သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ရဲ့ ကိုဗစ်ကပ်ရောဂါတုံ့ပြန်မှုကို အကဲဖြတ်မယ့် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့


WHO  အကြီးအကဲ Tedros Adhanom Ghebreyesus တို့ အစည်းအဝေးပြုလုပ်စဉ် (ဇူလိုင်လ ၃ ရက်နေ့)
WHO  အကြီးအကဲ Tedros Adhanom Ghebreyesus တို့ အစည်းအဝေးပြုလုပ်စဉ် (ဇူလိုင်လ ၃ ရက်နေ့)

(Zawgyi/Unicode)

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဆိုင်ရာ တုံ့ပြန်မှုကို အကဲဖြတ်မယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Helen Clark နဲ့ လိုင်ဘေးရီးယားသမ္မတဟောင်း Ellen Johnson Sirleaf တို့ဦးဆောင် ဖို့ WHO က ကြာသပတေးနေ့မှာ အမည်တင်သွင်းလိုက်ပါတယ်။

အခုအချိန်ဟာ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ဆန်းစစ်ရမယ့် အချိန်ရောက်ပြီလို ဂျနီဗာ WHO ဌာနချုပ်မှာ အကြီးအကဲ Tedros Adhanom Ghebreyesus က သူတို့ ၂ ဦးကို မိတ်ဆက်ပေးရင်း အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာတလွှား လူတိုင်းနီးပါးကို သက်ရောက်ခဲ့တဲ့ ဒီကပ်ရောဂါရဲ့ ပမာဏကြောင့် သူနဲ့ကိုက်ညီပြီး မှန်ကန်တဲ့ အကဲဖြတ်မှု ရယူဖို့ လိုအပ်နေတာ ထင်ရှားကြောင်းလည်း ပြောပါတယ်။

WHO အဖွဲ့ကြီးရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ ကနဦး တုံ့ပြန်မှုတွေမှာ တရုတ်ကို ပြတ်ပြတ်သားသား ရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြီး WHO အဖွဲ့ဝင်အဖြစ်ကနေ အမေရိကန် တရားဝင်နှုတ်ထွက်ခဲ့ပြီး ၂ ရက် အကြာမှာ WHO က အခုလို လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ကို ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

WHO အဖွဲ့မှာ ပင်မပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရင် အမေရိကန်က ပံ့ပိုးကူညီတော့မှာ မဟုတ်ဖူးလို့ သမ္မတအိမ်ဖြူက ပြောခဲ့တာပါ။

ဂျပန်လို နိုင်ငံတွေကလည်း အမေရိကန်နုတ်ထွက်မှုကို မထောက်ခံဘူးလို့ပြောနေချိန်မှာပဲ WHO အဖွဲ့ကြီးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

WHO အကြီးအကဲ Tedros ကတော့ WHO အတွက် ပြည့်စုံပြီး မှန်ကန်တဲ့ အကဲဖြတ်မှု လိုအပ်နေတယ် ဆိုတာကို သူသဘောတူကြောင်း ပြောပါတယ်။ ဒါ့အပြင် အကဲဖြတ်အဖွဲ့မှာ ဘယ်သူတွေ ပါဝင်သင့်တယ် ဆိုတာကို အဖွဲ့ဝင်နိုင်ငံတွေက အကြံပြုကြဖို့နဲ့ ဒီအဖွဲ့ဟာ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ဖို့လည်း သူက အဆိုပြုပါတယ်။

ဒီအဖွဲ့အနေနဲ့ သီးခြားလွတ်လပ်တဲ့အစီရင်ခံစာကို ကမ္ဘာ့ကျန်းမာရေးညီလာခံ မကျင်းပခင် နိုဝင်ဘာလထဲမှာ တင်သွင်းဖို့နဲ့ နောက်ဆုံး အစီရင်ခံစာ ကိုတော့ လာမယ့်မေလ ညီလာခံမတိုင်ခင် တင်သွင်းဖို့လည်း Tedros က အကြံပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..................

(Unicode)








XS
SM
MD
LG