သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါအႏၱရာယ္ၾကားက တရုတ္ လႈပ္ရွားလာတဲ့ ေတာင္တရုတ္ပင္လယ္ လံုၿခံဳေရး အာဆီယံေခါင္းေဆာင္ေတြ သတိေပး


ေတာင္တရုတ္ပင္လယ္ အတြင္း ခုတ္ေမာင္းေနေသာ တရုတ္သေဘာၤ

(Zawgyi/Unicode)

ကပ္ေရာဂါကာလမွာ တရုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္တြင္း လႈပ္ရွားမႈေတြတိုးလုပ္ေနတာေၾကာင့္ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ လုံျခဳံေရးသတိရွိၾကဖို႔ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံ ေခါင္းေဆာင္ ေတြက ေသာၾကာေန႔က က်င္းပတဲ့ (၃၆) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီး အစည္းအေဝးမွာ သတိေပးလိုက္ပါတယ္။ ထိပ္သီး အစည္း အေဝး အဖြင့္ မိန္႔ခြန္းမွာ ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phuc က ကပ္ေရာဂါအတြင္း နိုင္ငံတကာ ဥပေဒစည္းမ်ည္းေတြ ဆိုးဆိုးရြားရြား စိန္ေခၚခံေနရတယ္လို႔လည္း ေျပာပါတယ္။

“လက္ရွိ ကပ္ေရာဂါက ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ လိုက္နာရမယ့္ က်င့္ဝတ္ Code of Conduct ေတြနဲ႔ပတ္သက္တဲ့ တ႐ုတ္နဲ႔ အာဆီယံ အဖြဲ႕အၾကားက ေဆြးေႏြးပြဲေတြကို ေႏွာင့္ေႏွး ထိခိုက္ ေစပါတယ္။ ဒီအေျခအေနေအာက္မွာ ပါဝင္ ပတ္သက္ေနတဲ့ နိုင္ငံေတြ အၾကား ရႈပ္ေထြးမႈေတြကို တားဆီးကာကြယ္ဖို႔ နိုင္ငံတကာ ဥပေဒေတြကို လိုက္နာၿပီး ဗီယက္နမ္နဲ႔ အာဆီယံ အဖြဲ႕တို႔ ပူးေပါင္း ေဆာင္ရြက္ေနပါတယ္" လို႔ ေျပာပါတယ္။

ကပ္ေရာဂါကို တုံ႔ျပန္ဖို႔ တကမၻာလုံး အင္အားကုန္ခမ္းေနခ်ိန္မွာ တာဝန္မယူတဲ့ အျပဳအမူေတြနဲ႔ နိုင္ငံတကာဥပေဒေတြကို ေဖာက္ဖ်က္တဲ့ ျဖစ္ရပ္ေတြရွိခဲ့ၿပီး ေဒသတြင္း မတည္ၿငိမ္မႈေတြ ျဖစ္ေပၚေစခဲ့တယ္လို႔လည္း ေျပာပါတယ္။ တ႐ုတ္နိုင္ငံ အမည္ကိုေတာ့ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ က ထုတ္ေဖာ္ ေျပာဆိုတာ မရွိပါဘူး။

ဖိလစ္ပိုင္ သမၼတ Rodrigo Duterte ကလည္း ေဒသတြင္း နိုင္ငံေတြ COVID 19 ကို တံု႔ျပန္ဖို႔ ႐ုန္းကန္ ႀကိဳးစားေနခ်ိန္ထဲမွာေတာင္မွပဲ ေတာင္တ႐ုတ္ ပင္လယ္ေဒသထဲ စိုးရိမ္စရာ အျဖစ္အပ်က္ေတြ ျဖစ္ပြားခဲ့ေၾကာင္း ေျပာၿပီး ပါဝင္ပတ္သက္တဲ့ႏိုင္ငံအားလုံး တင္းမာမႈကို ျမင့္တက္ေစမယ့္ အျပဳအမူေတြကို ေရွာင္ရွားဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ဧၿပီလတုန္းက ဗီယက္နမ္ ငါးဖမ္းေလွတစ္စင္း တ႐ုတ္တို႔ရဲ႕ ပင္လယ္ျပင္ တိုင္းတာေရးသေဘၤာတစင္းနဲ႔ တိုက္မိၿပီး နစ္ျမဳပ္သြားတယ္လို႔ ဗီယက္နမ္နိုင္ငံက ေျပာထားဖူးပါတယ္။ ဒီ အျဖစ္အပ်က္ေၾကာင့္ တ႐ုတ္နိုင္ငံအေနနဲ႔ နိုင္ငံငယ္ေတြကို အနိုင္က်င့္တဲ့ အျပဳအမူေတြ မလုပ္ဖို႔ အေမရိကန္ ျပည္ေထာင္စုက ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကပ်ရောဂါအန္တရာယ်ကြားက တရုတ် လှုပ်ရှားလာတဲ့တောင်တရုတ်ပင်လယ် လုံခြုံရေး အာဆီယံခေါင်းဆောင်တွေ သတိပေး

(Unicode)

ကပ်ရောဂါကာလမှာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင်း လှုပ်ရှားမှုတွေတိုးလုပ်နေတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံ ခေါင်းဆောင် တွေက သောကြာနေ့က ကျင်းပတဲ့ (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။ ထိပ်သီး အစည်း အဝေး အဖွင့် မိန့်ခွန်းမှာ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က ကပ်ရောဂါအတွင်း နိုင်ငံတကာ ဥပဒေစည်းမျည်းတွေ ဆိုးဆိုးရွားရွား စိန်ခေါ်ခံနေရတယ်လို့လည်း ပြောပါတယ်။

“လက်ရှိ ကပ်ရောဂါက တောင်တရုတ်ပင်လယ်ပြင်ထဲ လိုက်နာရမယ့် ကျင့်ဝတ် Code of Conduct တွေနဲ့ပတ်သက်တဲ့ တရုတ်နဲ့ အာဆီယံ အဖွဲ့အကြားက ဆွေးနွေးပွဲတွေကို နှောင့်နှေး ထိခိုက် စေပါတယ်။ ဒီအခြေအနေအောက်မှာ ပါဝင် ပတ်သက်နေတဲ့ နိုင်ငံတွေ အကြား ရှုပ်ထွေးမှုတွေကို တားဆီးကာကွယ်ဖို့ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပြီး ဗီယက်နမ်နဲ့ အာဆီယံ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။”

ကပ်ရောဂါကို တုံ့ပြန်ဖို့ တကမ္ဘာလုံး အင်အားကုန်ခမ်းနေချိန်မှာ တာဝန်မယူတဲ့ အပြုအမူတွေနဲ့ နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်တဲ့ ဖြစ်ရပ်တွေရှိခဲ့ပြီး ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံ အမည်ကိုတော့ ဗီယက်နမ်ဝန်ကြီးချုပ် က ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကလည်း ဒေသတွင်း နိုင်ငံတွေ COVID 19 ကို တုံ့ပြန်ဖို့ ရုန်းကန် ကြိုးစားနေချိန်ထဲမှာတောင်မှပဲ တောင်တရုတ် ပင်လယ်ဒေသထဲ စိုးရိမ်စရာ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ကြောင်း ပြောပြီး ပါဝင်ပတ်သက်တဲ့နိုင်ငံအားလုံး တင်းမာမှုကို မြင့်တက်စေ မယ့် အပြုအမူတွေကို ရှောင်ရှားဖို့ တောင်းဆိုလိုက်ပါတယ်။

ဧပြီလတုန်းက ဗီယက်နမ် ငါးဖမ်းလှေတစ်စင်း တရုတ်တို့ရဲ့ ပင်လယ်ပြင် တိုင်းတာရေးသင်္ဘောတစင်းနဲ့ တိုက်မိပြီး နစ်မြုပ်သွားတယ်လို့ ဗီယက်နမ်နိုင်ငံက ပြောထားဖူးပါတယ်။ ဒီ အဖြစ်အပျက်ကြောင့် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံငယ်တွေကို အနိုင်ကျင့်တဲ့ အပြုအမူတွေ မလုပ်ဖို့ အမေရိကန် ပြည်ထောင်စုက ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG