သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘက္မလိုက္မူဝါဒအတိုင္း ႏိုင္ငံႀကီးႏွစ္ခုအၾကား ျမန္မာရပ္တည္မည္


အေမရိကန္ႏိုင္ငံ အလံနဲ႔ တရုတ္ႏိုင္ငံအလံ

[Zawgyi/Unicode]

ျမန္မာႏုိင္ငံအေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား အျပန္အလွန္ ေျပာဆုိေနၾကေပမဲ့ ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီးဌာနကေတာ့ ဘက္မလုိက္မူအတုိင္း ရပ္တည္မယ့္အေၾကာင္း တုံ႔ျပန္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံအေရးမွာ တ႐ုတ္ႏိုင္ငံရဲ႕ ေဆာင္ရြက္မႈေတြအေပၚ အေမရိကန္သံ႐ံုး အႀကီးအကဲက မၾကာေသးခင္ကပဲ ထုိးႏွက္ေ၀ဖန္ ေျပာဆုိလုိက္တဲ့အေပၚ တ႐ုတ္ႏုိင္ငံကလည္း ခ်က္ျခင္းဆုိသလုိ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကမာၻ႔အင္အားႀကီး ႏွစ္ ႏုိင္ငံၾကား သံတမန္ေရးအရ အေခ်အတင္ ျဖစ္စရာေတြ ေပၚေပါက္ေနေပမဲ့လည္း ျမန္မာႏုိင္ငံ အေနနဲ႔ကေတာ့ လက္ရွိႏုိင္ငံျခားေရး မူ၀ါဒေတြအတုိင္း ဆက္လက္ ရပ္တည္ေနဆဲ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေအာင္ကိုက ဗြီအုိေအကုိ အခုလို ေျပာပါတယ္။

“လြတ္လပ္ၿပီး တက္ႂကြတဲ့ ဘက္မလိုက္တဲ့ ႏိုင္ငံျခားေရးမူဝါဒနဲ႔အညီ ဆက္လက္က်င့္သံုးတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးလည္း အေလးထားပါတယ္။ အေရွ႕ရယ္၊ အေနာက္ရယ္လို႔ မဟုတ္ပါဘူးေနာ္။ ႏိုင္ငံတိုင္းနဲ႔ ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးကို က်ေနာ္တို႔ရဲ႕ ႏိုင္ငံျခားေရးမူဝါဒနဲ႔ အညီ ေဆာင္ရြက္ေနတဲ့ ႏိုင္ငံ၊ လိုက္နာက်င့္သံုးေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ေပါ့ေနာ္။ ဘယ္ႏိုင္ငံနဲ႔ မဆို ဆက္ဆံေရးေကာင္းေအာင္ ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးကို ထူေထာင္ထားတယ္။ ဒါေပမဲ့ ဒီကိစၥကေတာ့ သူတို႔ရဲ႕ သံရံုးရဲ႕ သေဘာထားကို ထုတ္ေဖာ္ၿပီး ေျပာၾကားတာေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တို႔လည္း လူႀကီးေတြကိုေတာ့ သက္ဆိုင္ရာကိုေတာ့ တင္ျပထားပါတယ္။”

ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္သံ႐ုံး ယာယီတာ၀န္ခံ George Sibley ရဲ႕ သေဘာထားအျမင္ ေဆာင္းပါးမွာေတာ့ တ႐ုတ္ႏုိင္ငံရဲ႕ လုပ္ရပ္ေတြေၾကာင့္ အိမ္နီးခ်င္း ျမန္မာႏုိင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပုိင္ဆုိင္မႈကုိ ထိခုိက္ေနတယ္ဆုိၿပီး ေရးသားထားတာပါ။ တ႐ုတ္ႏုိင္ငံက စီးပြားေရး လုပ္ငန္းေတြေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ သဘာ၀ပတ္၀န္းက်င္နဲ႔ လူမႈဘ၀ေတြ ထိခုိက္နစ္နာရေၾကာင္းလည္း ေျပာဆုိထားပါတယ္။

ျမန္မာ့ႏိ္ုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ အေမရိကန္သံရံုးယာယီတာ၀န္ခံရဲ႕ ေရးသားခ်က္ဟာ အေမရိကန္က အေရွ႕ေတာင္အာရွမွာ သံတမန္ေရးအရ ေျခလွမ္းသစ္ျပင္လာတာ ျဖစ္ႏိုင္ေၾကာင္း သံုးသပ္ပါတယ္။

“အေမရိကန္အစိုးရအေနနဲ႔ အေရွ႕ေတာင္အာရွ ေဒသမွာ တ႐ုတ္နဲ႔ပတ္သက္တဲ့ ဆက္ဆံေရးဆိုင္ရာ ေျခလွမ္းသစ္တစ္ခုကို အစျပဳဖို႔ ဦးတည္လိုက္တယ္လို႔ ျမင္ပါတယ္။ တစ္နည္းအားျဖင့္ေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေပၚမွာ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံေရးအရ စီးပြားေရးအရ လႊမ္းမိုးမႈေတြကို ေလ်ာ့ခ်ႏိုင္ဖို႔၊ တန္ျပန္ႏိုင္ဖို႔ ရည္ရြယ္တဲ့ ကနဦးေျခလွမ္း၊ ျဖစ္လိမ့္မယ္လို႔ သံုးသပ္ပါတယ္။”

အေမရိကန္သံတမန္ရဲ႕ ေရးသားခ်က္အေပၚမွာေတာ့ တ႐ုတ္-ျမန္မာ ၂ ႏုိင္ငံ ဆက္ဆံေရး အဆင္ေျပေနတာကုိ မနာလုိမ႐ႈစိမ့္တဲ့ လုပ္ရပ္အျဖစ္ ျမန္မာႏုိင္ငံအေျခစုိက္ တ႐ုတ္သံ႐ုံးကလည္း ခ်က္ျခင္းဆုိသလုိ တုံ႔ျပန္ခဲ့ပါတယ္။ တ႐ုတ္-ျမန္မာ ဆက္ဆံေရးကုိ ထိခုိက္ေအာင္ ႀကိဳးပမ္းတဲ့ အေမရိကန္ရဲ႕ လုပ္ရပ္ေတြဟာ ေအာင္ျမင္မႈရွိမွာ မဟုတ္ေၾကာင္းလည္း တ႐ုတ္သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ႏုိင္ငံေရးသုံးသပ္သူ ေဒါက္တာရန္မ်ဳိးသိမ္းကေတာ့ အင္အားႀကီး ၂ ႏုိင္ငံၾကား သံတမန္ေရးတင္းမာမႈေတြၾကားမွာ ျမန္မာႏုိင္ငံအေနနဲ႔ ဆက္ဆံေရးမွာ သတိထားဖုိ႔လုိမယ္လုိ႔ သုံးသပ္ပါတယ္။

“တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံဟာ အိမ္နီးခ်င္း မဟာအင္အားႀကီး ႏိုင္ငံျဖစ္သလို၊ ျမန္မာႏိုင္ငံထဲမွာလည္း တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးလုပ္ငန္းေတြ၊ စီမံကိန္းေတြ အမ်ားအျပား ရွိတာေတြလည္း တစ္ေၾကာင္း၊ ေနာက္ အေမရိကန္ျပည္ေထာင္စုဟာဆိုရင္လည္း က်ေနာ္တို႔ႏိုင္ငံ ဒီမိုကေရစီအေျပာင္းအလဲအတြက္ကို အင္မတန္မွ အေရးႀကီးတဲ့၊ အေမရိကန္ျပည္ေထာင္စုရဲ႕ ေထာက္ခံမႈနဲ႔အတူ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈကို ဆက္ၿပီးေဖာ္ေဆာင္ရန္ လိုအပ္ေနတဲ့ အေျခအေနျဖစ္တဲ့အခါက်ေတာ့ ဒီႏွစ္ႏိုင္ငံလံုးနဲ႔ ဆက္ဆံေရးကို အေမွ်ာ္အျမင္ရွိရွိနဲ႔ သူလည္းႏိုင္၊ ကိုယ္လည္း ႏိုင္၊ ေနာက္ ျပည္သူလူထုလည္း အက်ိဳးရွိမယ့္ ဘက္ကေန ဦးတည္ေဖာ္ေဆာင္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ”

တ႐ုတ္သမၼတ Xi Jinping
တ႐ုတ္သမၼတ Xi Jinping

ျမန္မာႏုိင္ငံရဲ႕ အဓိကကုန္သြယ္ဘက္ ႏုိင္ငံတခုျဖစ္တဲ့ တ႐ုတ္ႏုိင္ငံဟာ အရင္တုန္းက ျမန္မာစစ္အစုိးရေတြ လက္ထက္ကတည္းက ႏုိင္ငံေရး၊ စီးပြားေရးအရ ၾသဇာေညာင္းတယ္လုိ႔ အမ်ားက ယူဆခဲ့ၾကတာပါ။ ျမန္မာႏုိင္ငံမွာ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြမွာ အႏုိင္ရခဲ့ၿပီးေနာက္မွာလည္း တ႐ုတ္ႏုိင္ငံက ဆက္ဆံေရး တည္ေဆာက္ဖုိ႔ ႀကိဳးပမ္းတာေတြ ရွိခဲ့သလုိ၊ တ႐ုတ္သမၼတ Xi Jinping ကုိယ္တုိင္လည္း ဒီႏွစ္ ဇန္န၀ါရီလထဲမွာပဲ ျမန္မာႏုိင္ငံကုိ လာေရာက္ခဲ့ၿပီး ခရီးစဥ္အတြင္း တ႐ုတ္ႏုိင္ငံရဲ႕ ခါးပတ္လမ္းစီမံကိန္းနဲ႔ ပတ္သက္တာေတြ အပါအ၀င္ သေဘာတူညီခ်က္ ၃၃ ခုကုိလည္း လက္မွတ္ေရးထုိးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘက်မလိုက်မူဝါဒအတိုင်း နိုင်ငံကြီးနှစ်ခုအကြား မြန်မာရပ်တည်မည်

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် ပြောဆိုနေကြပေမဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘက်မလိုက်မူအတိုင်း ရပ်တည်မယ့်အကြောင်း တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေအပေါ် အမေရိကန်သံရုံး အကြီးအကဲက မကြာသေးခင်ကပဲ ထိုးနှက်ဝေဖန် ပြောဆိုလိုက်တဲ့အပေါ် တရုတ်နိုင်ငံကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နှစ် နိုင်ငံကြား သံတမန်ရေးအရ အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်နေပေမဲ့လည်း မြန်မာနိုင်ငံ အနေနဲ့ကတော့ လက်ရှိနိုင်ငံခြားရေး မူဝါဒတွေအတိုင်း ဆက်လက် ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကိုက ဗွီအိုအေကို အခုလို ပြောပါတယ်။

“လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ဆက်လက်ကျင့်သုံးတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးလည်း အလေးထားပါတယ်။ အရှေ့ရယ်၊ အနောက်ရယ်လို့ မဟုတ်ပါဘူးနော်။ နိုင်ငံတိုင်းနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အညီ ဆောင်ရွက်နေတဲ့ နိုင်ငံ၊ လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ပေါ့နော်။ ဘယ်နိုင်ငံနဲ့ မဆို ဆက်ဆံရေးကောင်းအောင် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ သူတို့ရဲ့ သံရုံးရဲ့ သဘောထားကို ထုတ်ဖော်ပြီး ပြောကြားတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့လည်း လူကြီးတွေကိုတော့ သက်ဆိုင်ရာကိုတော့ တင်ပြထားပါတယ်။”

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံ George Sibley ရဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်နေတယ်ဆိုပြီး ရေးသားထားတာပါ။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်နစ်နာရကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အမေရိကန်သံရုံးယာယီတာဝန်ခံရဲ့ ရေးသားချက်ဟာ အမေရိကန်က အရှေ့တောင်အာရှမှာ သံတမန်ရေးအရ ခြေလှမ်းသစ်ပြင်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“အမေရိကန်အစိုးရအနေနဲ့ အရှေ့တောင်အာရှ ဒေသမှာ တရုတ်နဲ့ပတ်သက်တဲ့ ဆက်ဆံရေးဆိုင်ရာ ခြေလှမ်းသစ်တစ်ခုကို အစပြုဖို့ ဦးတည်လိုက်တယ်လို့ မြင်ပါတယ်။ တစ်နည်းအားဖြင့်တော့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ စီးပွားရေးအရ လွှမ်းမိုးမှုတွေကို လျော့ချနိုင်ဖို့၊ တန်ပြန်နိုင်ဖို့ ရည်ရွယ်တဲ့ ကနဦးခြေလှမ်း၊ ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။”

အမေရိကန်သံတမန်ရဲ့ ရေးသားချက်အပေါ်မှာတော့ တရုတ်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အဆင်ပြေနေတာကို မနာလိုမရှုစိမ့်တဲ့ လုပ်ရပ်အဖြစ် မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ အောင်မြင်မှုရှိမှာ မဟုတ်ကြောင်းလည်း တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အင်အားကြီး ၂ နိုင်ငံကြား သံတမန်ရေးတင်းမာမှုတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်ဆံရေးမှာ သတိထားဖို့လိုမယ်လို့ သုံးသပ်ပါတယ်။

“တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အိမ်နီးချင်း မဟာအင်အားကြီး နိုင်ငံဖြစ်သလို၊ မြန်မာနိုင်ငံထဲမှာလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ အများအပြား ရှိတာတွေလည်း တစ်ကြောင်း၊ နောက် အမေရိကန်ပြည်ထောင်စုဟာဆိုရင်လည်း ကျနော်တို့နိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွက်ကို အင်မတန်မှ အရေးကြီးတဲ့၊ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုနဲ့အတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆက်ပြီးဖော်ဆောင်ရန် လိုအပ်နေတဲ့ အခြေအနေဖြစ်တဲ့အခါကျတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေးကို အမျှော်အမြင်ရှိရှိနဲ့ သူလည်းနိုင်၊ ကိုယ်လည်း နိုင်၊ နောက် ပြည်သူလူထုလည်း အကျိုးရှိမယ့် ဘက်ကနေ ဦးတည်ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ အရင်တုန်းက မြန်မာစစ်အစိုးရတွေ လက်ထက်ကတည်းက နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများက ယူဆခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်မှာလည်း တရုတ်နိုင်ငံက ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့သလို၊ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်လည်း ဒီနှစ် ဇန်နဝါရီလထဲမှာပဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်းနဲ့ ပတ်သက်တာတွေ အပါအဝင် သဘောတူညီချက် ၃၃ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

XS
SM
MD
LG