမယ္” - လို႔ ထုိင္းႏိုင္ငံ Chulalongkorn တကၠသိုလ္က ဒီစမ္းသပ္ စစ္ေဆးမႈေတြကို ျပဳလုပ္တဲ့ ေရာဂါကာကြယ္ေဆး သုေတသနဆိုင္ရာ အႀကီးအကဲ Kiat Ruxrungtham က ေျပာပါတယ္။ အားလံုးအဆင္ေျပရင္ ေရွ႕ႏွစ္ တတိယ ၃ လပတ္ကာလေလာက္မွာ အမ်ားအျပား ထုတ္လုပ္ႏုိင္မယ္လုိ႔ သူက ဆက္ေျပာပါတယ္။
ကမၻာတဝွမ္းမွာရွိတဲ့ သိပၸံပညာရွင္ေတြက COVID-19 ဗိုင္းရပ္စ္ကို တိုက္ထုတ္ႏိုင္မယ့္ ကာကြယ္ေဆး ထုတ္လုပ္ဖို႔ကို အျပင္းအထန္ ႀကိဳးစားေနၾကတာမွာ ပုံမွန္အားျဖင့္ ႏွစ္ေတြနဲ႔ခ်ီ ၾကာႏုိင္မယ့္ အစီအစဥ္ကုိ လအနည္းငယ္အတြင္း ထုတ္လုပ္ႏုိင္မယ့္ အေျခအေနထိ တုိးတက္ ျမန္ဆန္ လာေနတာပါ။ ေလာေလာဆယ္ ကာကြယ္ေဆးေပါင္း ၁၈၀ ေလာက္ကုိ စမ္းသပ္ေနၾကပါတယ္။ အဲဒီအထဲက ၂၀ ေလာက္ဟာ လူသားေတြနဲ႔ စမ္းသပ္တဲ့အဆင့္ကုိ ေရာက္ေနၿပီး တခ်ဳိ႕ႏုိင္ငံေတြေတာ့ ကာကြယ္ေဆးကုိ အခုႏွစ္ကုန္ေလာက္မွာ ထုတ္လုပ္ႏုိင္မယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။
ကာကြယ္ေဆး အျမန္ထုတ္ႏုိင္ဖုိ႔ ထိပ္မွာေျပးေနတဲ့ ႏုိင္ငံေတြဟာ ခ်မ္းသာတဲ့ႏုိင္ငံေတြျဖစ္ၿပီး အမ်ားစုဟာ အေနာက္ႏုိင္ငံေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ေငြေၾကးမတတ္ႏုိင္တဲ့ႏုိင္ငံေတြအေနနဲ႔ တကယ္တမ္း ကာကြယ္ေဆးထြက္လာတဲ့အခါ သူတုိ႔အေနနဲ႔ ေနာက္ဆုံးမွရေတာ့မလားဆုိၿပီး စုိးရိမ္ ပူပန္ေနၾကပါတယ္။
အရင္ အေတြ႔အႀကံဳေတြအရ ထိုင္းႏိုင္ငံအေနနဲ႔ စိုးရိမ္ပူပန္စရာေတြ ရွိေနပါတယ္။ ၂၀၀၉ ခုႏွစ္က အာရွတုိက္မွာ H1N1 ေရာဂါ ကူးစက္ ျပန္႔ပြားတဲ့အခ်ိန္တုန္းက ထုိင္းႏုိင္ငံက ကာကြယ္ေဆး ၂ သန္း အလ်င္အျမန္ ၀ယ္ယူခဲ့ေပမယ့္ ေဆးေတြဟာ ကပ္ေရာဂါကာလ ေက်ာ္လြန္သြားမွ ေရာက္လာ ခဲ့ပါတယ္။ အားလုံးၿပီးဆုံးသြားတဲ့အခ်ိန္ ထုိင္းႏုိင္ငံမွာ H1N1 ကူးစက္သူ ၄၇,၀၀၀ ရွိခဲ့ၿပီး ေသဆုံးသူ စုစုေပါင္း ၃၄၇ ဦးရွိခဲ့ပါတယ္။
...................
ထိုင်းက ကိုယ်ပိုင် ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်တော့မလား
(Unicode)
ထိုင်းနိုင်ငံဟာ ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားတွေနဲ့ စမ်းသပ်ဖို့ အောက်တိုဘာလလောက်မှာ အဆင်သင့်ဖြစ်မယ်လို့ ပြောကြားလိုက်ပါတယ်။ ကြွက်နဲ့ မျောက် စတဲ့တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ဒီစမ်းသပ်မှုတွေကို အောက်တိုဘာလမှာ ပြုလုပ်ဖို့မျှော်လင့်ပြီး ဒီနှစ်ရဲ့ နောက်ဆုံး ၃ လပတ် အတွင်းမှာ လုပ်နိုင်ပါမယ်” - လို့ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်က ဒီစမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်တဲ့ ရောဂါကာကွယ်ဆေး သုတေသနဆိုင်ရာ အကြီးအကဲ Kiat Ruxrungtham က ပြောပါတယ်။ အားလုံးအဆင်ပြေရင် ရှေ့နှစ် တတိယ ၃ လပတ်ကာလလောက်မှာ အများအပြား ထုတ်လုပ်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။
ကမ္ဘာတဝှမ်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေက COVID-19 ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မယ့် ကာကွယ်ဆေး ထုတ်လုပ်ဖို့ကို အပြင်းအထန် ကြိုးစားနေကြတာမှာ ပုံမှန်အားဖြင့် နှစ်တွေနဲ့ချီ ကြာနိုင်မယ့် အစီအစဉ်ကို လအနည်းငယ်အတွင်း ထုတ်လုပ်နိုင်မယ့် အခြေအနေထိ တိုးတက် မြန်ဆန် လာနေတာပါ။ လောလောဆယ် ကာကွယ်ဆေးပေါင်း ၁၈၀ လောက်ကို စမ်းသပ်နေကြပါတယ်။ အဲဒီအထဲက ၂၀ လောက်ဟာ လူသားတွေနဲ့ စမ်းသပ်တဲ့အဆင့်ကို ရောက်နေပြီး တချို့နိုင်ငံတွေတော့ ကာကွယ်ဆေးကို အခုနှစ်ကုန်လောက်မှာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ကာကွယ်ဆေး အမြန်ထုတ်နိုင်ဖို့ ထိပ်မှာပြေးနေတဲ့ နိုင်ငံတွေဟာ ချမ်းသာတဲ့နိုင်ငံတွေဖြစ်ပြီး အများစုဟာ အနောက်နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးမတတ်နိုင်တဲ့နိုင်ငံတွေအနေနဲ့ တကယ်တမ်း ကာကွယ်ဆေးထွက်လာတဲ့အခါ သူတို့အနေနဲ့ နောက်ဆုံးမှရတော့မလားဆိုပြီး စိုးရိမ် ပူပန်နေကြပါတယ်။
အရင် အတွေ့အကြုံတွေအရ ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်စရာတွေ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်က အာရှတိုက်မှာ H1N1 ရောဂါ ကူးစက် ပြန့်ပွားတဲ့အချိန်တုန်းက ထိုင်းနိုင်ငံက ကာကွယ်ဆေး ၂ သန်း အလျင်အမြန် ဝယ်ယူခဲ့ပေမယ့် ဆေးတွေဟာ ကပ်ရောဂါကာလ ကျော်လွန်သွားမှ ရောက်လာ ခဲ့ပါတယ်။ အားလုံးပြီးဆုံးသွားတဲ့အချိန် ထိုင်းနိုင်ငံမှာ H1N1 ကူးစက်သူ ၄၇,၀၀၀ ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃၄၇ ဦးရှိခဲ့ပါတယ်။