သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-တရုတ္ ႏုိင္ငံေရးတင္းမာမႈနဲ႔ ျမန္မာအေပၚ သက္ေရာက္မႈ


ရွန္ဟိုင္းၿမိဳ႕ရွိ တရုတ္ႏိုင္ငံအလံ ႏွင့္ အေမရိကန္ႏိုင္ငံ အလံ (မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ဇြန္လ ၃ ရက္ေန႔ )

(Zawgyi/Unicode)

ေတာင္တ႐ုတ္ပင္လယ္အေရး အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ဆိုရွယ္မီဒီယာေတြေပၚမွာ စကားလုံး တိုက္ပြဲေတြနဲ႔ ရန္ပြဲအသြင္ ေပါက္ကြဲထြက္လာခဲ့တာပါ။ ဒါဟာ အေရွ႕ေတာင္အာရွမွာ အရွိန္ၾသဇာ အလွ်င္အျမန္ ႀကီးထြားလာေနတဲ့ ၿပိဳင္ဘက္ အင္အားႀကီး တရုတ္ႏိုင္ငံအေပၚ အေမရိကန္ရဲ႕ မဟာဗ်ဴဟာ အေျပာင္းအလဲ ျဖစ္တယ္လို႔ ေလ့လာသူေတြက သံုးသပ္ၾကပါတယ္။

အခုလို ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ တရုတ္ရဲ႕ ၾသဇာလႊမ္းမိုးဖို႔ႀကိဳးပမ္းမႈကို အေမရိကန္က ေပၚေပၚတင္တင္ ေ၀ဖန္တိုက္ခိုက္လာတာ ဘာေၾကာင့္လဲ။ ပထ၀ီႏိုင္ငံေရးအရ တရုတ္နဲ႔ အေမရိကန္ သေဘာထား တင္းမာမႈဟာ ျမန္မာအေပၚ ဘယ္လို သက္ေရာက္မႈရွိမလဲ စတဲ့ သုံးသပ္ခ်က္တခ်ိဳ႕ကို မအင္ၾကင္းႏိုင္က တင္ဆက္ထားပါတယ္။

အထူးသျဖင့္ အင္အားႀကီး ႏွစ္ႏိုင္ငံက အၿပိဳင္အဆိုင္လႊမ္းမိုးဖို႔ ႀကိဳးစားေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ သံ႐ုံးတာဝန္ခံေတြကေန ၿပီးခဲ့တဲ့ ရက္သီတင္းပတ္အကုန္မွာ ျပင္းထန္တဲ့ စကားလုံးေတြနဲ႔ အျပန္အလွန္ ေရးသားေျပာဆိုခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး သံ႐ုံးယာယီတာဝန္ခံ George N. Sibley က ဇူလိုင္ ၁၈ ရက္ေန႔မွာ ေတာင္တ႐ုတ္ပင္လယ္ ျပႆနာ ျမန္မာအေပၚ ဘယ္လိုသက္ေရာက္ေနလဲ ဆိုတဲ့ေခါင္းစဥ္နဲ႔ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို တ႐ုတ္က မေလးမစားလုပ္ေနေၾကာင္း ရန္ကုန္အေမရိကန္သံ႐ုံး Facebook နဲ႔ဧရာ၀တီသတင္းဌာနရဲ႕ သူ႔အေတြးသူ႔အျမင္က႑မွာ ေဆာင္းပါးအျဖစ္ျပင္းျပင္းထန္ထန္စြပ္စြဲေရးသားခဲ့ပါတယ္။

ဒီအေပၚ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္ကလည္း ဇူလိုင္ ၁၉ရက္ေန႔မွာ တ႐ုတ္သံ႐ုံးရဲ႕ Facebook ေပၚမွာ ခ်က္ခ်င္း တုံ႔ျပန္ေရးသားရာမွာ အေမရိကန္သံ႐ုံးတာဝန္ခံရဲ႕ ေဆာင္းပါးဟာ လိုရာဆြဲေတြး၊ အမွားကိုအမွန္လုပ္ၿပီး တ႐ုတ္ႏိုင္ငံအေပၚ တမင္သက္သက္ တိုက္ခိုက္နာမည္ဖ်က္႐ုံသာမက တ႐ုတ္-ျမန္မာပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးကို တမင္တကာေသြးခြဲလိုက္တာ ျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

အလားတူ တနလၤာေန႔က ေဘက်င္းၿမိဳ႕ေတာ္မွာ ျပဳလုပ္တဲ့ တ႐ုတ္ႏိုင္ငံျခားေရးဌာနရဲ႕ ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ အေမရိကန္သံ႐ုံးယာယီတာဝန္ခံရဲ႕ စြပ္စြဲေရးသားခ်က္ေတြနဲ႔ ပတ္သက္လို႔ေျပာခြင့္ရ ပုဂၢိဳလ္ Wang Wenbin က အခုလို ထပ္မံ တံု႔ျပန္ခဲ့ပါတယ္။

"အေမရိကန္ရဲ႕ လုပ္ရပ္ဟာ ယုံၾကည္ကင္းမဲ့ေစၿပီး၊ အမွားကို အမွန္ထင္ေစတဲ့ ရႈပ္ေထြးေအာင္လုပ္တဲ့ အေနအထားျဖစ္ပါတယ္။ တ႐ုတ္နဲ႔ ျမန္မာဟာ ပထဝီအေနအထားအရ အနီးကပ္ ဆက္ဆံေရးေတြရွိပါတယ္။ တ႐ုတ္နဲ႔ ျမန္မာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီး ပူးေပါင္းေဆာင္႐ြက္မႈကို အခ်ိန္နဲ႔ အမွ် အကဲျဖတ္ႏိုင္ပါတယ္။ ဒီလို တ႐ုတ္နဲ႔ ျမန္မာၾကား အျပန္အလွန္ ဆက္ဆံရင္းႏွီးမႈကို အေမရိကန္က တမင္ ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္တာဟာ ေအာင္ျမင္မွာ မဟုတ္ပါဘူး။"

အခုလို ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ ပတ္သက္လို႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေပၚ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို အေမရိကန္ဘက္က ထင္ထင္ရွားရွား တိုက္ခိုက္ေျပာဆိုလာတာ ဘာေၾကာင့္ပါလဲ။ ျမန္မာ့အေရး အကဲခတ္ ေဒါက္တာတင္ေမာင္သန္းရဲ႕ အျမင္ကေတာ့

" အေၾကာင္းအရင္းကေတာ့ အေမရိကန္ႏိုင္ငံေရးရဲ႕ ျပည္တြင္းေရြးေကာက္ပဲြနဲ႔ သက္ဆိုင္လိမ့္မယ္လို႔ ထင္တယ္။ ဘာေၾကာင့္လဲဆိုရင္ အေမရိကန္သမၼတ ထရမ့္ဟာ တရုတ္ကို ပထမဆံုး တရုတ္ဗိုင္းရပ္စ္ ဆိုၿပီး စၿပီး နာမည္တပ္ လုပ္ဖို႔ ႀကိဳးစားလာတယ္။ ဒါကလည္း အခု ကိုဗစ္ကိစၥနဲ႔ ဆက္ႏြယ္ၿပီးေတာ့ အၾကပ္အတည္းကာလ စီမံခန္႔ခဲြမႈေတြမွာ တာ၀န္ခံရတဲ့သေဘာသဘာ၀ ဒီမိုကေရစီႏိုင္ငံေတြမွာ ရွိတယ္။ အခု ကိုဗစ္က တေျဖးေျဖးနဲ႔ တက္ေနတယ္။ ေသဆံုးမႈႏႈန္းေတြလည္း တိုးေနတယ္။ ကူးစက္မႈႏႈန္းကလည္း ကမၻာမွာ အျဖစ္မ်ားဆံုးႏိုင္ငံျဖစ္ေနတယ္။ အဲဒီအခ်ိန္မွာ ဒါဟာ ဘာေၾကာင့္ျဖစ္သလဲ။ ၿပီးေတာ့ ေရြးေကာက္ပဲြအတြက္ လူထုရဲ႕ေထာက္ခံခ်က္ကလည္း က်လာတယ္။ အဲဒီအခါမွာ အရင္ကတည္းက ရွိခဲ့တဲ့ ျပႆနာကို ေကာက္ကိုင္ၿပီးေတာ့ ျပန္ၿပီး မီးေမႊးဖို႔ ႀကိဳးစားတယ္လို႔ပဲ ျမင္တယ္။"

အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ အစိုးရဘက္ကလည္း သူ႔အက်ိဳးစီးပြားအရ တ႐ုတ္နဲ႔ သေဘာထားတင္းမာတဲ့ ကိစၥကို အရွိန္ျမႇင့္ ဆြဲတင္လာမယ့္ အေနအထားရွိေနတယ္လို႔ အကဲခတ္ေတြက သုံးသပ္ထားပါတယ္။ တဖက္မွာလည္း တ႐ုတ္ရဲ႕ ေခတ္သစ္ပိုးလမ္းမ စီမံကိန္းေၾကာင့္ ျမန္မာႏိုင္ငံ အေႂကြးႏြံနစ္မယ့္အေရး၊ တိုင္းရင္းသားလက္နက္ကိုင္ေတြကို တ႐ုတ္က စစ္လက္နက္ေတြ ေထာက္ပံ့ေနတယ္လို႔ ျမန္မာကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္ မေက်မနပ္ ထုတ္ေဖၚေျပာဆိုလာတာ ေတြလည္းရွိေနပါတယ္။

ဒီအခ်က္ေတြကေရာ တ႐ုတ္ ျမန္မာဆက္ဆံေရး ဘယ္လို႐ိုက္ခတ္မႈေတြရွိမလဲ။ ေဒါက္တာ တင္ေမာင္သန္းက အခုလို သုံးသပ္ပါတယ္။

" တရုတ္ကေတာ့ ျမန္မာနဲ႔ ဆက္ဆံေရးေျပလည္ဖို႔ သမိုင္းေၾကာင္းအရ ဂရုစိုက္တယ္။ ေနာက္တခ်က္က ဘယ္သူပဲ အာဏာရရ အာဏာရတဲ့သူနဲ႔ အဆင္ေျပဖို႔ သူဂရုစိုက္တယ္။ ဒီဘက္ပိုင္း အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ အာဏာရၿပီးတက္လာတဲ့အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အခန္းက႑ကို တရုတ္က ျပန္လည္သံုးသပ္ၿပီးေတာ့ဆက္ဆံေရး ေကာင္းမြန္ေအာင္ အထူးသျဖင့္ ပါတီခ်င္းဆက္ဆံေရး အားေကာင္းလာေအာင္ တရုတ္က လုပ္လာတယ္။ အဲဒီအခ်ိန္မွာ အေနာက္ႏုိင္ငံေတြက ရခိုင္ေျမာက္ပိုင္းကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္နဲ႔ ျမန္မာဆက္ဆံေရး အားေကာင္းေအာင္ ပိုၿပီးတြန္းပို႔ သလို ျဖစ္သြားတယ္။ အဲဒီလို အေျခအေနမ်ဳိးမွာ အတတ္ႏုိင္ဆံုး အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ အစိုးရကေတာ့ အစဥ္အလာ ၾကားေနတဲ့ ႏိုင္ငံႀကီးေတြၾကားမွာ မညပ္ေအာင္ ႀကိဳးစားခဲ့တယ္လို႔ ထင္တယ္။ ဒါေပမဲ့ အခု ရခိုင္ေျမာက္ပိုင္းကိစၥမွာ မလဲႊမေရွာင္သာ တရုတ္ရဲ႕ေထာက္ခံမႈရဖို႔ လိုအပ္တဲ့အတြက္ေၾကာင့္ ဟိုဘက္ကို ျမန္မာ့ျပည္တြင္းေရး အေနအထားေၾကာင့္ ေရာက္ရတယ္။ အခုဟာကေတာ့ ေနာက္ႏိုင္ငံႀကီး တႏိုင္ငံရဲ႕ ျပည္တြင္းေရး ေရြးေကာက္ပဲြနဲ႔ ဆက္ႏြယ္ၿပီး ျဖစ္လာတဲ့ ကိစၥျဖစ္တာေၾကာင့္ ဒါဟာ မၾကာခင္မွာပဲ ေရြးေကာက္ပဲြ ၿပီးသြားတာနဲ႔ ၿပီးသြားလိမ့္မယ္။ ဒါေပမဲ့ အေတာ္ႀကီးေတာ့ ဆဲြတင္လိမ့္မယ္လို႔ထင္တယ္။ မညွပ္ဖို႔ အေရးႀကီးတယ္။"

ေတာင္တ႐ုတ္ပင္လယ္ ပိုင္နက္နဲ႔ပတ္သက္လို႔ တ႐ုတ္ရဲ႕ ေၾကညာခ်က္ဟာ ႏိုင္ငံတကာဥပေဒအရ တရားဝင္မႈမရွိေၾကာင္း ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကသေဘာထား ထုတ္ျပန္ ကန႔္ကြက္ခဲ့ပါတယ္။ အဲဒီေနာက္ တရုတ္အေပၚ သေဘာထား တင္းမာတဲ့ အေမရိကန္အစိုးရ မူ၀ါဒ ပိုၿပီးခိုင္မာေစေရးအတြက္ရက္ပိုင္းအတြင္းမွာပဲျမန္မာ၊ ထိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ ကေမာၻဒီးယား ႏိုင္ငံေတြက အေမရိကန္သံ႐ုံးေတြကေနေဒသတြင္း သတင္းဌာနေတြနဲ႔ သံ႐ုံး Facebook ေတြမွာ အေရွ႕ေတာင္အာရွေဒသတြင္း အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈေတြကို တ႐ုတ္က ဘယ္လို မေလးမစားလုပ္ေနသလဲဆိုတဲ့ ေဝဖန္တိုက္ခိုက္ေရးသားခ်က္ေတြကို တၿပိဳင္တည္းေဖၚျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............

(Unicode)

တောင်တရုတ်ပင်လယ်အရေး အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ စကားလုံး တိုက်ပွဲတွေနဲ့ ရန်ပွဲအသွင် ပေါက်ကွဲထွက်လာခဲ့တာပါ။ ဒါဟာ အရှေ့တောင်အာရှမှာ အရှိန်သြဇာ အလျှင်အမြန် ကြီးထွားလာနေတဲ့ ပြိုင်ဘက် အင်အားကြီး တရုတ်နိုင်ငံအပေါ် အမေရိကန်ရဲ့ မဟာဗျူဟာ အပြောင်းအလဲ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အခုလို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးဖို့ကြိုးပမ်းမှုကို အမေရိကန်က ပေါ်ပေါ်တင်တင် ဝေဖန်တိုက်ခိုက်လာတာ ဘာကြောင့်လဲ။ ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ အမေရိကန် သဘောထား တင်းမာမှုဟာ မြန်မာအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ စတဲ့ သုံးသပ်ချက်တချို့ကို မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။

အထူးသဖြင့် အင်အားကြီး နှစ်နိုင်ငံက အပြိုင်အဆိုင်လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ သံရုံးတာဝန်ခံတွေကနေ ပြီးခဲ့တဲ့ ရက်သီတင်းပတ်အကုန်မှာ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ အပြန်အလှန် ရေးသားပြောဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ George N. Sibley က ဇူလိုင် ၁၈ ရက်နေ့မှာ တောင်တရုတ်ပင်လယ် ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တရုတ်က မလေးမစားလုပ်နေကြောင်း ရန်ကုန်အမေရိကန်သံရုံး Facebook နဲ့ဧရာဝတီသတင်းဌာနရဲ့ သူ့အတွေးသူ့အမြင်ကဏ္ဍမှာ ဆောင်းပါးအဖြစ်ပြင်းပြင်းထန်ထန်စွပ်စွဲရေးသားခဲ့ပါတယ်။

ဒီအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဇူလိုင် ၁၉ရက်နေ့မှာ တရုတ်သံရုံးရဲ့ Facebook ပေါ်မှာ ချက်ချင်း တုံ့ပြန်ရေးသားရာမှာ အမေရိကန်သံရုံးတာဝန်ခံရဲ့ ဆောင်းပါးဟာ လိုရာဆွဲတွေး၊ အမှားကိုအမှန်လုပ်ပြီး တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက်ခိုက်နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တမင်တကာသွေးခွဲလိုက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အလားတူ တနင်္လာနေ့က ဘေကျင်းမြို့တော်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သံရုံးယာယီတာဝန်ခံရဲ့ စွပ်စွဲရေးသားချက်တွေနဲ့ ပတ်သက်လို့ပြောခွင့်ရ ပုဂ္ဂိုလ် Wang Wenbin က အခုလို ထပ်မံ တုံ့ပြန်ခဲ့ပါတယ်။

"အမေရိကန်ရဲ့ လုပ်ရပ်ဟာ ယုံကြည်ကင်းမဲ့စေပြီး၊ အမှားကို အမှန်ထင်စေတဲ့ ရှုပ်ထွေးအောင်လုပ်တဲ့ အနေအထားဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဟာ ပထဝီအနေအထားအရ အနီးကပ် ဆက်ဆံရေးတွေရှိပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး ပူးပေါင်းဆောင်ရွက်မှုကို အချိန်နဲ့ အမျှ အကဲဖြတ်နိုင်ပါတယ်။ ဒီလို တရုတ်နဲ့ မြန်မာကြား အပြန်အလှန် ဆက်ဆံရင်းနှီးမှုကို အမေရိကန်က တမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ အောင်မြင်မှာ မဟုတ်ပါဘူး။"

အခုလို တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို အမေရိကန်ဘက်က ထင်ထင်ရှားရှား တိုက်ခိုက်ပြောဆိုလာတာ ဘာကြောင့်ပါလဲ။ မြန်မာ့အရေး အကဲခတ် ဒေါက်တာတင်မောင်သန်းရဲ့ အမြင်ကတော့

" အကြောင်းအရင်းကတော့ အမေရိကန်နိုင်ငံရေးရဲ့ ပြည်တွင်းရွေးကောက်ပွဲနဲ့ သက်ဆိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုရင် အမေရိကန်သမ္မတ ထရမ့်ဟာ တရုတ်ကို ပထမဆုံး တရုတ်ဗိုင်းရပ်စ် ဆိုပြီး စပြီး နာမည်တပ် လုပ်ဖို့ ကြိုးစားလာတယ်။ ဒါကလည်း အခု ကိုဗစ်ကိစ္စနဲ့ ဆက်နွယ်ပြီးတော့ အကြပ်အတည်းကာလ စီမံခန့်ခွဲမှုတွေမှာ တာဝန်ခံရတဲ့သဘောသဘာ၀ ဒီမိုကရေစီနိုင်ငံတွေမှာ ရှိတယ်။ အခု ကိုဗစ်က တဖြေးဖြေးနဲ့ တက်နေတယ်။ သေဆုံးမှုနှုန်းတွေလည်း တိုးနေတယ်။ ကူးစက်မှုနှုန်းကလည်း ကမ္ဘာမှာ အဖြစ်များဆုံးနိုင်ငံဖြစ်နေတယ်။ အဲဒီအချိန်မှာ ဒါဟာ ဘာကြောင့်ဖြစ်သလဲ။ ပြီးတော့ ရွေးကောက်ပွဲအတွက် လူထုရဲ့ထောက်ခံချက်ကလည်း ကျလာတယ်။ အဲဒီအခါမှာ အရင်ကတည်းက ရှိခဲ့တဲ့ ပြဿနာကို ကောက်ကိုင်ပြီးတော့ ပြန်ပြီး မီးမွှေးဖို့ ကြိုးစားတယ်လို့ပဲ မြင်တယ်။"

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရဘက်ကလည်း သူ့အကျိုးစီးပွားအရ တရုတ်နဲ့ သဘောထားတင်းမာတဲ့ ကိစ္စကို အရှိန်မြှင့် ဆွဲတင်လာမယ့် အနေအထားရှိနေတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ တဖက်မှာလည်း တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြောင့် မြန်မာနိုင်ငံ အကြွေးနွံနစ်မယ့်အရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်က စစ်လက်နက်တွေ ထောက်ပံ့နေတယ်လို့ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် မကျေမနပ် ထုတ်ဖေါ်ပြောဆိုလာတာ တွေလည်းရှိနေပါတယ်။

ဒီအချက်တွေကရော တရုတ် မြန်မာဆက်ဆံရေး ဘယ်လိုရိုက်ခတ်မှုတွေရှိမလဲ။ ဒေါက်တာ တင်မောင်သန်းက အခုလို သုံးသပ်ပါတယ်။

" တရုတ်ကတော့ မြန်မာနဲ့ ဆက်ဆံရေးပြေလည်ဖို့ သမိုင်းကြောင်းအရ ဂရုစိုက်တယ်။ နောက်တချက်က ဘယ်သူပဲ အာဏာရရ အာဏာရတဲ့သူနဲ့ အဆင်ပြေဖို့ သူဂရုစိုက်တယ်။ ဒီဘက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးတက်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို တရုတ်က ပြန်လည်သုံးသပ်ပြီးတော့ဆက်ဆံရေး ကောင်းမွန်အောင် အထူးသဖြင့် ပါတီချင်းဆက်ဆံရေး အားကောင်းလာအောင် တရုတ်က လုပ်လာတယ်။ အဲဒီအချိန်မှာ အနောက်နိုင်ငံတွေက ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့ မြန်မာဆက်ဆံရေး အားကောင်းအောင် ပိုပြီးတွန်းပို့ သလို ဖြစ်သွားတယ်။ အဲဒီလို အခြေအနေမျိုးမှာ အတတ်နိုင်ဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကတော့ အစဉ်အလာ ကြားနေတဲ့ နိုင်ငံကြီးတွေကြားမှာ မညပ်အောင် ကြိုးစားခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ အခု ရခိုင်မြောက်ပိုင်းကိစ္စမှာ မလွဲှမရှောင်သာ တရုတ်ရဲ့ထောက်ခံမှုရဖို့ လိုအပ်တဲ့အတွက်ကြောင့် ဟိုဘက်ကို မြန်မာ့ပြည်တွင်းရေး အနေအထားကြောင့် ရောက်ရတယ်။ အခုဟာကတော့ နောက်နိုင်ငံကြီး တနိုင်ငံရဲ့ ပြည်တွင်းရေး ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး ဖြစ်လာတဲ့ ကိစ္စဖြစ်တာကြောင့် ဒါဟာ မကြာခင်မှာပဲ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ ပြီးသွားလိမ့်မယ်။ ဒါပေမဲ့ အတော်ကြီးတော့ ဆွဲတင်လိမ့်မယ်လို့ထင်တယ်။ မညှပ်ဖို့ အရေးကြီးတယ်။"

တောင်တရုတ်ပင်လယ် ပိုင်နက်နဲ့ပတ်သက်လို့ တရုတ်ရဲ့ ကြေညာချက်ဟာ နိုင်ငံတကာဥပဒေအရ တရားဝင်မှုမရှိကြောင်း ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကသဘောထား ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်အပေါ် သဘောထား တင်းမာတဲ့ အမေရိကန်အစိုးရ မူဝါဒ ပိုပြီးခိုင်မာစေရေးအတွက်ရက်ပိုင်းအတွင်းမှာပဲမြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နိုင်ငံတွေက အမေရိကန်သံရုံးတွေကနေဒေသတွင်း သတင်းဌာနတွေနဲ့ သံရုံး Facebook တွေမှာ အရှေ့တောင်အာရှဒေသတွင်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို တရုတ်က ဘယ်လို မလေးမစားလုပ်နေသလဲဆိုတဲ့ ဝေဖန်တိုက်ခိုက်ရေးသားချက်တွေကို တပြိုင်တည်းဖေါ်ပြခဲ့ကြပါတယ်။

XS
SM
MD
LG