သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO အႀကီးအကဲကုိ တရုတ္က၀ယ္လုိက္ေၾကာင္း ကန္ ႏုိင္ငံျခားေရး၀န္ႀကီးေျပာ


ကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo

(Zawgyi/Unicode)

WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကုိ တရုတ္တုိ႔က ၀ယ္လုိက္ၿပီ - လုိ႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ရဲ႕ ေျပာၾကားခ်က္ကုိ WHO အႀကီးအကဲက ပယ္ခ်လုိက္ၿပီး ကုိရုိနာဗုိင္းရပ္စ္ကုိ ႏုိင္ငံေရးနဲ႔ မေရာယွက္ဖုိ႔ သတိေပး ေျပာၾကားလုိက္ပါတယ္။

အခုသီတင္းပတ္အေစာပုိင္းက ၿဗိတိန္ႏုိင္ငံကုိေရာက္ေနတဲ့ ၀န္ႀကီး Pompeo က ၿဗိတိသွ် လႊတ္ေတာ္အမတ္ေတြနဲ႔ ဗုဒၶဟူးေန႔က တံခါးပိတ္ ေတြ႔ဆုံ ေဆြးေႏြးခဲ့ေၾကာင္း Times of London သတင္းမွာ ေဖာ္ျပထားပါတယ္။ Tedros ကုိ တရုတ္အစုိးရက ၀ယ္လုိက္တဲ့ဆုိတဲ့ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ေတြ ရရွိထားေၾကာင္းနဲ႔ သူ႔ကုိ WHO အႀကီးအကဲအျဖစ္ ၂၀၁၇ ခုႏွစ္မွာ ခန္႔အပ္လုိက္ျခင္းဟာ ၿဗိတိသွ်ေတြရဲ႕ က်ဆုံးခန္းကုိ ေရာက္သြားေစေၾကာင္း လႊတ္ေတာ္အမတ္ေတြနဲ႔ ေတြ႔ဆုံမႈအတြင္း ၀န္ႀကီး Pompeo က ေျပာၾကားခဲ့တယ္လုိ႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီလုိ ေျပာဆုိမႈအေပၚ ၾကာသပေတးေန႔က ျပဳလုပ္တဲ့ ကုိဗစ္ ၁၉ သတင္းစာရွင္းလင္းပြဲအတြင္း WHO အႀကီးအကဲက အခုလုိ တုံ႔ျပန္လုိက္ပါတယ္။

“အဲဒီလုိ ေျပာဆုိမႈဟာ မမွန္ကန္တဲ့အျပင္ လက္ခံႏုိင္စရာမရွိေၾကာင္း၊ ဒါဟာ အေျခအျမစ္မရွိတဲ့ ေျပာဆုိမႈသာျဖစ္ေၾကာင္း၊ အခုခ်ိန္မွာ ရင္ဆုိင္ေနရတဲ့ အႀကီးမားဆုံး ၿခိမ္းေခ်ာက္မႈဟာ ကပ္ေရာဂါကုိ ႏုိင္ငံေရးနဲ႔ ေရာယွက္ေနတဲ့ကိစၥျဖစ္ေၾကာင္း” Tedros Ghebreyesus က ေျပာပါတယ္။

WHO ရဲ႕ တခုထဲေသာအာရုံစုိက္ လုပ္ေဆာင္မႈဟာ လူ႔အသက္ေတြ ကယ္တင္ဖုိ႔ျဖစ္ေၾကာင္းနဲ႔ အဲဒီလုိ ေျပာဆုိမႈေတြေၾကာင့္ လမ္းေၾကာင္း ေျပာင္းသြားမွာမဟုတ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။

ၾကာသပေတးေန႔ အေစာပုိင္းက Denmark ႏုိင္ငံကုိ ေရာက္ေနတဲ့ ၀န္ႀကီး Pompeo သတင္းေထာက္ေတြနဲ႔ ေတြ႔ဆုံစဥ္မွာေတာ့ အဲဒီကိစၥအတြက္ ေမးခြန္း မထုတ္ခဲ့ၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္


...........

WHO အကြီးအကဲကို တရုတ်ကဝယ်လိုက်ကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီးပြော

(Unicode)

WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကို တရုတ်တို့က ဝယ်လိုက်ပြီ - လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ပြောကြားချက်ကို WHO အကြီးအကဲက ပယ်ချလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးနဲ့ မရောယှက်ဖို့ သတိပေး ပြောကြားလိုက်ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက ဗြိတိန်နိုင်ငံကိုရောက်နေတဲ့ ဝန်ကြီး Pompeo က ဗြိတိသျှ လွှတ်တော်အမတ်တွေနဲ့ ဗုဒ္ဓဟူးနေ့က တံခါးပိတ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း Times of London သတင်းမှာ ဖော်ပြထားပါတယ်။ Tedros ကို တရုတ်အစိုးရက ဝယ်လိုက်တဲ့ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရရှိထားကြောင်းနဲ့ သူ့ကို WHO အကြီးအကဲအဖြစ် ၂၀၁၇ ခုနှစ်မှာ ခန့်အပ်လိုက်ခြင်းဟာ ဗြိတိသျှတွေရဲ့ ကျဆုံးခန်းကို ရောက်သွားစေကြောင်း လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှုအတွင်း ဝန်ကြီး Pompeo က ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို ပြောဆိုမှုအပေါ် ကြာသပတေးနေ့က ပြုလုပ်တဲ့ ကိုဗစ် ၁၉ သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲက အခုလို တုံ့ပြန်လိုက်ပါတယ်။

“အဲဒီလို ပြောဆိုမှုဟာ မမှန်ကန်တဲ့အပြင် လက်ခံနိုင်စရာမရှိကြောင်း၊ ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုသာဖြစ်ကြောင်း၊ အခုချိန်မှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းချောက်မှုဟာ ကပ်ရောဂါကို နိုင်ငံရေးနဲ့ ရောယှက်နေတဲ့ကိစ္စဖြစ်ကြောင်း” Tedros Ghebreyesus က ပြောပါတယ်။

WHO ရဲ့ တခုထဲသောအာရုံစိုက် လုပ်ဆောင်မှုဟာ လူ့အသက်တွေ ကယ်တင်ဖို့ဖြစ်ကြောင်းနဲ့ အဲဒီလို ပြောဆိုမှုတွေကြောင့် လမ်းကြောင်း ပြောင်းသွားမှာမဟုတ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ ကြာသပတေးနေ့ အစောပိုင်းက Denmark နိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး Pompeo သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာတော့ အဲဒီကိစ္စအတွက် မေးခွန်း မထုတ်ခဲ့ကြပါဘူး။

XS
SM
MD
LG