သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား တောင်တရုတ်ပင်လယ်ကျွန်းအနီး ကန် စစ်သင်္ဘောဖြတ်သန်း


အငြင်းပွား Scarborough သောင်စွယ်ကျောက်တန်းတွေနားက တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့သဘောၤ ကင်းလှည့်နေပုံ (ဧပြီ၊ ၀၆၊ ၂၀၁၇)
အငြင်းပွား Scarborough သောင်စွယ်ကျောက်တန်းတွေနားက တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့သဘောၤ ကင်းလှည့်နေပုံ (ဧပြီ၊ ၀၆၊ ၂၀၁၇)

တရုတ်နဲ့ဖိလစ်ပိုင် ၂ နိုင်ငံ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ Scarborough သောင်စွယ် ကျောက်တန်းတွေနား အမေရိကန်စစ်သင်္ဘောတစီး ဒီကနေ့ ခုတ်မောင်းသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ရေပြင်နယ်နိမိတ်ပိုင်ဆိုင်တယ်လို့ အလွန်အကျူးပြောနေတဲ့ Scarborough ကျောက်တန်းတွေနား ရေမိုင် ၁၂ မိုင်အကွာလောက်အထိကို USS Preble စစ်သင်္ဘော သွားရောက်ခဲ့တယ်လို့ အမှတ် ၇ ရေတပ်မဟာရဲ့ပြောခွင့်ရ တပ်မှူးကြီး Clay Doss ကပြောပါတယ်။

နိုင်ငံတကာ ရေပိုင်နက်ထဲမှာ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီသွားလာခွင့်ရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သွားတာဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်တို့ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပြင်နယ်နိမိတ်တွေမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ အမေရိကန်စစ်သင်္ဘောတွေ သွားရောက်တာ အခုလထဲမှာ အခု ၂ ကြိမ်မြောက်ဖြစ်ပါတယ်။

ပုံမှန် လွတ်လွတ်လပ်လပ် ကင်းလှည့်သွားလာမှုတွေကို အရင်အတိုင်း အပြောင်းအလဲမရှိ ပွင့်လင်းမြင်သာမှုရှိစွာ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson က မေလ ၁၅ ရက်နေ့က စင်္ကာပူမှာလုပ်ခဲ့တဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံမှာ ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG