သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း တရုတ်စစ်ရေးတည်ဆောက်မှု ကန်ရှုတ်ချ


(Zawgyi / Unicode)

အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien က တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း စစ်ရေး တည်ဆောင်မှုတွေလုပ်တဲ့ကိစ္စပေါ် ဝေဖန် ရှုတ်ချလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ထိပ်သီး အစည်းအဝေး ကျင်းပနေတုန်းမှာ တနင်္လာနေ့က ဝေဖန်လိုက်တာပါ။ သူက တရုတ်နိုင်ငံဟာ ခြိမ်းခြောက်တဲ့ နည်းလမ်းကို ကျင့်သုံးပြီး အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံ တန်ဖိုးရှိတဲ့ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့တွေ ပါဝင်တဲ့ ကမ်းလွန် အရင်းအမြစ်တွေ အာဆီယံနိုင်ငံတွေ ထုတ်လုပ်လို့ မရအောင် ဟန့်တားဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒီနည်းလမ်းဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ တရားမျှတမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ ဒီ ဒေသကနိုင်ငံတွေဟာ အားကြီးသူသာ မှန်တယ်ဆိုတဲ့ သီအိုရီကို အခြေခံတဲ့ အင်အားကြီးနိုင်ငံ စိုးမိုးတဲ့ အင်ပါယာ လက်နက်နိုင်ငံစနစ်ကို စိတ်ဝင်စားမှု မရှိတော့ကြောင်း ပြောပါတယ်။

အမေရိကန် လုံခြုံရေး အကြံပေးရဲ့ ပြောကြားချက်ကို တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Le Yucheng က ဒေသတွင်း နယ်မြေ အငြင်းပွားမှုကို ဖြေရှင်းဖို့ စေ့စပ်ဆွေးနွေးနေတာကို ဒေသ ပြင်ပက အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

Le Yucheng က တရုတ် စကားပုံတစ်ခုလိုပဲ “သစ်ပင်တွေ ငြိမ်သက်ဖို့ ဆန္ဒရှိနေချိန်မှာ လေကတစ်ဝူးဝူး တိုက်နေတယ်” လို့လည်း တုံ့ပြန် ခဲ့ပါတယ်။ ဒေသပြင်ပက တစ်ချို့နိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ထဲ ရေပြင်ငြိမ်သက်နေတာကို မကြည့်ရက်လို့ ဒီအထိလာပြီး လှိုင်းလေထအောင်လုပ်နေတယ်လည်းဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံအကြား ဒီလို နှစ်ဘက် အငြင်းပွားဖွယ်ရာ စကားတွေ အပြန်အလှန် တုံ့ပြန်ပြောဆိုနေကြပေမဲ့လည်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး O’Brien ဟာ တရုတ် ဝန်ကြီးချုပ် Li Keqian နဲ့ ထိပ်သီး ဆွေးနွေးပွဲ ပြင်ပဆွေးနွေးမှုအဖြစ် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ O’Brien ဟာ အာဆီယံ ခေါင်းဆောင်တွေ အမေရိကန်နိုင်ငံကို လာရောက်ပြီး အထူး အစည်းအဝေးတက်ဖို့ ဖိတ်ကြားတဲ့ သမ္မတ ထရမ့်ရဲ့ အမှာစကားကိုလည်း ဖတ်ကြားခဲ့ပါတယ်။

..................


(Zawgyi / Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG