သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ ဥပေဒ၊ ျပဌာန္းခ်က္မ်ားဆုိင္ရာ ႏုိင္ငံတကာ Database WHO တည္ေထာင္


ကမၻာ့က်န္းမာေရးအဖြဲ႔ WHO

(Zawgyi/Unicode)

ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ဟာ UNDP ကုလသမဂၢဖြံ႔ၿဖိဳးမႈအစီအစဥ္နဲ႔ အေမရိကန္ႏုိင္ငံ၊ ၀ါရွင္တန္ ဒီစီၿမိဳ႕အေျခစုိက္ Georgetown တကၠသုိလ္တုိ႔နဲ႔ ပူးေပါင္းၿပီး ႏုိင္ငံအသီးသီးက ကုိဗစ္ ကပ္ေရာဂါ အပါအ၀င္ က်န္းမာေရးျပႆနာေတြကုိ စနစ္တက် ဥပေဒျပဌာန္း ေဆာင္ရြက္ခဲ့တဲ့ Database အခ်က္အလက္ စုေဆာင္းထားတဲ့ဌာန COVID Law Lab ကုိ စတင္ တည္ေထာင္လုိက္ပါတယ္။

အဲဒီ Database ထဲမွာ တုိင္းျပည္အသီးသီးက ကပ္ေရာဂါဆုိင္ရာ အေရးေပၚ အေျခအေန ေၾကညာခဲ့တာ၊ Quarantine ဆုိင္ရာ ျပဌာန္းခ်က္ေတြ၊ ေရာဂါအေျခအေန ေစာင့္ၾကည့္တာ၊ ႏွာေခါင္းစည္းတပ္ဖုိ႔ တဦးနဲ႔တဦး ခပ္ခြာခြာေနၾကဖုိ႔ ညြန္ၾကားခ်က္ ထုတ္ျပန္ခဲ့တာ၊ ကုသေရးအတြက္ ေဆး၀ါးရရွိမႈ အေျခအေနနဲ႔ ကာကြယ္ေဆးတုိ႔ အပါအ၀င္ ကုိဗစ္ အေရးကိစၥေတြ ကုိင္တြယ္ေဆာင္ရြက္ဖုိ႔ ျပဌာန္းခဲ့တဲ့ ဥပေဒေတြကုိ စုေဆာင္းထားမယ့္ ေနရာျဖစ္ေၾကာင္း ၾကာသပေတးေန႔က ကုိဗစ္ ၁၉ ဆုိင္ရာ သတင္းစာရွင္းလင္းပြဲအတြင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

ဒါ့အျပင္ ဒီ COVID Law Lab မွာ ကုိဗစ္ ၁၉ နဲ႔ဆုိင္တဲ့ ဥပေဒျပဌာန္းခ်က္ေတြနဲ႔ အဲဒီ ျပဌာန္းခ်က္ေတြက လူထုက်န္းမာေရးဆုိင္ရာ ဥပေဒေတြအေပၚ ဘယ္လုိ သက္ေရာက္မႈ ရွိသလဲဆုိတဲ့ အခ်က္ေတြပါ စုေဆာင္းထားမွာျဖစ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။ ဒီ Database ဟာ တုိင္းျပည္အသီးသီးက ကပ္ေရာဂါဆုိင္ရာ ဥပေဒေတြ ခ်မွတ္ ျပဌာန္းဖုိ႔ ျပင္ဆင္ၾကတဲ့အခါ မွန္ကန္တဲ့ လမ္းညြန္မႈေတြကုိ ေပးႏုိင္မွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ကပ္ေရာဂါကုိ တံု႔ျပန္ေဆာင္ရြက္တဲ့ေနရာမွာ ဒီဥပေဒေတြက အစုိးရေတြအတြက္ အေရးပါတဲ့ အခ်က္ျဖစ္တာေၾကာင့္ ဒီဥပေဒေတြကုိ အေကာင္းဆုံးျဖစ္ေအာင္ စီမံေဆာင္ရြက္ဖုိ႔က အေရးပါေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။ ကပ္ေရာဂါဆုိင္ရာ အခ်က္အလက္ေတြနဲ႔ တုိင္းျပည္ေတြ ထပ္တုိးလာတာနဲ႔အမွ် ဒီ Database ဟာလည္း ႀကီးထြားလာမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကိုဗစ် ဥပဒေ၊ ပြဌာန်းချက်များဆိုင်ရာ နိုင်ငံတကာ Database WHO တည်ထောင်

(Unicode)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့အခြေစိုက် Georgetown တက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး နိုင်ငံအသီးသီးက ကိုဗစ် ကပ်ရောဂါ အပါအဝင် ကျန်းမာရေးပြဿနာတွေကို စနစ်တကျ ဥပဒေပြဌာန်း ဆောင်ရွက်ခဲ့တဲ့ Database အချက်အလက် စုဆောင်းထားတဲ့ဌာန COVID Law Lab ကို စတင် တည်ထောင်လိုက်ပါတယ်။

အဲဒီ Database ထဲမှာ တိုင်းပြည်အသီးသီးက ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့တာ၊ Quarantine ဆိုင်ရာ ပြဌာန်းချက်တွေ၊ ရောဂါအခြေအနေ စောင့်ကြည့်တာ၊ နှာခေါင်းစည်းတပ်ဖို့ တဦးနဲ့တဦး ခပ်ခွာခွာနေကြဖို့ ညွန်ကြားချက် ထုတ်ပြန်ခဲ့တာ၊ ကုသရေးအတွက် ဆေးဝါးရရှိမှု အခြေအနေနဲ့ ကာကွယ်ဆေးတို့ အပါအဝင် ကိုဗစ် အရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ဖို့ ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို စုဆောင်းထားမယ့် နေရာဖြစ်ကြောင်း ကြာသပတေးနေ့က ကိုဗစ် ၁၉ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဒါ့အပြင် ဒီ COVID Law Lab မှာ ကိုဗစ် ၁၉ နဲ့ဆိုင်တဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ အဲဒီ ပြဌာန်းချက်တွေက လူထုကျန်းမာရေးဆိုင်ရာ ဥပဒေတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတဲ့ အချက်တွေပါ စုဆောင်းထားမှာဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ ဒီ Database ဟာ တိုင်းပြည်အသီးသီးက ကပ်ရောဂါဆိုင်ရာ ဥပဒေတွေ ချမှတ် ပြဌာန်းဖို့ ပြင်ဆင်ကြတဲ့အခါ မှန်ကန်တဲ့ လမ်းညွန်မှုတွေကို ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ ဒီဥပဒေတွေက အစိုးရတွေအတွက် အရေးပါတဲ့ အချက်ဖြစ်တာကြောင့် ဒီဥပဒေတွေကို အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ဖို့က အရေးပါကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ ကပ်ရောဂါဆိုင်ရာ အချက်အလက်တွေနဲ့ တိုင်းပြည်တွေ ထပ်တိုးလာတာနဲ့အမျှ ဒီ Database ဟာလည်း ကြီးထွားလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG