သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးႏွစ္မ်ိဳး လူအမ်ားနဲ႔စမ္းသပ္မႈ စတင္


COVID 19 ကာကြယ္ေဆးအတြက္ ေဆးထိုး စမ္းသပ္ေနတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ အလားအလာရွိတဲ့ COVID-19 ကာကြယ္ေဆး ႏွစ္ မ်ိဳးရဲ႕ ေဘးအႏၲရာယ္ကင္းရွင္းမႈနဲ႔ အက်ိဳးသက္ေရာက္မႈေတြကို စမ္းသပ္ဖို႔ တနလၤာေန႔က စၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ စတင္လိုက္ပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္၊ Savannah ၿမိဳ႕မွာ မိမိဆႏၵအေလ်ာက္ ေဆးစမ္းသပ္ခံသူ တဦးကို မေန႔က အေမရိကန္ အေျခစိုက္ Moderna ေဆးကုမၸဏီက ပထမအႀကိမ္ ကာကြယ္ေဆး စမ္းသပ္ထိုးေပးခဲ့ပါတယ္။ ဒီေဆး ႏွစ္ မ်ိဳးကို အေမရိကန္ အမ်ိဳးသား ကူးစက္ေရာဂါ ကာကြယ္ေရးဌာနက သုေတသနျပဳထုတ္လုပ္ထားတာပါ။

ေနာက္သီတင္းပတ္ေတြအတြင္း ဒီကာကြယ္ေဆးေတြကို ႏိုင္ငံတြင္းမွာ က်န္းမာေရး ေကာင္းသူ ၃၀,၀၀၀ ေက်ာ္နဲ႔ စမ္းသပ္သြားမွာ ျဖစ္ပါတယ္။ အခုလို ေနာက္ပိုင္းအဆင့္ စမ္းသပ္မႈေတြမွာ ကာကြယ္ေဆးထိုးေပးထားသူေတြ COVID-19 ကူးစက္မႈ ရွိ၊ မရွိကို ေစာင့္ၾကည့္ ေလ့လာသြားမွာပါ။

အေစာပိုင္း စမ္းသပ္မႈေတြမွာေတာ့ ဒီ ေဆးထိုးေပးထားတဲ့သူ တေယာက္မွ ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးဒဏ္ကို ဆိုးဆိုး႐ြား႐ြားခံရတာ မေတြ႕ရဘဲ တဝက္ေလာက္မွာေတာ့ ေမာပန္းတာ၊ ေခါင္းကိုက္တာ၊ ခ်မ္းတုန္တာ၊ ႂကြက္သားနာက်င္တာနဲ႔ ေဆးထိုးတဲ့ ေနရာတဝိုက္နာက်င္တာ ရွိတယ္လို႔ ေျပာပါတယ္။

အခု ဒီကာကြယ္ေဆး ႏွစ္ မ်ိဳးရဲ႕ ေနာက္ပိုင္း အဆင့္ စမ္းသပ္မႈရဲ႕ ရလဒ္ေတြကို ႏိုဝင္ဘာလေလာက္ အေစာဆုံးသိႏိုင္မယ္လို႔ အမ်ိဳးသား ကူးစက္ေရာဂါ ကာကြယ္ေရးဌာန အႀကီးအကဲ Dr. Anthony Fauci ကေျပာပါတယ္။ တကယ္လို႔ ဒီကာကြယ္ေဆးေတြ စမ္းသပ္ေအာင္ျမင္မယ္ဆိုရင္ Moderna ေဆးကုမၸဏီက ကာကြယ္ေဆး သန္း ၅၀၀ ထုတ္လုပ္သြားဖို႔ စီစဥ္ထားၿပီး ၂၀၂၁ က စၿပီးႏွစ္စဥ္ ၁ ဘီလီယံအထိ ထုတ္လုပ္သြားဖို႔ ေမွ်ာ္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး လူအများနဲ့စမ်းသပ်မှု စတင်

အမေရိကန်ပြည်ထောင်စုမှာ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေး နှစ် မျိုးရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ အကျိုးသက်ရောက်မှုတွေကို စမ်းသပ်ဖို့ တနင်္လာနေ့က စပြီး ကျယ်ကျယ်ပြန့်ပြန့် စတင်လိုက်ပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ Savannah မြို့မှာ မိမိဆန္ဒအလျောက် ဆေးစမ်းသပ်ခံသူ တဦးကို မနေ့က အမေရိကန် အခြေစိုက် Moderna ဆေးကုမ္ပဏီက ပထမအကြိမ် ကာကွယ်ဆေး စမ်းသပ်ထိုးပေးခဲ့ပါတယ်။ ဒီဆေး နှစ် မျိုးကို အမေရိကန် အမျိုးသား ကူးစက်ရောဂါ ကာကွယ်ရေးဌာနက သုတေသနပြုထုတ်လုပ်ထားတာပါ။

နောက်သီတင်းပတ်တွေအတွင်း ဒီကာကွယ်ဆေးတွေကို နိုင်ငံတွင်းမှာ ကျန်းမာရေး ကောင်းသူ ၃၀,၀၀၀ ကျော်နဲ့ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ အခုလို နောက်ပိုင်းအဆင့် စမ်းသပ်မှုတွေမှာ ကာကွယ်ဆေးထိုးပေးထားသူတွေ COVID-19 ကူးစက်မှု ရှိ၊ မရှိကို စောင့်ကြည့် လေ့လာသွားမှာပါ။

အစောပိုင်း စမ်းသပ်မှုတွေမှာတော့ ဒီ ဆေးထိုးပေးထားတဲ့သူ တယောက်မှ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဒဏ်ကို ဆိုးဆိုးရွားရွားခံရတာမတွေ့ရဘဲ တဝက်လောက်မှာတော့ မောပန်းတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာ၊ ကြွက်သားနာကျင်တာနဲ့ ဆေးထိုးတဲ့ နေရာတဝိုက်နာကျင်တာ ရှိတယ်လို့ ပြောပါတယ်။

အခု ဒီကာကွယ်ဆေး နှစ် မျိုးရဲ့ နောက်ပိုင်း အဆင့် စမ်းသပ်မှုရဲ့ ရလဒ်တွေကို နိုဝင်ဘာလလောက် အစောဆုံးသိနိုင်မယ်လို့ အမျိုးသား ကူးစက်ရောဂါ ကာကွယ်ရေးဌာန အကြီးအကဲ Dr. Anthony Fauci ကပြောပါတယ်။ တကယ်လို့ ဒီကာကွယ်ဆေးတွေ စမ်းသပ်အောင်မြင်မယ်ဆိုရင် Moderna ဆေးကုမ္ပဏီက ကာကွယ်ဆေး သန်း ၅၀၀ ထုတ်လုပ်သွားဖို့ စီစဉ်ထားပြီး ၂၀၂၁ က စပြီးနှစ်စဉ် ၁ ဘီလီယံအထိ ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။

XS
SM
MD
LG