သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္တ႐ုတ္ပင္လယ္ျပင္ စည္းမ်ဥ္းေပၚလာေရး ပူးေပါင္းမည္ဟု တ႐ုတ္ဝန္ႀကီးခ်ဳပ္ ေျပာဆို


တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang. (ဇူလုိင္ ၄၊ ၂၀၁၉)

(Zawgyi / Unicode)

တ႐ုတ္နဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြအၾကား ေရပိုင္နက္ အျငင္းပြားမႈရွိေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္နဲ႔ ပတ္သက္လို႔ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္း မူေဘာင္သတ္မွတ္ေရးအတြက္ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အဆင္သင့္ရွိတယ္လို႔ တ႐ုတ္ႏုိင္ငံက ေျပာပါတယ္။

ႏိုင္ငံတကာ ေရေၾကာင္းသြားလာမႈမွာ အခ်က္အခ်ာက်သလို ရင္းျမစ္ေပါႂကြယ္တဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ ေနရာအေတာ္မ်ားမ်ားကို သူပိုင္တယ္လို႔ တ႐ုတ္က ေျပာေနၿပီး ဒီအတြက္ အိမ္နီးခ်င္း အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ေရပိုင္နက္ အျငင္းပြားမႈ ရွိေနတာပါ။ အဲဒီက ကြၽန္းတန္းတခုမွာေတာ့ တ႐ုတ္က စစ္ေရးဆိုင္ရာ အေဆာက္အဦေတြပါ ေဆာက္လုပ္ေနတယ္လို႔ စြပ္စြဲခံထားရပါတယ္။

တ႐ုတ္အေနနဲ႔ အဲဒီေဒသမွာ စစ္ေရးလႈပ္ရွားမႈ လုပ္ေနတာ၊ စစ္ေရးဆိုင္ရာ အေဆာက္အဦေတြ ေဆာက္လုပ္ေနတာ၊ ငါးဖမ္းသေဘၤာေတြကို အေႏွာင့္အယွက္ ေပးေနတာေတြ ရွိေနတာပါ။ ဒါေၾကာင့္ ေရပိုင္နက္ အျငင္းပြားမႈေတြကို ရွင္းေပးႏိုင္မယ့္ စည္းမ်ည္းစည္းကမ္း မူေဘာင္တရပ္ အာဆီယံနဲ႔ တ႐ုတ္ႏိုင္ငံအၾကား သေဘာတူခ်မွတ္ဖို႔ ရွိေနၿပီးေတာ့ ဒါကို ၂၀၂၁ ခုႏွစ္ အၿပီးသတ္ႏိုင္ဖို႔ လ်ာထားပါတယ္။

အခုရထားတဲ့ ကနဦးအဆင့္မူၾကမ္းဟာ အင္မတန္အေရးပါတဲ့ အဆင့္ျဖစ္ၿပီး သေဘာတူညီခ်က္ရလာဖို႔ ရွိၿပီးသား အေျခခံအေပၚမွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ အာဆီယံတိုင္းျပည္ေတြနဲ႔ လက္တြဲေဆာင္ရြက္ဖုိ႔ အသင့္ရွိေနတယ္လို႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang က ေျပာသြားပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ျပင္ေဒသ ေရရွည္တည္ၿငိမ္ ၿငိမ္းခ်မ္းေရးအတြက္ တ႐ုတ္ႏိုင္ငံဘက္က လိုလားတယ္လို႔လည္း ေျပာပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ တ႐ုတ္နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔အၾကား အျငင္းပြားေနတဲ့ ေရပိုင္နက္ထဲ တ႐ုတ္က ပင္လယ္ျပင္စူးစမ္းေရး သေဘၤာတစင္း လႊတ္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ရက္ကပဲ တ႐ုတ္နဲ႔ ဗီယက္နမ္ႏိုင္ငံအၾကား တင္းမာမႈေတြ ရွိခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲမွာ တ႐ုတ္အေနနဲ႔ ဖိလစ္ပိုင္၊ ထိုင္၀မ္၊ မေလးရွား၊ ဘ႐ူႏိုင္းႏုိင္ငံတို႔နဲ႔လည္း ေရပိုင္နက္ဆိုင္ရာ အျငင္းပြားမႈေတြ ရွိေနပါတယ္။ ဒီေဒသမွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္းေတြအေပၚ အႏိုင္က်င့္သလို လုပ္ရပ္ေတြ လုပ္ေနတယ္လို႔ အေမရိကန္ျပည္ေထာင္စုကလည္း စြပ္စြဲထားပါတယ္။

--------------------------------

(Unicode)

တောင်တရုတ်ပင်လယ်ပြင် စည်းမျဉ်းပေါ်လာရေး ပူးပေါင်းမည်ဟု တရုတ်ဝန်ကြီးချုပ် ပြောဆို

တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ရေပိုင်နက် အငြင်းပွားမှုရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပတ်သက်လို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း မူဘောင်သတ်မှတ်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

နိုင်ငံတကာ ရေကြောင်းသွားလာမှုမှာ အချက်အချာကျသလို ရင်းမြစ်ပေါကြွယ်တဲ့ တောင်တရုတ်ပင်လယ်ပြင် နေရာအတော်များများကို သူပိုင်တယ်လို့ တရုတ်က ပြောနေပြီး ဒီအတွက် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားမှု ရှိနေတာပါ။ အဲဒီက ကျွန်းတန်းတခုမှာတော့ တရုတ်က စစ်ရေးဆိုင်ရာ အဆောက်အဦတွေပါ ဆောက်လုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

တရုတ်အနေနဲ့ အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားမှု လုပ်နေတာ၊ စစ်ရေးဆိုင်ရာ အဆောက်အဦတွေ ဆောက်လုပ်နေတာ၊ ငါးဖမ်းသင်္ဘောတွေကို အနှောင့်အယှက် ပေးနေတာတွေ ရှိနေတာပါ။ ဒါကြောင့် ရေပိုင်နက် အငြင်းပွားမှုတွေကို ရှင်းပေးနိုင်မယ့် စည်းမျည်းစည်းကမ်း မူဘောင်တရပ် အာဆီယံနဲ့ တရုတ်နိုင်ငံအကြား သဘောတူချမှတ်ဖို့ ရှိနေပြီးတော့ ဒါကို ၂၀၂၁ ခုနှစ် အပြီးသတ်နိုင်ဖို့ လျာထားပါတယ်။

အခုရထားတဲ့ ကနဦးအဆင့်မူကြမ်းဟာ အင်မတန်အရေးပါတဲ့ အဆင့်ဖြစ်ပြီး သဘောတူညီချက်ရလာဖို့ ရှိပြီးသား အခြေခံအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ အာဆီယံတိုင်းပြည်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောသွားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ဒေသ ရေရှည်တည်ငြိမ် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံဘက်က လိုလားတယ်လို့လည်း ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့အကြား အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲ တရုတ်က ပင်လယ်ပြင်စူးစမ်းရေး သင်္ဘောတစင်း လွှတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်ကပဲ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံအကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်အနေနဲ့ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နဲ့လည်း ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒီဒေသမှာ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းတွေအပေါ် အနိုင်ကျင့်သလို လုပ်ရပ်တွေ လုပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုကလည်း စွပ်စွဲထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG