( Zawgyi/ Unicode )
ေတာင္တရုတ္ ပင္လယ္ျပင္ထဲက ဗီယက္နမ္ေရပိုင္နက္ထဲ ေရာက္ေနတာ ၃ လေက်ာ္ေနၿပီျဖစ္တဲ့ တရုတ္ေရနံရွာေဖြေရး သေဘၤာဟာ ၾကာသပေတးေန႔ကေတာ့ ဗီယက္နမ္သေဘၤာေတြနဲ႔ ထိပ္တိုက္ေတြ႔ခဲ့ၾကၿပီး အဲဒီေန႔ မနက္ပိုင္းမွာပဲ တရုတ္ႏုိင္ငံဘက္ကို ျပန္လည္ ထြက္ခြါသြားပါတယ္။
တရုတ္သေဘၤာ Haiyang Dizhi 8 ဟာ ေနာက္ တရုတ္သေဘၤာ အနဲဆံုး ၂ စင္း ၿခံရံၿပီး ဗီယက္နမ္ထိန္းခ်ဳပ္တဲ့ ေရပိုင္နက္စီးပြါးေရးဇံုထဲကေန ထြက္ခြါသြားေၾကာင္း ဒီသေဘၤာရဲ့ လႈပ္ရွားမႈကို လိုက္ၾကည့္ေနတဲ့ Marine Traffic ဝက္ဘ္ဆိုက္ရဲ့ ေရေၾကာင္းမွတ္တမ္းေတြမွာ ေဖၚျပထားပါတယ္။
သဘာဝ သယံဇာတေပါၾကြယ္တဲ့ ဒီေတာင္တရုတ္ပင္လယ္ျပင္ရဲ့ ေနရာအမ်ားစုကို တရုတ္အစိုးရက သူတုိ႔ ပိုင္ဆုိင္ေၾကာင္း ေၾကညာထား သလို ဘရူႏုိင္း၊ မေလးရွား၊ ဖိလစ္ပိုင္ တိုင္ဝမ္နဲ႔ ဗီယက္နမ္တို႔က လည္း သူတုိ႔ ပိုင္ဆုိင္ေၾကာင္း ေၾကညာထားတာ ျဖစ္ပါတယ္။
တရုတ္က ဗီယက္နမ္ေရျပင္နားမွာ တိုင္းထြာမႈေတြ စလုပ္ခဲ့တဲ့ ဇူလိုင္လ အေစာပိုင္းကတည္းကစၿပီး တရုတ္နဲ႔ ဗီယက္နမ္တို႔ၾကား တင္းမာမႈေတြ တိုးလာတာ ျဖစ္ပါတယ္။
ဒီသေဘၤာနဲ႔ သူ႔ကိုေစာင့္ေရွာက္ေနတဲ့ သေဘၤာေတြဟာ ဗီယက္နမ္ရဲ့ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈကို ထိပါးေနတဲ့အတြက္ အျမန္ဖယ္ရွားေပးဖုိ႔ ဗီယက္နမ္ႏုိင္ငံျခားေရးဌာနက တရုတ္ကို ထပ္တလဲလဲ ေတာင္းဆိုေနတာျဖစ္ပါတယ္။
...............
( Unicode )
ဗီယက်နမ်နဲ့ ထိပ်တိုက်တွေ့ပြီး တရုတ်ရေနံရှာသင်္ဘော ပြန်လည်ဆုတ်ခွာ
တောင်တရုတ် ပင်လယ်ပြင်ထဲက ဗီယက်နမ်ရေပိုင်နက်ထဲ ရောက်နေတာ ၃ လကျော်နေပြီဖြစ်တဲ့ တရုတ်ရေနံရှာဖွေရေး သင်္ဘောဟာ ကြာသပတေးနေ့ကတော့ ဗီယက်နမ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး အဲဒီနေ့ မနက်ပိုင်းမှာပဲ တရုတ်နိုင်ငံဘက်ကို ပြန်လည် ထွက်ခွါသွားပါတယ်။
တရုတ်သင်္ဘော Haiyang Dizhi 8 ဟာ နောက် တရုတ်သင်္ဘော အနဲဆုံး ၂ စင်း ခြံရံပြီး ဗီယက်နမ်ထိန်းချုပ်တဲ့ ရေပိုင်နက်စီးပွါးရေးဇုံထဲကနေ ထွက်ခွါသွားကြောင်း ဒီသင်္ဘောရဲ့ လှုပ်ရှားမှုကို လိုက်ကြည့်နေတဲ့ Marine Traffic ဝက်ဘ်ဆိုက်ရဲ့ ရေကြောင်းမှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။
သဘာဝ သယံဇာတပေါကြွယ်တဲ့ ဒီတောင်တရုတ်ပင်လယ်ပြင်ရဲ့ နေရာအများစုကို တရုတ်အစိုးရက သူတို့ ပိုင်ဆိုင်ကြောင်း ကြေညာထား သလို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် တိုင်ဝမ်နဲ့ ဗီယက်နမ်တို့က လည်း သူတို့ ပိုင်ဆိုင်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။
တရုတ်က ဗီယက်နမ်ရေပြင်နားမှာ တိုင်းထွာမှုတွေ စလုပ်ခဲ့တဲ့ ဇူလိုင်လ အစောပိုင်းကတည်းကစပြီး တရုတ်နဲ့ ဗီယက်နမ်တို့ကြား တင်းမာမှုတွေ တိုးလာတာ ဖြစ်ပါတယ်။
ဒီသင်္ဘောနဲ့ သူ့ကိုစောင့်ရှောက်နေတဲ့ သင်္ဘောတွေဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးနေတဲ့အတွက် အမြန်ဖယ်ရှားပေးဖို့ ဗီယက်နမ်နိုင်ငံခြားရေးဌာနက တရုတ်ကို ထပ်တလဲလဲ တောင်းဆိုနေတာဖြစ်ပါတယ်။