သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏုိင္ငံတခ်ဳိ႕မွာ ကုိဗစ္ကူးစက္မႈ အရွိန္ျပန္ျမင့္လာတာေၾကာင့္ ကန္႔သတ္မႈတုိးျမင့္ဖုိ႔ ဖိအားေပးမႈေတြထြက္ေပၚ


ကမာၻ႔က်န္းမာေရးအဖဲြ႔ အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus 

Zawgyi/Unicode

ကမာၻတလႊား ကို႐ိုနာဗိုင္းရပ္စ္ ဆက္လက္ကူးစက္ျပန္႔ႏွံ႔ေနတဲ့ အတြက္ အိႏၵိယနဲ႔ အေမရိကန္ အပါအဝင္ တခ်ိဳ႕ႏိုင္ငံေတြမွာ အသြားအလာ ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ျပန္ၿပီးခ်မွတ္ဖို႔ တနြ္းအားေပးမႈတေြ ရွိလာပါတယ္။ ဒီကပ္ေရာဂါႀကီးၿပီးဆုံးႏိုင္ဖို႔ အခ်ိန္ၾကာလိမ့္ဉီးမယ္လို႔လည္း ကမာၻ႔က်န္းမာေရးအဖဲြ႔ အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus ကေျပာပါတယ္။

“ တခ်ိဳ႕ႏုိင္ငံေတြမွာ တုိးတက္မႈေတြရွိေနေပမယ့္လည္း တကမာၻလုံး အတုိင္းအတာနဲ႔ဆုိရင္ေတာ့ ကပ္ေရာဂါရဲ႕ အေျခအေနက အရွိန္အဟုန္ျမင့္လာေနၿပီး၊ ကပ္ေရာဂါႀကီးၿပီးဖုိ႔ မနီးစပ္ ေသးဘူးလို႔ Dr. Ghebreyesus က ေျပာသ ြားတာပါတယ္။

ဗိုင္းရပ္စ္ က အရွိန္အဟုန္နဲ႔ ဆက္ၿပီးကူးစက္ေနဦးမယ္ဆိုတာကုိ လူေတြက မယုံၾကည္ၾကဘူးလို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က Geneva ႐ုပ္သံေဆြးေႏြးပြဲအတြင္း ေျပာသြားတာပါ။

အိႏၵိယမွာ မေန႔က တရက္ထဲ ကူးစက္သူ ၂၀၀၀၀ နီးပါးနဲ႔ အေမရိကန္၊ ဘရာဇီးနဲ႔ ႐ုရွားတို႔ၿပီးရင္ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတာပါ။ အိႏၵိယ၊ အာသံျပည္နယ္မွာ အသြားအလာ ကန္႔သတ္ခ်က္ေတြကို ဇူလိုင္ ၁၂ ရက္ေန႔အထိ ျပန္ၿပီးခ်မွတ္လိုက္ၿပီး အေနာက္ Bengal ျပည္နယ္မွာေတာ့ ဇူလိုင္လကုန္အထိ တိုးျမႇင့္ခ်မွတ္လိုက္ပါတယ္။

အေမရိကန္မွာေတာ့ Florida၊ Texas ၊ California နဲ႔ Arizona ျပည္နယ္ေတြမွာ ကူးစက္မႈပိုတိုးလာေနပါတယ္။ Florida ျပည္နယ္မွာေတာ့ တနဂၤေႏြေန႔က ပင္လယ္ကမ္းေျခေတြနဲ႔ ဘားဆိုင္ေတြမွာ အရက္ထိုင္ေသာက္ခြင့္ကို ျပန္ပိတ္ထားလိုက္ပါတယ္။ အေမရိကန္ ႏိုင္ငံတဝွမ္း တရက္အတြင္း ပိုးကူးစက္သူ အေရအတြက္ ၃၅၀၀၀ ေက်ာ္ေတြ႕တာ ၆ ရက္ဆက္တိုက္ျဖစ္ေနတာပါ။

Johns Hopkins တကၠသိုလ္ စာရင္းေတြအရ ကမာၻတလႊား ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္ခံရသူ ၁၀ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၅ သိန္းေက်ာ္ရွိေနပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ေရာဂါပိုးစစ္ေဆးမႈ အားနည္းတာနဲ႔ ေရာဂါလကၡဏာ မျပတာလည္းရွိႏိုင္တာေၾကာင့္ တကမာၻလုံးမွာ အခုလက္ရွိစာရင္းထက္ ေရာဂါကူးစက္သူ အေရအတြက္ ပိုမ်ားႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။


[Unicode]

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ကူးစက်ပြန့်နှံ့နေတဲ့ အတွက် အိန္ဒိယနဲ့ အမေရိကန် အပါအဝင် တချို့နိုင်ငံတွေမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်ပြီးချမှတ်ဖို့ တနွ်းအားပေးမှုတွေ ရှိလာပါတယ်။ ဒီကပ်ရောဂါကြီးပြီးဆုံးနိုင်ဖို့ အချိန်ကြာလိမ့်ဉီးမယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲDr. Tedros Adhanom Ghebreyesus ကပြောပါတယ်။

“ တချို့နိုင်ငံတွေမှာ တိုးတက်မှုတွေရှိနေပေမယ့်လည်း တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ကပ်ရောဂါရဲ့ အခြေအနေက အရှိန်အဟုန်မြင့်လာနေပြီး၊ ကပ်ရောဂါကြီးပြီးဖို့ မနီးစပ် သေးဘူးလို့ Dr. Ghebreyesus က ပြောသ ွားတာပါတယ်။

ဗိုင်းရပ်စ် က အရှိန်အဟုန်နဲ့ ဆက်ပြီးကူးစက်နေဦးမယ်ဆိုတာကို လူတွေက မယုံကြည်ကြဘူးလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က Geneva ရုပ်သံဆွေးနွေးပွဲအတွင်း ပြောသွားတာပါ။

အိန္ဒိယမှာ မနေ့က တရက်ထဲ ကူးစက်သူ ၂၀၀၀၀ နီးပါးနဲ့ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားတို့ပြီးရင် ကူးစက်မှု အများဆုံးဖြစ်နေတာပါ။ အိန္ဒိယ၊ အာသံပြည်နယ်မှာ အသွားအလာ ကန့်သတ်ချက်တွေကို ဇူလိုင် ၁၂ ရက်နေ့အထိ ပြန်ပြီးချမှတ်လိုက်ပြီး အနောက် Bengal ပြည်နယ်မှာတော့ ဇူလိုင်လကုန်အထိ တိုးမြှင့်ချမှတ်လိုက်ပါတယ်။

အမေရိကန်မှာတော့ Florida၊ Texas ၊ California နဲ့ Arizona ပြည်နယ်တွေမှာ ကူးစက်မှုပိုတိုးလာနေပါတယ်။ Florida ပြည်နယ်မှာတော့ တနင်္ဂနွေနေ့က ပင်လယ်ကမ်းခြေတွေနဲ့ ဘားဆိုင်တွေမှာ အရက်ထိုင်သောက်ခွင့်ကို ပြန်ပိတ်ထားလိုက်ပါတယ်။ အမေရိကန် နိုင်ငံတဝှမ်း တရက်အတွင်း ပိုးကူးစက်သူ အရေအတွက် ၃၅၀၀၀ ကျော်တွေ့တာ ၆ ရက်ဆက်တိုက်ဖြစ်နေတာပါ။

Johns Hopkins တက္ကသိုလ် စာရင်းတွေအရ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၅ သိန်းကျော်ရှိနေပါတယ်။တချို့နေရာတွေမှာ ရောဂါပိုးစစ်ဆေးမှု အားနည်းတာနဲ့ ရောဂါလက္ခဏာ မပြတာလည်းရှိနိုင်တာကြောင့် တကမ္ဘာလုံးမှာ အခုလက်ရှိစာရင်းထက် ရောဂါကူးစက်သူ အရေအတွက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG