Zawgyi/Unicode
ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုးဟာ ေလထဲကေနလည္း ပ်ံ႕ႏွံ႔ကူးစက္ႏိုင္ေၾကာင္း အေထာက္အထားေတြ ပိုုေတြ႔လာေနရေၾကာင္းနဲ႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး တင္ျပႏိုင္ေအာင္ ျပင္ဆင္ေနၿပီလို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔က အဂၤါေန႔မွာ ေျပာပါတယ္။
WHO ရဲ့ နည္းပညာေကာ္မတီ အႀကီးအကဲ Dr. Maria Van Kerkhove ကေတာ့ "ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္တဲ့ ပံုစံေတြထဲက တခု အေနနဲ႔ သူဟာ ဟာ ေလထဲမွာပ်ံ ႔ႏွံ႔ကူးစက္မႈ ရွိႏိုင္သလို အမႈန္အစက္ ကေလးေတြ အေနနဲ႔လည္း ပ်ံ ႔ႏွံ႔ကူးစက္ႏုိင္တယ္ ဆိုတဲ့ သေဘာ ေတြ႔ရတယ္လို႔ " WHO ရဲ့ အဂၤါေန႔ ဂ်နီဗာအစည္းအေဝးမွာ ေျပာသြားတာပါ။
ဒါ့အျပင္ သိပၸံပညာရွင္ အေယာက္ ၂၀၀ ေက်ာ္က ဧၿပီလထဲမွာ WHO နဲ႔ တျခားအဖြဲ႔ေတြ ကို ဆက္သြယ္ၿပီး ကိုရိုနာဗုိင္းရပ္စ္ ဟာ ေလထဲကေနလည္း ပ်ံ ႔ႏွံ႔ႏိုင္တယ္ ဆိုတာကို အသိမွတ္ျပဳဖို႔ ေတာင္းဆိုခဲ့တယ္လုိ႔လည္း ေျပာပါတယ္။
သူတို႔ေကာ္မတီက ဒီအဖြဲ႔နဲ႔ အတူလက္တြဲၿပီးလုပ္ေဆာင္ေနသလို ဒီဗိုင္းရပ္စ္ရဲ့ ေလထဲကေန ပ်ံ ႔ႏွံ႔တဲ့ သေဘာသဘာဝနဲ႔ ပတ္သက္ၿပီး သိလာတာေတြကို သိပၸြံနည္းက် တင္ျပႏုိင္ဖုိ႔လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။
WHO ရဲ့ ကူးစက္ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဆိုင္ရာ ဌာနတာဝန္ခံ ပါေမာကၡ Benedetta Allegranzi ကေတာ့ အခုလို ဒီဗိုင္းရပ္စ္ဟာ ေလထဲကေနလည္း ကူးစက္ပ်ံ႔ ႔ႏွံ႔ႏုိင္တယ္ဆိုတဲ့ အေထာက္အထားေတြ ပိုေတြ႔လာရေပမယ့္ ေသေသခ်ာခ်ာ ေကာက္ခ်က္ခ်လို႔ေတာ့ မရေသးဘူးလို႔ ေျပာပါတယ္။
ဒီအေထာက္အထားေတြကေန အထူးသျဖင့္ အခန္းတြင္းမွာေရာက္ေနတဲ့ အခါ ႏွာေခါင္းစည္း တပ္ၿပီး ခပ္ခြါခြါေနတာ အပါအဝင္ ကိုဗစ္ ကူးစက္မႈမရွိေအာင္ ကာကြယ္မႈကို အျပည့္အစံု လုပ္သင့္တယ္ ဆိုတာ ျပသေနတယ္လို႔ ေဒါက္တာ Kerkhove နဲ႔ Allegranzi ေဆးပညာရွင္ ၂ ဦး စလံုးက ေျပာပါတယ္။
WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကေတာ့ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ကူးစက္မႈဟာ အရွိန္နဲ႔ ဆက္တိုးေနသလို အခုထိလည္း အဆံုးစြန္းအေနထားကို မေရာက္ေသးဘူးလို႔ ေျပာပါတယ္။ ဒါ့အျပင္ ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူ ၄ သိန္းျပည့္ဖို႔ သီတင္းပတ္ေပါင္း ၁၂ ပတ္ ၾကာျမင့္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာေတာ့ ကမာၻတလႊားအကူးစက္ခံရသူက ၄ သိန္းေက်ာ္ ရွိေနတယ္လုိ႔လည္း သတိေပးပါတယ္။
[Unicode]
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ လေထဲကနေလည်း ပျံ့နှံ့ကူးစက်နိုင်ကြောင်း အထောက်အထားတွေ ပိုတွေ့လာနေရကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြနိုင်အောင် ပြင်ဆင်နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
WHO ရဲ့ နည်းပညာကော်မတီ အကြီးအကဲ Dr. Maria Van Kerkhove ကတော့ "ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်တဲ့ ပုံစံတွေထဲက တခု အနေနဲ့ သူဟာ ဟာ လေထဲမှာပျံ့နှံ့ကူးစက်မှု ရှိနိုင်သလို အမှုန်အစက် ကလေးတွေ အနေနဲ့လည်း ပျံ့နှံ့ကူးစက်နိုင်တယ် ဆိုတဲ့ သဘော တွေ့ရတယ်လို့ " WHO ရဲ့ အင်္ဂါနေ့ ဂျနီဗာအစည်းအဝေးမှာ ပြောသွားတာပါ။
ဒါ့အပြင် သိပ္ပံပညာရှင် အယောက် ၂၀၀ ကျော်က ဧပြီလထဲမှာ WHO နဲ့ တခြားအဖွဲ့တွေ ကို ဆက်သွယ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဟာ လေထဲကနေလည်း ပျံ့နှံ့နိုင်တယ် ဆိုတာကို အသိမှတ်ပြုဖို့ တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။
သူတို့ကော်မတီက ဒီအဖွဲ့နဲ့ အတူလက်တွဲပြီးလုပ်ဆောင်နေသလို ဒီဗိုင်းရပ်စ်ရဲ့ လေထဲကနေ ပျံ့နှံ့တဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး သိလာတာတွေကို သိပ္ပွံနည်းကျ တင်ပြနိုင်ဖို့လုပ်နေတယ်လို့လည်း ပြောပါတယ်။
WHO ရဲ့ ကူးစက်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ဌာနတာဝန်ခံ ပါမောက္ခ Benedetta Allegranzi ကတော့ အခုလို ဒီဗိုင်းရပ်စ်ဟာ လေထဲကနေလည်း ကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ပိုတွေ့လာရပေမယ့် သေသေချာချာ ကောက်ချက်ချလို့တော့ မရသေးဘူးလို့ ပြောပါတယ်။
ဒီအထောက်အထားတွေကနေ အထူးသဖြင့် အခန်းတွင်းမှာရောက်နေတဲ့ အခါ နှာခေါင်းစည်း တပ်ပြီး ခပ်ခွါခွါနေတာ အပါအဝင် ကိုဗစ် ကူးစက်မှုမရှိအောင် ကာကွယ်မှုကို အပြည့်အစုံ လုပ်သင့်တယ် ဆိုတာ ပြသနေတယ်လို့ ဒေါက်တာ Kerkhove နဲ့ Allegranzi ဆေးပညာရှင် ၂ ဦး စလုံးက ပြောပါတယ်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုဟာ အရှိန်နဲ့ ဆက်တိုးနေသလို အခုထိလည်း အဆုံးစွန်းအနေထားကို မရောက်သေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ ၄ သိန်းပြည့်ဖို့ သီတင်းပတ်ပေါင်း ၁၂ ပတ် ကြာမြင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ကမ္ဘာတလွှားအကူးစက်ခံရသူက ၄ သိန်းကျော် ရှိနေတယ်လို့လည်း သတိပေးပါတယ်။