သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ႏွင့္ တ႐ုတ္ တို႔ ျမန္မာ့ေျမေပၚ ၿပိဳင္ဆိုင္မႈ


USS Mustin စစ္သေဘၤာ ေတာင္တရုတ္ပင္လယ္ထဲ စစ္ေရးေလ့က်င့္စဥ္။ ဧၿပီ ၂၁၊ ၂၀၁၅။
တိုက္႐ိုက္ လင့္ခ္

အေမရိကန္က ျမန္မာႏိုင္ငံကို တ႐ုတ္ႀကီးစိုးမႈေအာက္ က်ေရာက္မွာ မလိုလားေပမယ့္ တ႐ုတ္လို ထိထိေရာက္ေရာက္ မကူညီဘူးဆိုတဲ့ကိစၥကို ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ အႀကီးတန္းသံတမန္ေဟာင္း Priscilla Clapp က ပယ္ခ်လိုက္ပါတယ္။ ISP (Myanmar) ရဲ႕ တ႐ုတ္ေရးရာ သုေတသီ မခင္ခင္ေက်ာ္ကလည္း ျမန္မာႏိုင္ငံကို အေမရိကန္က ကူညီေရး အကန႔္အသတ္ေတြကို ေထာက္ျပပါတယ္။ အေသးစိတ္ကို သူတို႔ ႏွစ္ဦးနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ Priscilla Clapp အေမရိကန္နဲ႔ တရုတ္ သံရံုးႏွစ္ခုတုိ႔ အျပန္အလွန္ တိုက္ခိုက္ေရးသားေနၾကတာဟာ ဘာေၾကာင့္ ဒီအခ်ိန္မွာ ဒီလိုလုပ္ၾကတယ္ဆိုတာကို ေျပာျပပါအံုး။

ေျဖ ။ ။ က်မ အေသအခ်ာ မသိပါဘူး။ ခန္႔မွန္းတာပဲ ေျပာႏိုင္ပါတယ္။ က်မက အစိုးရထဲမပါပါဘူး။ မူဝါဒေတြ ခ်မွတ္တဲ့ေနရာမွာလဲ မပါပါဘူး။ အထူးသျဖင့္ ဒီအစိုးရနဲ႔ က်မ မပတ္သက္ပါဘူး။ ခန္႔မွန္းၿပီးေတာ့ ေျပာရမယ္ဆိုရင္ေတာ့ Hong Kong, နဲ႔ ေတာင္တရုတ္ပင္လယ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့ Mike Pompeo မၾကာေသးခင္က ေျပာသြားတာကို ၾကည့္မယ္ဆိုရင္ အခုတိုက္ခိုက္မႈက အဲဒီေျပာဆိုမႈရဲ ႔ တစိတ္တပိုင္း ျဖစ္တယ္လို႔ ထင္ပါတယ္။ ဒါက ျမန္မာနဲ႔ ပတ္သက္တယ္လို႔ အထူးတလဲ ပတ္သက္တယ္လို႔ မထင္ပါဘူး။ အေမရိကန္သံရံုးရဲ ႔ ေရးသားခ်က္မွာ ျမန္မာကို အဓိကထားေရးေပမယ့္ အလားတူေရးသားခ်က္ေတြက က်န္ အာဆီယံႏိုင္ငံေတြအတြက္လဲ ထြက္ေပၚခဲ့တယ္ဆိုတာကို ရွင္ သိေကာင္းသိပါလိမ့္မယ္။ ေရးသားခ်က္တခုဆီက အဲဒီႏို္င္ငံတခုေတြရဲ ႔ အေျခအေနနဲ႔ အံ့ဝင္ခြင္က်ျဖစ္ေအာင္ ေရးသားထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒါက ဝါရွင္တန္ဒီစီၿမိဳ ႔ေတာ္ က လာတဲ့ကိစၥ ျဖစ္ပါတယ္။ ရန္ကုန္ကေရးတာ မဟုတ္ပါဘူး။

ေမး ။ ။ တခ်ဳိ ႔က ဒါက Donald Trump ေရြးေကာက္ပြဲအတြက္ မဲဆြယ္တဲ့ လုပ္ရပ္တစ္ခု ျဖစ္တယ္လို႔ သံုးသပ္ၾကပါတယ္။

ေျဖ ။ ။ က်မလည္း ခန္႔မွန္းေနပါတယ္။ ဒါက Trump အစိုးရရဲ ႔ တနည္းအားျဖင့္ Trump နဲ႔ Pompeo တို႔က ျပဳလုပ္တဲ့ ေရြးေကာက္ပြဲ မဲဆြယ္မႈ ျဖစ္ပါလိမ့္မယ္။ တရုတ္နဲ႔ အေရွ ႔ေတာင္အာရွကိစၥ ဆက္ေျပာရမယ္ဆိုရင္ အေမရိကန္ဟာ အေရွ ႔ေတာင္အာရွေဒသမွာ တရုတ္ရဲ ႔ ရန္လိုက်ဴးေက်ာ္မႈအျဖစ္ မွတ္ယူႏုိင္တာေတြကို တြန္းလွန္ေနတာ ျဖစ္ပါတယ္။ တရုတ္တို႔က ေဟာင္ေကာင္ကို သိမ္းယူေနပါတယ္။ ေတာင္တရုတ္ပင္လယ္ထဲမွာ ကၽြန္းေတြေဆာက္ေနပါတယ္။ အဲဒီပင္လယ္အတြင္း က်မတုိ႔ရဲ ႔ ေရေၾကာင္းသြားလာမႈေတြကို စိန္ေခၚေနပါတယ္။ ထိုင္ဝမ္ကို တိုက္မယ္ခိုက္မယ္ဆိုတဲ့ သေဘာနဲ႔ အျပင္းအထန္ ၿခိမ္းေျခာက္ေနပါတယ္။ ဆိုိေတာ့ ဒါေတြကို အေမရိကန္က ျပန္တြန္းေနတာ ျဖစ္ပါတယ္။ ျမန္မာကို အဓိက ရည္ရြယ္တာ မဟုတ္ဘဲနဲ႔ အေရွ ႔ေတာင္အာရွတစ္ခုလံုးအတြက္ စိုးရိမ္မႈ ျဖစ္ပါတယ္။ က်မ ဆက္လက္ေထာက္ျပသင့္တာကေတာ့ အခုအခါမွာ တရုတ္ရဲ ႔ က်ဴးေက်ာ္ရန္စမႈေတြအေပၚမွာ ေဒါသျဖစ္စရာေတြကို အေမရိကန္ျပည္ေထာင္စုမွာ အစိုးရနဲ႔ အတိုက္အခံပါတီ ႏွစ္ရပ္စလံုးက ေထာက္ခံေနၾကတယ္ဆိုတာ ျဖစ္ပါတယ္။

ေမး ။ ။ က်ေနာ္ ဆက္ေမးခ်င္တာကေတာ့ ဒီလို တရုတ္က ျမန္မာႏုိ္င္ငံအေပၚ ဘက္စံုလႊမ္းမိုးေရး လုပ္ေနတယ္ဆိုတာကို အေမရိကန္က မလိုလားဘူးဆိုရင္ ျမန္မာႏုိင္ငံအေနနဲ႔ တရုတ္အေပၚမွာ မီွခိုအားထားရမႈ ေလ်ာ့ပါးသြားေအာင္ အေမရိကန္က ဘာေၾကာင့္အလံုအေလာက္ မကူညီဘူးလဲ ျဖစ္ပါတယ္။ ျမန္မာပရိသတ္တခ်ဳိ ႔လဲ သိခ်င္ၾကတဲ့ကိစၥ ျဖစ္ပါတယ္။

ေျဖ ။ ။ က်မတို႔ဘက္က ဘာလုပ္ရမယ္လို႔ ထင္ၾကလဲလို႔ ရွင္ေျပာျပပါ။ ျဖစ္သင့္ျဖစ္ထိုက္တာနဲ႔ ျဖစ္ႏုိင္ေခ် ရိွတာကို ေျပာစမ္းပါ။

ေမး ။ ။ ျဖစ္ႏိုင္တဲ့ အကူအညီ ဘယ္ဟာလဲဆိုတာကေတာ့ ခင္မ်ား ေျပာရမွာေပါ့။ ဒါေပမဲ့ ျမန္မာျပည္က လူေတြျမင္တာကေတာ့ ျမန္မာႏိုင္ငံဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံအေဆာက္အအံုအပါအဝင္ လုပ္ငန္းေတြ၊ စီးပြားေရးစီမံကိန္းေတြကို တရုတ္ကပဲ အဓိက ကူညီေပးေနတယ္၊ ေထာက္ပံ့ေနတယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

ေျဖ ။ ။ က်မတို႔ဆီမွာ ႏုိုင္ငံပိုင္စီးပြားေရးလုပ္ငန္းဆိုတာ မရိွပါဘူး။ အေျခခံအေဆာက္အအံု တည္ေဆာက္ေရးလုပ္ငန္းေတြကို အစိုးရက လုပ္တာမဟုတ္ပါဘူး။ ဒါေတြကို ပုဂၢလိကကုမၸဏီေတြ လုပ္ၾကတာပါ။ ျမန္မာအစိုးရကလဲ ပုဂၢလိကလုပ္ငန္းေတြ ရွင္သန္လုပ္ကိုင္ႏိုင္မယ့္ မူဝါဒေတြ ခ်မွတ္လုပ္ကိုင္ေနပါတယ္။ ဥေရာပနဲ႔ အေမရိကန္တုိ႔က လြတ္လပ္တဲ့ စီးပြားေရးလုပ္ငန္းေတြ ပါဝင္လာႏုိင္ေအာင္ ေပၚလစီ ခ်မွတ္ထားပါတယ္။ ကုမၸဏီေတြကလည္း လုပ္ေဆာင္ေနၾကပါတယ္။ ဒါေတြကို လူေတြမသိၾကပါဘူး။ ဆိုေတာ့ အေမရိကန္က ဘာမွမလုပ္ဘူးလို႔ ထင္ေနၾကသူေတြက အထင္လြဲေအာင္လုပ္ျခင္း ခံေနရတာပါ။

ေမး ။ ။ စီးပြားေရးကုမၸဏီေတြ ျမန္မာႏုိင္ငံမွာ ရင္းႏီွးျမဳပ္ႏံွမႈ ခက္ခဲေအာင္ အေမရိကန္က ဒဏ္ခတ္ပိတ္စို႔မႈေတြ လုပ္ေနတယ္ဆိုတာကိုလဲ တရုတ္သံရံုးက ေရးတဲ့စာမွာ ေထာက္ျပထားပါတယ္။

ေျဖ ။ ။ က်မတို႔က စစ္တပ္ကလြဲလို႔ ဘာဒဏ္ခတ္ပိတ္စို႔မႈကို လုပ္မထားပါဘူး။ ျမန္မာျပည္သူေတြက စစ္တပ္ရဲ ႔လုပ္ရပ္ကို သေဘာက်ပါရဲ ႔လား။ တရုတ္ကို ျမန္မာႏုိင္ငံထဲ ဖိတ္ေခၚတာ တပ္မေတာ္ပါ။ မသမာတဲ့ စီးပြားေရးေတြ လုပ္ႏိုင္ေအာင္ တရုတ္ကို ဖ်က္ဆီးတာ တပ္မေတာ္ပါ။ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တပ္မေတာ္က လုပ္ၾကတာပါ။ အဲဒီလက္နက္ကိုင္အဖြဲ႔ေတြက တပ္မေတာ္ရဲ ႔ ထိန္းခ်ဳပ္မႈေအာက္မွာ ရိွပါတယ္။ သူတုိ႔ဟာ တရားဥပေဒစိုးမိုးမႈေအာက္က ကင္းလြတ္တဲ့ သီးျခားစီးပြားေရးစနစ္ ထူေထာင္ေဆာင္ရြက္ေနၾကပါတယ္။ ဒါကို တရုတ္က အခြင့္ေကာင္းယူေနတာပါ။ က်မတို႔ဟာ အာဏာရွင္ႏုိင္ငံ မဟုတ္ပါဘူး။ လြတ္လပ္တဲ့ စီးပြားေရးစနစ္ကို က်င့္သံုးတဲ့ ဒီမိုကေရစီႏုိ္င္ငံပါ။ ျပည္တြင္းလိုအပ္ခ်က္နဲ႔ ယွဥ္တြဲမစဥ္းစားဘဲနဲ႔ လုပ္လို႔မရပါဘူး။ က်မတို႔ႏုိင္ငံေတြရဲ ႔ ပိုက္ဆံေတြဟာ အခြန္ထမ္းျပည္သူေတြရဲ ႔ ပိုက္ဆံပါ။ တရုတ္အစိုးရရဲ ႔ လုပ္နည္းလုပ္ဟန္မ်ဳိးနဲ႔ ရယူထားတဲ့ ပိုက္ဆံေတြ မဟုတ္ပါဘူး။ ေနာက္ သေဘာေပါက္ထားရမယ့္ ကိစၥကေတာ့ အေမရိကန္နဲ႔ တရုတ္တို႔ရဲ ႔ တည္ရိွမႈပါပဲ။ တရုတ္ဟာ ျမန္မာရဲ ႔ အိမ္နီးခ်င္းႏုိင္ငံပါ။ အေမရိကန္က အိမ္နီးခ်င္း မဟုတ္ပါဘူး။ အေဝးႏိုင္ငံတခုအေနနဲ႔ လုပ္ႏုိင္သမွ် လုပ္ေနတာပါ။ အေမရိကန္ဟာ တရုတ္နဲ႔ ေနရာအႏံွ႔အျပား ပတ္သက္မႈေတြ ရိွေနေပမယ့္ အဲဒီကိစၥေတြမွာ ျမန္မာမပါဝင္ပါဘူး။ ျမန္မာႏုိ္င္ငံဟာ တရုတ္-အေမရိကန္ေတြရဲ ႔ စစ္ေျမျပင္ျဖစ္မယ့္အေရးမ်ဳိးလဲ မလိုလားအပ္ပါဘူး။

ေမး ။ ။ ဒီေနရာမွာ ေတာင္တရုတ္ပင္လယ္ကေရာ အေမရိကန္ျပည္ေထာင္စုရဲ ႔ အိမ္နီးခ်င္းပဲလား ခင္မ်ား။ အေမရိကန္ျပည္ေထာင္စုနဲ႔ နီးလို႔လား။ အဲဒီမွာက်ေတာ့ အေမရိကန္ျပည္ေထာင္စုက ထဲထဲဝင္ဝင္ ဝင္ေရာက္ၿပီးေတာ့ ပတ္သက္ေနတယ္ မဟုတ္လား။

ေျဖ ။ ။ ပစိၥဖိတ္ေဒသမွာ အေမရိကန္ပါဝင္ပတ္သက္မႈ ရိွေနခဲ့တာ ႏွစ္ေပါင္းတစ္ရာေက်ာ္ ရိွေနခဲ့ပါၿပီ။ တရုတ္မတိုင္ခင္ကတည္းက အေမရိကန္ေရတပ္က ေတာင္တရုတ္ပင္လယ္မွာ ရိွခဲ့တာပါ။ တရုတ္က အဲဒီကို ဝင္လာခဲ့ၿပီးေတာ့ အေမရိကန္ကို ေမာင္းထုတ္ဖုိ႔ လုပ္လာတာပါ။

ဦးေက်ာ္ဇံသာ ။ ။ အဲဒါကေတာ့ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္အႀကီးတန္းသံတမန္ေဟာင္း Priscilla Clapp ကို ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။ အခုဆက္လက္ၿပီးေတာ့ ISP-Myanmar ရဲ ႔ တရုတ္ေရးရာ ကၽြမ္းက်င္သူ မခင္ခင္ေက်ာ္ကို ဆက္သြယ္ေမးျမန္းထားတာကို ဆက္လက္တင္ျပထားပါတယ္။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ ပထမတစ္ခ်က္ကေတာ့ ျမန္မာႏုိင္ငံမွာက အေမရိကန္ရဲ ႔ အဓိကအက်ဳိးစီးပြားေတြ ေတာ္ေတာ္မ်ားမ်ားက ရိွမေနပါဘူး။ အာရွနဲ႔ အေရွ ႔ေတာင္အာရွေဒသေတြမွာ မဟာမိတ္ေတြ ရိွေနေပမယ့္လို႔ ျမန္မာႏို္င္ငံကေတာ့ အဲဒီမဟာမိတ္ထဲမွာ မပါေနခဲ့တဲ့အတြက္ ႏုိင္ငံေရးအရ အမ်ားႀကီးခ်ိတ္ဆက္မႈ ရိွမေနတာတပို္င္း ျဖစ္တယ္။ ေနာက္တပိုင္းကေတာ့ အေမရိကန္နဲ႔ ျမန္မာအေနနဲ႔ အခုအခ်ိန္အထိ စီးပြားေရးအရ ခ်ိတ္ဆက္မႈ အဲဒီေလာက္ အားေကာင္းမေနတာကို ေတြ႔ရတယ္။ ေနာက္တစ္ခ်က္က အေမရိကန္အေနနဲ႔ ေျပာမယ္ဆိုရင္ အကန္႔အသတ္ႏွစ္ခု ရိွတယ္။ တစ္ခုကေတာ့ ျမန္မာႏုိင္ငံရဲ ႔ ဒီမိုကေရစီအေရးနဲ႔ လူ႔အခြင့္အေရး။ ၂၀၁၀ ေနာက္ပိုင္းမွာေတာ့ ျမန္မာႏုိင္ငံရဲ ႔ ဒီမိုကေရစီေရးရာက အေျပာင္းအလဲ ျဖစ္လာတယ္ဆိုေပမယ့္လို႔ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ ၂၀၁၇ ေနာက္ပိုင္းမွာ အဲဒါနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံတကာမွာလဲ ေဝဖန္မႈေတြနဲ႔ ႀကံဳေနရတယ္။ အေမရိကန္ႏုိင္ငံအေနနဲ႔လဲ ျမန္မာႏိုင္ငံကို သူတန္းဖိုးထားတဲ့ စံႏႈန္းေတြကို ေဖာက္ထြက္ၿပီးေတာ့ ကူညီဖို႔ေတာ့ တစံုတရာ ရိွမယ္လို႔ေတာ့ ထင္ပါတယ္။

ေမး ။ ။ ျမန္မာႏုိင္ငံ ဒီမိုကေရစီႏုိင္ငံတစ္ခုအေနနဲ႔ ေပၚထြန္းလာမွာကို တရုတ္ျပည္အေနနဲ႔ စိုးရိမ္မႈ ရိွေနတယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ေကာ ဘယ္လုိသေဘာရပါသလဲ။ တရုတ္ျပည္ရဲ ႔ လုပ္ရပ္ဟာ ျမန္မာႏုိင္ငံ ဒီမိုကေရစီ ထြန္းကားေရးအတြက္ တကယ္ပဲ အဟန္႔အတား ျဖစ္ႏုိင္ပါသလား။ တရုတ္ေတြရဲ ႔ စိတ္ထဲမွာ အိမ္နီးခ်င္းႏုိင္ငံေတြထဲမွာ ဒီမိုကေရစီ ထြန္းကားတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္လာမွာကို စိုးရိမ္ေနတယ္လို႔ဆိုတဲ့ အယူအဆ မွန္ပါသလား။

ေျဖ ။ ။ အဲဒါကေတာ့ တရုတ္အေနနဲ႔ကေတာ့ သူ႔ပတ္ဝန္းက်င္မွာရိွတဲ့ ႏုိင္ငံေတြကိုေတာ့ သူ႔ၾသဇာလႊမ္းမိုးတဲ့ႏိုင္ငံ ျဖစ္ေစခ်င္တာေပါ့။ ဒါေပမဲ့လို႔ ျမန္မာႏုိင္ငံ ဒီမိုကေရစီ ျဖစ္တယ္၊ မျဖစ္တယ္က တရုတ္အတြက္ အဲဒီေလာက္ အေရးမႀကီးဘူးလို႔ ထင္တယ္။ ျမန္မာႏုိင္ငံ ဒီမိုကေရစီ ျဖစ္ျဖစ္၊ မျဖစ္ျဖစ္ တရုတ္နဲ႔ ပနာတင္တဲ့ အစိုးရမ်ဳိး၊ တရုတ္နဲ႔ ပနာတင့္တဲ့ စနစ္မ်ဳိး ျဖစ္ေနလို႔က တရုတ္အေနနဲ႔က ဒီမိုကေရစီ ျဖစ္တယ္မျဖစ္ဘူးဆိုတာက တရုတ္အတြက္ အေရးမပါဘူးလို႔ က်မတို႔ သံုးသပ္တယ္။ ဒါေပမဲ့လို႔ တရုတ္နဲ႔ အရမ္းနီးတဲ့အခါမွာေတာ့ မုဆိုးနားနီး မုဆိုး၊ တံငါးနားနီး တံငါးဆိုသလို ျမန္မာႏုိင္ငံရဲ ႔ စံခ်ိန္းစံညႊန္းေတြက ဒီမုိကေရစီနဲ႔ လမ္းေလွ်ာ္တဲ့ စံခ်ိန္းစံညႊန္းေတြ ျဖစ္လာႏုိင္တာကို က်မတို႔ ေတြ႔ရတယ္။ ဥပမာအားျဖင့္ စီမံကိန္းေတြ လုပ္တဲ့အခါမွာ Corruption လိုမ်ဳိး၊ ေနာက္တစ္ခါ ျပည္သူလူထုရဲ ႔ ပါဝင္ပတ္သက္မႈကို လမ္းမဖြင့္ေပးတဲ့ ဆံုးျဖတ္ခ်က္ခ်မႈမ်ဳိးေတြ ဦးစားေပးလာတာေတြ ရိွလာတဲ့အခါမွာေတာ့ ျမန္မာႏို္င္ငံရဲ ႔ ဒီမိုကေရစီ ရွင္သန္မႈကို တစံုတရာ အေႏွာင့္အယွက္ ျဖစ္ႏိုင္တာေတြ ရိွပါတယ္။


ေမး ။ ။ ေနာက္တစ္ခု လူေတြေျပာၾကတာကေတာ့ ျမန္မာႏုိင္ငံမွာ တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြနဲ႔ ျဖစ္ေနတဲ့ ပဋိပကၡေတြမွာ တရုတ္က ဘာေၾကာင့္ပါဝင္ေျဖရွင္းဖို႔ မႀကိဳးစားသလဲ။ တိုင္းရင္းသားေတြကို တရုတ္က လက္နက္ေတြ ေထာက္ပံ့ေနတယ္ဆိုတာ အေထာက္အထားေတြ အမ်ားႀကီးဆိုတာကို မီဒီယာေတြက ေရးေနၾကပါတယ္။ အဲဒီကိစၥကို ဘယ္လိုသေဘာရပါသလဲ။ ျမင္မိပါသလဲ။

ေျဖ ။ ။ တစ္တခ်က္ကေတာ့ တရုတ္ႏို္င္ငံအေနနဲ႔ ျမန္မာႏုိင္ငံကို အေလွ်ာ့အတင္း လုပ္လို႔ရတဲ့ ေမွ်ာ့ႀကိဳးလိုမ်ဳိး၊ ရစ္ဘီးလိုမ်ဳိး ရိွေနတဲ့ အေနအထား - ဒါကိုကိုင္ထားခ်င္တဲ့ အေနအထားကို ေတြ႔ရတယ္။ တိုင္းရင္းသားအေရးသာ လံုးဝေျဖရွင္းသြားမယ္ဆိုရင္ တရုတ္အေနနဲ႔ ဒီိ leverage ကို ေလ်ာ့သြားႏုိင္တဲ့ တစ္ခ်က္ ရိွတယ္။ ေနာက္တစ္ခ်က္က တရုတ္ႏုိင္ငံက ျမန္မာႏုိင္ငံရဲ ႔ တုိင္းရင္းသားအေရးေပၚ တစံုတရာ သက္ေရာက္မႈ ရိွႏိုင္ေပမယ့္ တရုတ္ႏုိင္ငံက ဒါကို လံုးဝအလံုးစံု အေျဖရွာေပးႏုိင္တဲ့ ေနရာမွာေတာ့ မရိွဘူးလို႔ က်မအေနနဲ႔ သံုးသပ္တယ္။ ဒီတိုင္းရင္းသားအေရးကို ပိုဆိုးသြားေအာင္ လုပ္လို႔ရတယ္။ ဒါေပမဲ့ ပိုေကာင္းလာေအာင္ လုပ္ႏိုင္မယ့္ေနရာမွေတာ့ အကန္႔အသတ္ေတြ အမ်ားႀကီး ရိွေနပါတယ္။

ေမး ။ ။ ဘယ္လို အကန္႔အသတ္မ်ဳိးေတြလဲဆိုတာကို တစ္ခုႏွစ္ခုေလာက္ ထည့္ေျပာေပးပါလား။

ေျဖ ။ ။ ဥပမာ တုိင္းရင္းသားလက္နက္ကိုင္ေတြက တရုတ္္နဲ႔ တစံုတရာ ရင္းႏီွးမႈေတြ ရိွေပမယ့္လို႔ တရုတ္ရဲ ႔ ၾသဇာခံေတြေတာ့ မဟုတ္ၾကဘူး။ သူတုိ႔ရဲ ႔ အက်ဳိးစီးပြားကို သူတုိ႔ပိုစဥ္းစားၾကတယ္။ အဲဒါက တစ္ခ်က္ေပါ့။ တခါတေလမွာ တရုတ္အက်ဳိးစီးပြားနဲ႔ သူတုိ႔အက်ဳိးစီးပြားေတြ လံုးဝကိုက္ညီမေနတဲ့ အေနအထားေတြလဲ ရိွေကာင္းရိွႏုိင္တယ္။ ဒါကတစ္ခ်က္ပါ။ ေနာက္တစ္ခ်က္ကေတာ့ တရုတ္ရဲ ႔ အဓိက စဥ္းစားခ်က္ပါ။ နယ္စပ္ေဒသေတြ တည္ၿငိမ္ေအာင္ ထိန္းသိိမ္းခ်င္တာပါ။ အရမ္းဖိအားေပးၿပီးေတာ့မွ စားပြဲေပၚတြန္းတင္မယ္။ လက္နက္ခ်ဖို႔အထိ ဖိအားေပးမယ္ဆိုရင္ တဘက္ကေန တုန္ျပန္တာေတြ ရိွလာႏုိ္င္တဲ့အခါမွာ နယ္စပ္ေဒသ တည္ၿငိမ္မႈကို အမ်ားႀကီးအေႏွာင့္အယွက္ ျဖစ္လာႏုိင္တာေတြ ရိွတာေပါ့။ အဲဒါေၾကာင့္မို႔ တရုတ္က အမ်ားႀကီးဖိအား မေပးႏုိ္င္တဲ့ အကန္႔အသတ္ေတြ ရိွေနတာပါ။


==Unicode==

အမေရိကန်က မြန်မာနိုင်ငံကို တရုတ်ကြီးစိုးမှုအောက် ကျရောက်မှာ မလိုလားပေမယ့် တရုတ်လို ထိထိရောက်ရောက် မကူညီဘူးဆိုတဲ့ကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်းသံတမန်ဟောင်း Priscilla Clapp က ပယ်ချလိုက်ပါတယ်။ ISP (Myanmar) ရဲ့ တရုတ်ရေးရာ သုတေသီ မခင်ခင်ကျော်ကလည်း မြန်မာနိုင်ငံကို အမေရိကန်က ကူညီရေး အကန့်အသတ်တွေကို ထောက်ပြပါတယ်။ အသေးစိတ်ကို သူတို့ နှစ်ဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ Priscilla Clapp အမေရိကန်နဲ့ တရုတ် သံရုံးနှစ်ခုတို့ အပြန်အလှန် တိုက်ခိုက်ရေးသားနေကြတာဟာ ဘာကြောင့် ဒီအချိန်မှာ ဒီလိုလုပ်ကြတယ်ဆိုတာကို ပြောပြပါအုံး။

ဖြေ ။ ။ ကျမ အသေအချာ မသိပါဘူး။ ခန့်မှန်းတာပဲ ပြောနိုင်ပါတယ်။ ကျမက အစိုးရထဲမပါပါဘူး။ မူဝါဒတွေ ချမှတ်တဲ့နေရာမှာလဲ မပါပါဘူး။ အထူးသဖြင့် ဒီအစိုးရနဲ့ ကျမ မပတ်သက်ပါဘူး။ ခန့်မှန်းပြီးတော့ ပြောရမယ်ဆိုရင်တော့ Hong Kong, နဲ့ တောင်တရုတ်ပင်လယ်တို့နဲ့ ပတ်သက်ပြီးတော့ Mike Pompeo မကြာသေးခင်က ပြောသွားတာကို ကြည့်မယ်ဆိုရင် အခုတိုက်ခိုက်မှုက အဲဒီပြောဆိုမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါက မြန်မာနဲ့ ပတ်သက်တယ်လို့ အထူးတလဲ ပတ်သက်တယ်လို့ မထင်ပါဘူး။ အမေရိကန်သံရုံးရဲ့ ရေးသားချက်မှာ မြန်မာကို အဓိကထားရေးပေမယ့် အလားတူရေးသားချက်တွေက ကျန် အာဆီယံနိုင်ငံတွေအတွက်လဲ ထွက်ပေါ်ခဲ့တယ်ဆိုတာကို ရှင် သိကောင်းသိပါလိမ့်မယ်။ ရေးသားချက်တခုဆီက အဲဒီနိုင်ငံတခုတွေရဲ့ အခြေအနေနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါက ဝါရှင်တန်ဒီစီမြို့တော် က လာတဲ့ကိစ္စ ဖြစ်ပါတယ်။ ရန်ကုန်ကရေးတာ မဟုတ်ပါဘူး။

မေး ။ ။ တချို့က ဒါက Donald Trump ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဖြေ ။ ။ ကျမလည်း ခန့်မှန်းနေပါတယ်။ ဒါက Trump အစိုးရရဲ့ တနည်းအားဖြင့် Trump နဲ့ Pompeo တို့က ပြုလုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု ဖြစ်ပါလိမ့်မယ်။ တရုတ်နဲ့ အရှေ့တောင်အာရှကိစ္စ ဆက်ပြောရမယ်ဆိုရင် အမေရိကန်ဟာ အရှေ့တောင်အာရှဒေသမှာ တရုတ်ရဲ့ ရန်လိုကျူးကျော်မှုအဖြစ် မှတ်ယူနိုင်တာတွေကို တွန်းလှန်နေတာ ဖြစ်ပါတယ်။ တရုတ်တို့က ဟောင်ကောင်ကို သိမ်းယူနေပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ ကျွန်းတွေဆောက်နေပါတယ်။ အဲဒီပင်လယ်အတွင်း ကျမတို့ရဲ့ ရေကြောင်းသွားလာမှုတွေကို စိန်ခေါ်နေပါတယ်။ ထိုင်ဝမ်ကို တိုက်မယ်ခိုက်မယ်ဆိုတဲ့ သဘောနဲ့ အပြင်းအထန် ခြိမ်းခြောက်နေပါတယ်။ ဆိုတော့ ဒါတွေကို အမေရိကန်က ပြန်တွန်းနေတာ ဖြစ်ပါတယ်။ မြန်မာကို အဓိက ရည်ရွယ်တာ မဟုတ်ဘဲနဲ့ အရှေ့တောင်အာရှတစ်ခုလုံးအတွက် စိုးရိမ်မှု ဖြစ်ပါတယ်။ ကျမ ဆက်လက်ထောက်ပြသင့်တာကတော့ အခုအခါမှာ တရုတ်ရဲ့ ကျူးကျော်ရန်စမှုတွေအပေါ်မှာ ဒေါသဖြစ်စရာတွေကို အမေရိကန်ပြည်ထောင်စုမှာ အစိုးရနဲ့ အတိုက်အခံပါတီ နှစ်ရပ်စလုံးက ထောက်ခံနေကြတယ်ဆိုတာ ဖြစ်ပါတယ်။

မေး ။ ။ ကျနော် ဆက်မေးချင်တာကတော့ ဒီလို တရုတ်က မြန်မာနိုင်ငံအပေါ် ဘက်စုံလွှမ်းမိုးရေး လုပ်နေတယ်ဆိုတာကို အမေရိကန်က မလိုလားဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ်မှာ မှီခိုအားထားရမှု လျော့ပါးသွားအောင် အမေရိကန်က ဘာကြောင့်အလုံအလောက် မကူညီဘူးလဲ ဖြစ်ပါတယ်။ မြန်မာပရိသတ်တချို့လဲ သိချင်ကြတဲ့ကိစ္စ ဖြစ်ပါတယ်။

ဖြေ ။ ။ ကျမတို့ဘက်က ဘာလုပ်ရမယ်လို့ ထင်ကြလဲလို့ ရှင်ပြောပြပါ။ ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်ချေ ရှိတာကို ပြောစမ်းပါ။

မေး ။ ။ ဖြစ်နိုင်တဲ့ အကူအညီ ဘယ်ဟာလဲဆိုတာကတော့ ခင်များ ပြောရမှာပေါ့။ ဒါပေမဲ့ မြန်မာပြည်က လူတွေမြင်တာကတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံအပါအဝင် လုပ်ငန်းတွေ၊ စီးပွားရေးစီမံကိန်းတွေကို တရုတ်ကပဲ အဓိက ကူညီပေးနေတယ်၊ ထောက်ပံ့နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဖြေ ။ ။ ကျမတို့ဆီမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဆိုတာ မရှိပါဘူး။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေကို အစိုးရက လုပ်တာမဟုတ်ပါဘူး။ ဒါတွေကို ပုဂ္ဂလိကကုမ္ပဏီတွေ လုပ်ကြတာပါ။ မြန်မာအစိုးရကလဲ ပုဂ္ဂလိကလုပ်ငန်းတွေ ရှင်သန်လုပ်ကိုင်နိုင်မယ့် မူဝါဒတွေ ချမှတ်လုပ်ကိုင်နေပါတယ်။ ဥရောပနဲ့ အမေရိကန်တို့က လွတ်လပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်လာနိုင်အောင် ပေါ်လစီ ချမှတ်ထားပါတယ်။ ကုမ္ပဏီတွေကလည်း လုပ်ဆောင်နေကြပါတယ်။ ဒါတွေကို လူတွေမသိကြပါဘူး။ ဆိုတော့ အမေရိကန်က ဘာမှမလုပ်ဘူးလို့ ထင်နေကြသူတွေက အထင်လွဲအောင်လုပ်ခြင်း ခံနေရတာပါ။

မေး ။ ။ စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှု ခက်ခဲအောင် အမေရိကန်က ဒဏ်ခတ်ပိတ်စို့မှုတွေ လုပ်နေတယ်ဆိုတာကိုလဲ တရုတ်သံရုံးက ရေးတဲ့စာမှာ ထောက်ပြထားပါတယ်။

ဖြေ ။ ။ ကျမတို့က စစ်တပ်ကလွဲလို့ ဘာဒဏ်ခတ်ပိတ်စို့မှုကို လုပ်မထားပါဘူး။ မြန်မာပြည်သူတွေက စစ်တပ်ရဲ့လုပ်ရပ်ကို သဘောကျပါရဲ့လား။ တရုတ်ကို မြန်မာနိုင်ငံထဲ ဖိတ်ခေါ်တာ တပ်မတော်ပါ။ မသမာတဲ့ စီးပွားရေးတွေ လုပ်နိုင်အောင် တရုတ်ကို ဖျက်ဆီးတာ တပ်မတော်ပါ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်က လုပ်ကြတာပါ။ အဲဒီလက်နက်ကိုင်အဖွဲ့တွေက တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ သူတို့ဟာ တရားဥပဒေစိုးမိုးမှုအောက်က ကင်းလွတ်တဲ့ သီးခြားစီးပွားရေးစနစ် ထူထောင်ဆောင်ရွက်နေကြပါတယ်။ ဒါကို တရုတ်က အခွင့်ကောင်းယူနေတာပါ။ ကျမတို့ဟာ အာဏာရှင်နိုင်ငံ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံပါ။ ပြည်တွင်းလိုအပ်ချက်နဲ့ ယှဉ်တွဲမစဉ်းစားဘဲနဲ့ လုပ်လို့မရပါဘူး။ ကျမတို့နိုင်ငံတွေရဲ့ ပိုက်ဆံတွေဟာ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံပါ။ တရုတ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်မျိုးနဲ့ ရယူထားတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘူး။ နောက် သဘောပေါက်ထားရမယ့် ကိစ္စကတော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ တည်ရှိမှုပါပဲ။ တရုတ်ဟာ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံပါ။ အမေရိကန်က အိမ်နီးချင်း မဟုတ်ပါဘူး။ အဝေးနိုင်ငံတခုအနေနဲ့ လုပ်နိုင်သမျှ လုပ်နေတာပါ။ အမေရိကန်ဟာ တရုတ်နဲ့ နေရာအနံှ့အပြား ပတ်သက်မှုတွေ ရှိနေပေမယ့် အဲဒီကိစ္စတွေမှာ မြန်မာမပါဝင်ပါဘူး။ မြန်မာနိုင်ငံဟာ တရုတ်-အမေရိကန်တွေရဲ့ စစ်မြေပြင်ဖြစ်မယ့်အရေးမျိုးလဲ မလိုလားအပ်ပါဘူး။

မေး ။ ။ ဒီနေရာမှာ တောင်တရုတ်ပင်လယ်ကရော အမေရိကန်ပြည်ထောင်စုရဲ့ အိမ်နီးချင်းပဲလား ခင်များ။ အမေရိကန်ပြည်ထောင်စုနဲ့ နီးလို့လား။ အဲဒီမှာကျတော့ အမေရိကန်ပြည်ထောင်စုက ထဲထဲဝင်ဝင် ဝင်ရောက်ပြီးတော့ ပတ်သက်နေတယ် မဟုတ်လား။

ဖြေ ။ ။ ပစ္စိဖိတ်ဒေသမှာ အမေရိကန်ပါဝင်ပတ်သက်မှု ရှိနေခဲ့တာ နှစ်ပေါင်းတစ်ရာကျော် ရှိနေခဲ့ပါပြီ။ တရုတ်မတိုင်ခင်ကတည်းက အမေရိကန်ရေတပ်က တောင်တရုတ်ပင်လယ်မှာ ရှိခဲ့တာပါ။ တရုတ်က အဲဒီကို ဝင်လာခဲ့ပြီးတော့ အမေရိကန်ကို မောင်းထုတ်ဖို့ လုပ်လာတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒါကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အကြီးတန်းသံတမန်ဟောင်း Priscilla Clapp ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့ ISP-Myanmar ရဲ့ တရုတ်ရေးရာ ကျွမ်းကျင်သူ မခင်ခင်ကျော်ကို ဆက်သွယ်မေးမြန်းထားတာကို ဆက်လက်တင်ပြထားပါတယ်။

ဖြေ ။ ။ ပြောမယ်ဆိုရင် ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံမှာက အမေရိကန်ရဲ့ အဓိကအကျိုးစီးပွားတွေ တော်တော်များများက ရှိမနေပါဘူး။ အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ မဟာမိတ်တွေ ရှိနေပေမယ့်လို့ မြန်မာနိုင်ငံကတော့ အဲဒီမဟာမိတ်ထဲမှာ မပါနေခဲ့တဲ့အတွက် နိုင်ငံရေးအရ အများကြီးချိတ်ဆက်မှု ရှိမနေတာတပိုင်း ဖြစ်တယ်။ နောက်တပိုင်းကတော့ အမေရိကန်နဲ့ မြန်မာအနေနဲ့ အခုအချိန်အထိ စီးပွားရေးအရ ချိတ်ဆက်မှု အဲဒီလောက် အားကောင်းမနေတာကို တွေ့ရတယ်။ နောက်တစ်ချက်က အမေရိကန်အနေနဲ့ ပြောမယ်ဆိုရင် အကန့်အသတ်နှစ်ခု ရှိတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး။ ၂၀၁၀ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးရာက အပြောင်းအလဲ ဖြစ်လာတယ်ဆိုပေမယ့်လို့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ၂၀၁၇ နောက်ပိုင်းမှာ အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာလဲ ဝေဖန်မှုတွေနဲ့ ကြုံနေရတယ်။ အမေရိကန်နိုင်ငံအနေနဲ့လဲ မြန်မာနိုင်ငံကို သူတန်းဖိုးထားတဲ့ စံနှုန်းတွေကို ဖောက်ထွက်ပြီးတော့ ကူညီဖို့တော့ တစုံတရာ ရှိမယ်လို့တော့ ထင်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ပေါ်ထွန်းလာမှာကို တရုတ်ပြည်အနေနဲ့ စိုးရိမ်မှု ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကော ဘယ်လိုသဘောရပါသလဲ။ တရုတ်ပြည်ရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက် တကယ်ပဲ အဟန့်အတား ဖြစ်နိုင်ပါသလား။ တရုတ်တွေရဲ့ စိတ်ထဲမှာ အိမ်နီးချင်းနိုင်ငံတွေထဲမှာ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ဆိုတဲ့ အယူအဆ မှန်ပါသလား။

ဖြေ ။ ။ အဲဒါကတော့ တရုတ်အနေနဲ့ကတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေကိုတော့ သူ့သြဇာလွှမ်းမိုးတဲ့နိုင်ငံ ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့လို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်တယ်၊ မဖြစ်တယ်က တရုတ်အတွက် အဲဒီလောက် အရေးမကြီးဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် တရုတ်နဲ့ ပနာတင်တဲ့ အစိုးရမျိုး၊ တရုတ်နဲ့ ပနာတင့်တဲ့ စနစ်မျိုး ဖြစ်နေလို့က တရုတ်အနေနဲ့က ဒီမိုကရေစီ ဖြစ်တယ်မဖြစ်ဘူးဆိုတာက တရုတ်အတွက် အရေးမပါဘူးလို့ ကျမတို့ သုံးသပ်တယ်။ ဒါပေမဲ့လို့ တရုတ်နဲ့ အရမ်းနီးတဲ့အခါမှာတော့ မုဆိုးနားနီး မုဆိုး၊ တံငါးနားနီး တံငါးဆိုသလို မြန်မာနိုင်ငံရဲ့ စံချိန်းစံညွှန်းတွေက ဒီမိုကရေစီနဲ့ လမ်းလျှော်တဲ့ စံချိန်းစံညွှန်းတွေ ဖြစ်လာနိုင်တာကို ကျမတို့ တွေ့ရတယ်။ ဥပမာအားဖြင့် စီမံကိန်းတွေ လုပ်တဲ့အခါမှာ Corruption လိုမျိုး၊ နောက်တစ်ခါ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုကို လမ်းမဖွင့်ပေးတဲ့ ဆုံးဖြတ်ချက်ချမှုမျိုးတွေ ဦးစားပေးလာတာတွေ ရှိလာတဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်မှုကို တစုံတရာ အနှောင့်အယှက် ဖြစ်နိုင်တာတွေ ရှိပါတယ်။


မေး ။ ။ နောက်တစ်ခု လူတွေပြောကြတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ တရုတ်က ဘာကြောင့်ပါဝင်ဖြေရှင်းဖို့ မကြိုးစားသလဲ။ တိုင်းရင်းသားတွေကို တရုတ်က လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတာ အထောက်အထားတွေ အများကြီးဆိုတာကို မီဒီယာတွေက ရေးနေကြပါတယ်။ အဲဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။ မြင်မိပါသလဲ။

ဖြေ ။ ။ တစ်တချက်ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အလျှော့အတင်း လုပ်လို့ရတဲ့ မျှော့ကြိုးလိုမျိုး၊ ရစ်ဘီးလိုမျိုး ရှိနေတဲ့ အနေအထား - ဒါကိုကိုင်ထားချင်တဲ့ အနေအထားကို တွေ့ရတယ်။ တိုင်းရင်းသားအရေးသာ လုံးဝဖြေရှင်းသွားမယ်ဆိုရင် တရုတ်အနေနဲ့ ဒီ leverage ကို လျော့သွားနိုင်တဲ့ တစ်ချက် ရှိတယ်။ နောက်တစ်ချက်က တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးပေါ် တစုံတရာ သက်ရောက်မှု ရှိနိုင်ပေမယ့် တရုတ်နိုင်ငံက ဒါကို လုံးဝအလုံးစုံ အဖြေရှာပေးနိုင်တဲ့ နေရာမှာတော့ မရှိဘူးလို့ ကျမအနေနဲ့ သုံးသပ်တယ်။ ဒီတိုင်းရင်းသားအရေးကို ပိုဆိုးသွားအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ ပိုကောင်းလာအောင် လုပ်နိုင်မယ့်နေရာမှတော့ အကန့်အသတ်တွေ အများကြီး ရှိနေပါတယ်။

မေး ။ ။ ဘယ်လို အကန့်အသတ်မျိုးတွေလဲဆိုတာကို တစ်ခုနှစ်ခုလောက် ထည့်ပြောပေးပါလား။

ဖြေ ။ ။ ဥပမာ တိုင်းရင်းသားလက်နက်ကိုင်တွေက တရုတ်နဲ့ တစုံတရာ ရင်းနှီးမှုတွေ ရှိပေမယ့်လို့ တရုတ်ရဲ့ သြဇာခံတွေတော့ မဟုတ်ကြဘူး။ သူတို့ရဲ့ အကျိုးစီးပွားကို သူတို့ပိုစဉ်းစားကြတယ်။ အဲဒါက တစ်ချက်ပေါ့။ တခါတလေမှာ တရုတ်အကျိုးစီးပွားနဲ့ သူတို့အကျိုးစီးပွားတွေ လုံးဝကိုက်ညီမနေတဲ့ အနေအထားတွေလဲ ရှိကောင်းရှိနိုင်တယ်။ ဒါကတစ်ချက်ပါ။ နောက်တစ်ချက်ကတော့ တရုတ်ရဲ့ အဓိက စဉ်းစားချက်ပါ။ နယ်စပ်ဒေသတွေ တည်ငြိမ်အောင် ထိန်းသိမ်းချင်တာပါ။ အရမ်းဖိအားပေးပြီးတော့မှ စားပွဲပေါ်တွန်းတင်မယ်။ လက်နက်ချဖို့အထိ ဖိအားပေးမယ်ဆိုရင် တဘက်ကနေ တုန်ပြန်တာတွေ ရှိလာနိုင်တဲ့အခါမှာ နယ်စပ်ဒေသ တည်ငြိမ်မှုကို အများကြီးအနှောင့်အယှက် ဖြစ်လာနိုင်တာတွေ ရှိတာပေါ့။ အဲဒါကြောင့်မို့ တရုတ်က အများကြီးဖိအား မပေးနိုင်တဲ့ အကန့်အသတ်တွေ ရှိနေတာပါ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG