သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္အေျခစိုက္ ကန္နဲ႔ တ႐ုတ္သံ႐ုံးေတြရဲ႕အျပန္အလွန္စာ


ေတာင္တ႐ုတ္ပင္လယ္တြင္း ကင္းလွည့္ေနတဲ့ တ႐ုတ္ ကမ္းေျခေစာင့္ေရယာဥ္တစီး။ (ဇြန္ ၁၃၊ ၂၀၁၄)

(Zawgyi / Unicode)

ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏုိင္ငံရဲ႕ ျပဳမူေဆာင္ရြက္ခ်က္ေတြဟာ ျမန္မာႏိုင္ငံအတြက္ အလွမ္းေဝးတယ္ ဆိုေပမယ့္ ျမန္မာအပါအဝင္ တ႐ုတ္ရဲ႕ အိမ္နီးနားခ်င္းႏိုင္ငံေတြ၊ အေမရိကန္ရဲ႕ မိတ္ေဆြႏိုင္ငံေတြနဲ႔ မဟာမိတ္ႏိုင္ငံေတြအတြက္ သတိထားစရာေတြ ျဖစ္လာေနတယ္လို႔ ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ုံး၊ သံ႐ုံး ယာယီတာဝန္ခံ George Sibley က ေျပာပါတယ္။

သံ႐ုံးယာယီတာဝန္ခံ George Sibley က ေတာင္တ႐ုတ္ပင္လယ္က ျမန္မာအေပၚ ဘယ္လိုသက္ေရာက္မလဲဆိုတဲ့ ေခါင္းစဥ္နဲ႔ ေရးသားထားတဲ့ ေဆာင္းပါးကို အေမရိကန္သံ႐ုံးက ဇူလိုင္ ၁၈ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ COVID-19 ေၾကာင့္ ကမာၻတလႊား ႐ုန္းကန္ေနရခ်ိန္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္ကို ႏွိမ္နင္းမႈနဲ႔ တျခားႏုိင္ငံေတြရဲ႕ အခ်ဳပ္အျခာ အာဏာကို မေလးမစား လုပ္ေနတာေတြက စိတ္အေႏွာင့္အယွက္ ျဖစ္လာရတယ္ဆိုၿပီး သတိေပးထားပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံအတြင္း စည္းကမ္းၾကပ္မတ္မႈမရွိဘဲ စိုက္ပ်ိဳးတဲ့ တ႐ုတ္ ငွက္ေပ်ာခင္းေတြ၊ သတၱဳနဲ႔ သစ္ေတာလုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံရာမွာ အက်င့္ပ်က္ ျခစားမႈေတြ ေပၚေပါက္ေအာင္ လုပ္ေဆာင္ေနမႈေတြနဲ႔ အေျခခံ အေဆာက္အအုံေတြ တည္ေဆာက္မယ့္အစား အေႂကြးပိုထူလာေအာင္လုပ္ၿပီး ျမန္မာထက္ တ႐ုတ္ကို အက်ိဳးရွိေစမယ့္ အထူးစီးပြားေရးဇုန္ေတြ ေဖာ္ထုတ္ေနတာေတြ ရွိေနတယ္လို႔လည္း ေထာက္ျပ သတိေပးထားပါတယ္။

ဒါဟာ သိသိသာသာ မဟုတ္ေပမယ့္ တျဖည္းျဖည္းခ်င္းနဲ႔ အဲဒီနည္းသုံးၿပီး အခ်ဳပ္အျခာအာဏာ ဆုံး႐ႈံးေစမယ့္ ေခတ္သစ္နည္းတခု ျဖစ္တယ္လို႔လည္း ​ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး ယာယီတာ၀န္ခံ George Sibley က ေရးပါတယ္။

ဒီေရးသားခ်က္အေပၚမွာ ရန္ကုန္ၿမိဳ႕ တ႐ုတ္သံ႐ုံး ေျပာခြင့္ရသူက ျပင္းျပင္းထန္ထန္ တုံ႔ျပန္ထားရာမွာ ဒီေဆာင္းပါးဟာ တ႐ုတ္အေပၚ တမင္သက္သက္ နာမည္ဖ်က္႐ုံသာမကဘဲ တ႐ုတ္-ျမန္မာ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ေသြးခဲြတဲ့လုပ္ရပ္လို႔ စြပ္စြဲထားပါတယ္။

အေမရိကန္ဟာ ျမန္မာႏုိင္ငံအေပၚ အေရးယူဒဏ္ခတ္မႈေတြ လုပ္ခဲ့ၿပီး ျမန္မာဖံြ႔ၿဖိဳးေရးကို ထိခိုက္ေစ႐ုံမက ျမန္မာနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးပ်က္ေအာင္ ျဖစ္ေစခဲ့တယ္လို႔လည္း တုံ႔ျပန္ ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံတြင္း တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အေပၚမွာလည္း အေမရိကန္ဘက္က နာမည္ဖ်က္ တုိက္ခိုက္တာေတြ ရွိခဲ့တယ္လို႔ တုံ႔ျပန္ စြပ္စြဲထားပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏိုင္ငံအၾကား ေတာင္တ႐ုတ္ပင္လယ္ျပင္ အေရးနဲ႔ ပတ္သက္လို႔ ေဒသတြင္း တင္းမာမႈေတြ တိုးလာခ်ိန္မွာပဲ ျမန္မာႏိုင္ငံအေျခစိုက္ သံ႐ုံးႀကီးႏွစ္ခုအၾကား အခုလို အျပန္အလွန္ ေရးသားခ်က္ေတြ ျဖစ္လာတာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ရန်ကုန်အခြေစိုက် ကန်နဲ့ တရုတ်သံရုံးတွေရဲ့အပြန်အလှန်စာ

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအတွက် အလှမ်းဝေးတယ် ဆိုပေမယ့် မြန်မာအပါအဝင် တရုတ်ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေ၊ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေအတွက် သတိထားစရာတွေ ဖြစ်လာနေတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး၊ သံရုံး ယာယီတာဝန်ခံ George Sibley က ပြောပါတယ်။

သံရုံးယာယီတာဝန်ခံ George Sibley က တောင်တရုတ်ပင်လယ်က မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဆောင်းပါးကို အမေရိကန်သံရုံးက ဇူလိုင် ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ COVID-19 ကြောင့် ကမ္ဘာတလွှား ရုန်းကန်နေရချိန်မှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို နှိမ်နင်းမှုနဲ့ တခြားနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာကို မလေးမစား လုပ်နေတာတွေက စိတ်အနှောင့်အယှက် ဖြစ်လာရတယ်ဆိုပြီး သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း စည်းကမ်းကြပ်မတ်မှုမရှိဘဲ စိုက်ပျိုးတဲ့ တရုတ် ငှက်ပျောခင်းတွေ၊ သတ္တုနဲ့ သစ်တောလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရာမှာ အကျင့်ပျက် ခြစားမှုတွေ ပေါ်ပေါက်အောင် လုပ်ဆောင်နေမှုတွေနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်မယ့်အစား အကြွေးပိုထူလာအောင်လုပ်ပြီး မြန်မာထက် တရုတ်ကို အကျိုးရှိစေမယ့် အထူးစီးပွားရေးဇုန်တွေ ဖော်ထုတ်နေတာတွေ ရှိနေတယ်လို့လည်း ထောက်ပြ သတိပေးထားပါတယ်။

ဒါဟာ သိသိသာသာ မဟုတ်ပေမယ့် တဖြည်းဖြည်းချင်းနဲ့ အဲဒီနည်းသုံးပြီး အချုပ်အခြာအာဏာ ဆုံးရှုံးစေမယ့် ခေတ်သစ်နည်းတခု ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ George Sibley က ရေးပါတယ်။

ဒီရေးသားချက်အပေါ်မှာ ရန်ကုန်မြို့ တရုတ်သံရုံး ပြောခွင့်ရသူက ပြင်းပြင်းထန်ထန် တုံ့ပြန်ထားရာမှာ ဒီဆောင်းပါးဟာ တရုတ်အပေါ် တမင်သက်သက် နာမည်ဖျက်ရုံသာမကဘဲ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို သွေးခွဲတဲ့လုပ်ရပ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန်ဟာ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့ပြီး မြန်မာဖွံ့ဖြိုးရေးကို ထိခိုက်စေရုံမက မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးပျက်အောင် ဖြစ်စေခဲ့တယ်လို့လည်း တုံ့ပြန် ရေးသားထားပါတယ်။

မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာလည်း အမေရိကန်ဘက်က နာမည်ဖျက် တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ တုံ့ပြန် စွပ်စွဲထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်ပြင် အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း တင်းမာမှုတွေ တိုးလာချိန်မှာပဲ မြန်မာနိုင်ငံအခြေစိုက် သံရုံးကြီးနှစ်ခုအကြား အခုလို အပြန်အလှန် ရေးသားချက်တွေ ဖြစ်လာတာပါ။

XS
SM
MD
LG