သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတရဲ့ အနီးကပ် ထိပ်တန်းအကြံပေး ကိုဗစ်ကူးစက်ခံရ


အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O'Brien
အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O'Brien

(Zawgyi/Unicode)

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O’Brien ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း သမ္မတ အိမ်ဖြူတော်က တနလာၤနေ့မှာ ကြေညာပါတယ်။

အမျိုးသား လုံခြုံရေး ကောင်စီကို ဦးဆောင်သူ မစ္စတာ O’Brien ဟာ သိပ်မပြင်းထန်တဲ့ ရောဂါ လက္ခဏာ ရှိနေပြီး သီးသန့်ခွဲ နေထိုင်နေကြောင်း၊ သီးသန့်ပြင်ပ တနေရာကနေ အလုပ်လုပ်နေကြောင်း၊ သမ္မတ ကိုရော ဒုတိယ သမ္မတကိုရော ကူးစက်နိုင်ချေ မရှိကြောင်း အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။ အမျိုးသား လုံခြုံရေး ကောင်စီရဲ့ လုပ်ငန်းတွေလည်း ထိခိုက်မှု မရှိကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အသက် ၄၅ နှစ် အရွယ် မစ္စတာ O’Brien ဗိုင်းရပ်စ် ကူးစက်ခံရတာဟာဆိုရင် သမ္မတ Donald Trump အစိုးရ အဖွဲ့ထဲမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေထဲ အဆင့်မြင့်ဆုံး အရာရှိ ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေး အကြံပေး O’Brien နဲ့ ပတ်သက်ပြီး တနလာၤနေ့က အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေက မေးမြန်းတာမှာတော့ သူနဲ့ နောက်ပိုင်း မတွေ့ဖြစ်ကြောင်း သမ္မတ Trump က ဖြေကြားသွားပါတယ်။

မစ္စတာ O’Brien ကတော့ တရုတ် အရေး ဆွေးနွေးဖို့ အတွက် ဥရောပကို ခရီးသွားပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အိမ်ကနေ အလုပ်လုပ်နေတာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသား လုံခြုံရေး အရာရှိက သမ္မတနဲ့ မကြာခဏ တွေ့ဆုံပါတယ်။ ဒါပေမယ့် ဘယ်အချိန်က နောက်ဆုံး တွေ့ခဲ့သလဲ ဆိုတာတော့ မသိရပါဘူး။ ဇူလိုင်လ ၁၀ ရက်နေ့တုန်းကတော့ Miami က တောင်ပိုင်း စစ်ဌာနချုပ်မှာ သူတို့ နှစ်ဦးကို အတူတွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)





XS
SM
MD
LG